All for Joomla All for Webmasters
FES/ IndustriALL Global Union on Organizing in the Supply Chain Global Evaluation workshop
အခြေခံ ကွန်ပျူတာသင်တန်း
August 21, 2017
FES/IndsutriALL Global Union Workshop on Promoting Living Wages
August 21, 2017

FES/ IndustriALL Global Union on Organizing in the Supply Chain Global Evaluation workshop

FES/ IndustriALL Global Union on Organizing in the Supply Chain Global Evaluation workshop on 14-15th August 2017 in Myanmar.
Five representations of CTUM/IWFM participated in the workshop. CTUM president Brother Maung Maung addressed the overview of the trade union movement in Myanmar.
ဂျာမန်နိုင်ငံ၏ ဖောင်ဒေးရှင်းတစ်ခုဖြစ်သော FES နှင့် အပြည်ပြည်ဆိုင်ရာ သတ္တုတွင်း၊ ဓာတု၊ ကုန်ထုတ်၊ စက်မှုနှင့်အထွေထွေအလုပ်သမားအဖွဲ့ချုပ်ဖြစ်သော IndsutriALL တို့သည် ကုန်စည်စီးဆင်းမှုအဆင့်ဆင့်တွင် လုပ်ကိုင်နေရသော အလုပ်သမားများ၏ အခြေအနေ၊ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းစည်းရုံးနိုင်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲတစ်ခုကို မြန်မာနိုင်ငံတွင် လာရောက်ပြုလုပ်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲသို့ IndsutriALL ၏ အဖွဲ့ဝင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားအဖွဲ့ချုပ် IWFM ၏ ကိုယ်စားလှယ် (၅) ဦး တက်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ၏ ဥက္ကဌ ဖြစ်သည့် ဦးမောင်မောင်သည် ဆွေးနွေးပွဲ အား ကြိုဆိုနှုတ်ဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ၏ လက်ရှိ အလုပ်သမားသမဂ္ဂ လှုပ်ရှားမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် သြဂုတ်လ (၁၄-၁၅) ၇က်နေ့များတွင် Chatrium ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ၁၆ ခုနှစ် နိုင်ငံမှ အလုပ်သမားအဖွဲ့ချုပ် ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားစံနှုန်း ကျွမ်းကျင်သူများ၊ IndsutriALL မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ခေါင်းဆောင်များ၊ The Organization for Economic Cooperation and Development (OECD) Guide Line စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း၏ လမ်းညွှန်ချက်များကို ကျွမ်းကျင်သူ ကိုယ်စားလှယ်များ၊ ILO ဂျနီဗာရုံးနှင့် မြန်မာနိုင်ငံရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း ကိုယ်စားလှယ် ၄၀ ကျော် တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် အလုပ်သမားအဖွဲ့ချုပ်ကိုယ်စားလှယ်များမှ ဆောင်ရွက်နေသည့် အလုပ်သမားသမဂ္ဂ စည်းရုံးရေးဆိုင်ရာ အခြေအနေများဆွေးနွေးတင်ပြခြင်း၊ IndustriALL နှင့် Brands ကုန်ပစ္စည်းအမှတ်ပိုင်ရှင်များ ချုပ်ဆိုထားသော Global Framework Agreement ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် စာချုပ်များအား ရှင်းလင်းတင်ပြခြင်း၊ အာရှ-ပစိဖိတ်ဒေသအတွင်းရှိ အထည်ချုပ်နှင့် သားရေ ကဏ္ဍဖွံ့ဖြိုးသော နိုင်ငံများတွင် ထိုကဏ္ဍများ၌ အလုပ်လုပ်ကိုင်နေသော အလုပ်သမားများ၏ အခြေအနေများကို ဆွေးနွေးခြင်း၊ ဆက်သွယ်ရေးဆိုင်ရာ နည်းဗျူဟာများ၊ OECD လမ်းညွှန်ချက်များ၊ နိုင်ငံအသီးသီးရှိ လုပ်ငန်းခွင်တွင်ရှိသော လုပ်ငန်းညှိနှိုင်းရေး ကော်မတီများ လုပ်ငန်းလုပ်ဆောင်မှု ပုံစံများအား လေ့လာခြင်း၊ တို့ကို (၂) ရက်တာတွင်း ဆွေးနွေးခဲ့ကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *