All for Joomla All for Webmasters
IWFMသို့ အကူအညီတောင်းစာ
IWFMသို့ အကူအညီတောင်းစာ
May 17, 2020
BWI International Women Committee
May 18, 2020

IWFMသို့ အကူအညီတောင်းစာ

လှိုင်သာယာ မြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်ရှိ AMG 1 အထည်ချုပ်စက်ရုံတွင် လစာပြည့်ခွင့် ယူထားသည့် အလုပ်သမားအချို့၏ ခွင့်လစာအား မေလ ၂ရက်နေ့ နောက်ပိုင်းမှ အလုပ်လာဆင်းသည့် အလုပ်သမားများအား မပေးသည့် အတွက် အလုပ်သမားအဖွဲ့အစည်းမှ အလုပ်ရှင်အား ဆွေနွေးလျက်ရှိပါသည်။ အလုပ်ရှင်မှ အလုပ်သမားများ၏ ဧပြီလ ခွင့်လစာအား မေလ ကုန် လစာတွင် ထည့်သွင်းပေးမည်ဟု ဆိုပါသည်။ ထိုကိစ္စအား IWFM အလုပ်သမားအဖွဲ့ချုပ် အဖွဲ့ဝင် AMG 1 သမဂ္ဂမှ အကူအညီတောင်းခံစာ ပေးပို့လာပါသည်။
အလုပ်မှထုတ်ပယ်ထားခြင်း မရှိသည့် အလုပ်သမား၏ ရထိုက်သည့် ဧပြီလ လစာအား မည်သည့် အကြောင်းဖြင့်မဆို လကုန် လစာ ထုတ်ရက်တွင် ထည့်သွင်းပေးရပါမည်။ မေလတွင်း အလုပ်မဆင်းသည့် ဖြတ်တောက်ရမည့် ကိစ္စအား မေလအကုန်တွင် ဆောင်ရွက်ရပါမည်။
အလုပ်သမားများ လုပ်ခလစာလျော့နည်း၍ အခက်အခဲဖြစ်နေသည့်ကာလတွင် အလုပ်ရှင်များမှ အလုပ်သမားအခွင့်အရေးများ ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်နေခြင်းသည် မလိုလားအပ်သည့် ပြသနာများကို ဖိတ်ခေါ်သလို ဖြစ်စေနိုင်ပါသည်။ စက်ရုံ တာဝန်ရှိများအနေဖြင့် ဥပဒေ လုပ်ထုံးလုပ်နည်းများကို လိုက်နာ ဆောင်ရွက် ကြရန် လိုအပ်ပါသည်။
IWFM အဖွဲ့ချုပ်အနေဖြင့် အလုပ်သမားများ လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်တောင်းဆိုမှု မဖြစ်စေရန်ကြိုးစား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသလို အလုပ်ရှင် အဖွဲ့ချုပ်များမှလည်း စက်ရုံ များအပေါ် စောင့်ကြည့်ခြင်း ကြပ်မတ်ခြင်းတို့ လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။
သို့မှသာ တည်ငြိမ်သော လုပ်ငန်းခွင်ကို ထိန်းသိမ်းထားနိုင်မည် ဖြစ်ပြီး နိုင်ငံခြား ရင်းနှိးမြှပ်နှံသူများကိုလည်း စွဲဆောင်နိုင်မည် ဖြစ်ပါသည်။

ခိုင်ဇာအောင်
ဥက္ကဋ္ဌ
မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှု လက်မှု အဖွဲ့ချုပ် IWFM

Leave a Reply

Your email address will not be published. Required fields are marked *