All for Joomla All for Webmasters
ILO briefing to Myanmar Parliamentarians.
CTUM-LO/FTF Council Partnership Workshop.
March 29, 2018
2018 Peasants’ Day Event
March 29, 2018

ILO briefing to Myanmar Parliamentarians.

ILO Briefing to the Myanmar Parliamentarians on the Role of the Legislature in the Application of International Labour standards and the Comments of the ILO’s Bodies
အပြည်ပြည်ဆိုင်ရာ အလုပ်သမားစံနှုန်းများ ကျင့်သုံးရာတွင် မြန်မာနိုင်ငံ လွှတ်တော် အမတ်များ၏ အခန်းကဏ္ဍ အား ဆွေးနွေးပေးခြင်း နှင့် ILO ကြီးကြပ်မှု ကော်မတီ ၏ မှတ်ချက်များ
Park Royal Hotel Nay Pyi Taw
27 February 2018

ဖော်ပြပါ အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM မှ အလုပ်သမား ကိုယ်စားလှယ်များ၊ MICS မှ အလုပ်သမားကိုယ်စားလှယ်များ၊ ILO တာဝန်ရှိသူများ၊ တက်ရောက်ကြပါသည်။

ဆွေးနွေးပွဲတွင် ILO Senior Adviser with the International Labour Standards Department (Normes), International Labour Office (Geneva, Switzerland) ILO မှ အလုပ်သမားစံနှုန်းများ ဌာနမှ ကျွမ်းကျင်သူ Mr.Tim De Meyer မှ ဦးဆောင် ဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးရာတွင် ILO ၏ အပြည်ပြည်ဆိုင်ရာ စံနှုန်းများကို မိတ်ဆက်ခြင်း၊ ILO စံနှုန်းများသည် မည်သည့်အတွက်ကြောင့် အရေးကြီးသည်။ ILO အနေဖြင့် မည်သို့ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။ ဥပဒေပြုသူများ ပြည်ထောင်စုလွှတ်တော်၏ အခန်းကဏ္ဍ၊ ILO စံနှုန်းများ ကြီးကြပ်ရေးကော်မတီအနေဖြင့် အလေးထား မှတ်ချက် ပေးလိုသည့် ပြဌာန်းချက်များအား ရှင်းပြခြင်း၊ မြန်မာနိုင်ငံ အလုပ်သမားဥပဒေများ ပြင်ဆင်ခြင်း လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ သက်ရောက်မှုများအား အသိအမှတ်ပြုပြောကြားခြင်းနှင့် စုပေါင်းညှိနှိုင်း ဆွေးနွေးမှုCBA လုပ်ဆောင်နိုင်ရန်အတွက် မူဘောင်ချမှတ်ဆောင်ရွက်လုပ်ဆောင်ရန် အချက်ကို ပိုမိုလုပ်ဆောင်ရန် လိုအပ်သည့်လုပ်ငန်းအနေဖြင့် ဆွေးနွေးပေးခဲ့ပါသည်။
ထို့နောက် ILO ၏ အဓိက အခြေခံပြဌာန်းချက်များ ဖြစ်သည့် လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့် (Freedom of Association Con-87) ၊ စုပေါင်းညှိနှိုင်းတောင်းဆိုခွင့်နှင့် စည်းရုံးပိုင်ခွင့် (Right to Collective Bargaining and Protection of the Right to Organize C. 98) ၊ တူညီသော လုပ်ခလစာ (Equal Remuneration C. 100)၊ လုပ်ငန်းခွင်တွင်း အခွင့်အရေးတန်းတူညီမျှဖြစ်ခြင်း Equality at Work C. 111 ၊ အဓမ္မလုပ်အားခိုင်းစေခြင်း (Forced Labour C. 29)၊ အဓမ္မလုပ်အားစေခိုင်းခြင်း ပပျောက်စေရန် ပြဌာန်းချက် (To be urgently abolished C. 105)၊ အလုပ်လုပ်နိုင်သော အငယ်ဆုံး အသက်အရွယ် (Minimum Age System C. 138)၊ ကလေးအလုပ်သမားများအား အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်း (Priority for Worst Forms C. 182) ၊ တို့ကို အကျယ်တ၀င့် ရှင်းလင်းတင်ပြခဲ့ပါသည်။

တက်ရောက်သူများမှ မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ပါသည်။

CTUM မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီများ ဖြစ်သော ဒေါ်ဖြိုးစန္ဒာစိုး၊ ဒေါ်ခိုင်ဇာအောင်၊ နှင့် CTUM ဥပဒေပညာရှင် ဒေါ်အိန္ဒြာကြည်တင်တို့ တက်ရောက်ခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *