All for Joomla All for Webmasters
ILC ဆုံးဖြတ်ချက်များ မြန်မာ – အဓမ္မလုပ်အားခိုင်းစေခြင်းဆိုင်ရာ ကွန်ဗင်းရှင်း၊ ၁၉၃၀ခုနှစ် (အမှတ်-၂၉)
Conclusion, Myanmar, Application of the Forced Labour Convention, 1930 (No.29)
June 20, 2019
2019 June 17. ILO plenary hall. Myanmar Tripartite delegation to the 108th ILC
June 20, 2019

ILC ဆုံးဖြတ်ချက်များ မြန်မာ – အဓမ္မလုပ်အားခိုင်းစေခြင်းဆိုင်ရာ ကွန်ဗင်းရှင်း၊ ၁၉၃၀ခုနှစ် (အမှတ်-၂၉)

၁၀၈ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ၊
ဇွန်လ ၂၀၁၉ခုနှစ်
စံနှုန်းများကျင့်သုံးရေးဆိုင်ရာ ကော်မတီ

ဆုံးဖြတ်ချက်များ
မြန်မာ – အဓမ္မလုပ်အားခိုင်းစေခြင်းဆိုင်ရာ ကွန်ဗင်းရှင်း၊ ၁၉၃၀ခုနှစ် (အမှတ်-၂၉)

ကော်မတီသည် မြန်မာနိုင်ငံ၌ အဓမ္မလုပ်အားခိုင်းစေခြင်းဆိုင်ရာ ကွန်ဗင်းရှင်း၊ ၁၉၃၀ခုနှစ် (အမှတ်-၂၉) ကို ကျင့်သုံးခြင်းနှင့်စပ်လျဉ်း၍ အစိုးရကိုယ်စားလှယ်က နှုတ်ဖြင့် ဝေမျှသော သတင်းအချက်အလက် နှင့် ဆွေးနွေးချက်များအား မှတ်သားထားပါသည်။

အဓမ္မလုပ်အားခိုင်းစေမှု ပပျောက်ရေး ကြိုးပမ်းမှုများဟု အစိုးရက တင်ပြထားသည်တို့ကို ကော်မတီမှ မှတ်သား ထားပါသည်။ ထိုကြိုးပမ်းမှုများကို ကော်မတီက ကြိုဆိုပါသည်။ ယင်းတို့ကို စဉ်ဆက်မပြတ်စေရန် ကော်မတီက တိုက်တွန်းပါသည်။ သို့သော် အဓမ္မလုပ်အားခိုင်းစေမှုကို ကျင့်သုံးမြဲကျင့်သုံးနေသေးသည့်အပေါ် စိုးရိမ်ကြောင်း ကော်မတီက ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

ထိုကိစ္စရပ်အား ဆွေးနွေးထားသည်တို့ကို ထောက်ချင့်ပြီး၊ အစိုးရကို ကော်မတီက တိုက်တွန်းသည်မှာ –
• တပ်မတော် သို့မဟုတ် ပြည်သူ့အာဏာပိုင်များက အဓမ္မလုပ်အားခိုင်းစေခြင်းကို ချမှတ်ကျင့်သုံးခြင်း မရှိတော့ပါကြောင်း လက်တွေ့အားဖြင့် သေချာခိုင်မာစေမည့် လိုအပ်သမျှသော အစီအမံဆောင်ရွက်ချက်များ အားလုံးကို ချမှတ်ဆောင်ရွက်ရန် ။

• ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ (၂၀၁၂ခုနှစ်)နှင့် ပြစ်မှုဆိုင်ရာဥပဒေကို တင်းကျပ်စွာ စည်းနှောင်စေခြင်းဖြင့် အဓမ္မလုပ်အားခိုင်းစေမှု ကျူးလွန်ရာတွင် တာဝန်ရှိသူများကို ထိရောက်စွာ စုံစမ်းစစ် ဆေးရန်၊ အမှုများအားလုံးတွင် ပြစ်မှုနှင့် အချိုးညီသော ပြစ်ဒဏ်ကို ရရှိစေရန်နှင့် ထိုပြစ်ဒဏ်ကို ထမ်းဆောင်စေရန်

• ထိရောက်သော ပြန်လည်ကုစားမှုများနှင့် ဘက်စုံ အထောက်အပံ့အား လက်တုံ့ပြန်ခံရမည်ကို စိုးရွံ့မှု မရှိဘဲ အဓမ္မလုပ်အားခိုင်းစေခံရသူများမှ လက်လှမ်းမီ ရရှိစေရန်။

• အဓမ္မလုပ်အားခိုင်းစေသည့် ဖြစ်ရပ်များကို ဆန့်ကျင်ပြီး ထုတ်ဖော်ပြောကြားသူ သို့မဟုတ် သတင်းပေးတိုင်ကြားသူတို့အပေါ် မည်သည့် အပြစ်ပေးအရေးမှုမျိုးကိုမဆို ချမှတ်ခြင်းမှ ရှောင်ကျဉ်ရန်
• အဓမ္မလုပ်အားခိုင်းစေမှုအား အသုံးပြုခြင်းကို တားမြစ်ရန် ပြည်သူလူထုနှင့် အုပ်ချုပ်ရေး အာဏာပိုင်များ အတွက် အသိအမြင်ဖွင့်ခြင်းနှင့် စွမ်းရည်တည်ဆောက်ခြင်း လုပ်ငန်းစဉ်များအား ပိုမိုတိုးမြင့် ထင်သာမြင်သာရှိစေရန်

• သင့်တော်ကောင်းမွန်သော အလုပ်အကိုင် ဆိုင်ရာ ဌာနေအစီအစဉ် (Decent Work Country Program) မှ တိုးတက်ဖြစ်ထွန်းမှုအပေါ် သတင်း အချက်အလက်အသေးစိတ် ဝေမျှပေးရန်နှင့်

• တိုင်ကြားမှုများအား ကိုင်တွယ်ဖြေရှင်းရေးဆိုင်ရာ ထိရောက်သော လုပ်ထုံးလုပ်နည်းတစ်ရပ်ကို ထူထောင်ခြင်းနှင့် အသွင်ကူးပြောင်းခြင်းအတွက် အချိန်ကာလပိုင်းခြားသတ်မှတ်ထားသည့် လုပ်ငန်းအစီအမံ တစ်ရပ်ကို ဖော်ဆောင်ခြင်းမှတဆင့် ILO နှင့် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြင့်တင်ရန်

ဤကိစ္စနှင့်စပ်လျဉ်းပြီး ဤအကြံပြုတိုက်တွန်းချက်များကို ဆောင်ရွက်ရာတွင် အစိုးရကိုယ်တိုင် ILO နည်းပညာ အကူအညီများကို အသုံးချပါရန် ကော်မတီက အစိုးရကို တိုက်တွန်းပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *