industrial Workers’ Federation of Myanmar (IWFM) and Fagligt Faelles Forbund (3F) signed MOU on the project: MYPOD: Improved Productivity, Occupational Health and Safety (OHS) and Social Dialogue in the Myanmar Garment Industry. (31-July-2018)
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၏ အဖွဲ့ဝင် လုပ်ငန်းကဏ္ဍအဖွဲ့ချုပ်တစ်ခုဖြစ်သော မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် IWFM နှင့် ဒိန်းမတ်နိုင်ငံ 3F- Fagligt Faelles Forbund အဖွဲ့ တို့သည် အထည်ချုပ်လုပ်ငန်း ကဏ္ဍတွင် အောက်ပါ ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်သွားကြရန် နှစ်ဖက် နာလည်မှု စာချွန်လွှာ (MOU) ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့တွင် CTUM ရုံး၌ လက်မှတ်ရေးထိုးခဲ့ကြပါသည်။
– ကုန်ထုတ်စွမ်းအားဖွံ့ဖြိုးတိုးတက်ရန်( Improved Productivity)
– လုပ်ငန်းခွင်ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေး ( OSH)
– လုပ်ငန်းခွင်တွင် ညှိနှိုင်းဆွေးနွေးမှု လုပ်ငန်းစဉ် (Social Dialogue)
နားလည်မှု စာချွန်လွှာ အား ဒိန်းမတ်နိုင်ငံ 3F- Fagligt Faelles Forbund အဖွဲ့ မှ အာရှဒေသစီမံချက် တာဝန်ခံ Glen Swanson နှင့် IWFM မှ ဥက္ကဌ ဒေါ်ခိုင်ဇာအောင်တို့မှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။
ထိုစာချွန်လွှာ အရ ဒိန်းမတ်နိုင်ငံမှ အစိုးရ၊ အလုပ်ရှင် (Brand) နှင့် 3F တို့ ပူးပေါင်းဆောင်ရွက်သည့် MYPOD စီမံချက်၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းကဏ္ဍတွင် ကုန်ထုတ်စွမ်းအားဖွံ့ဖြိုးတိုးတက်ရန်၊ လုပ်ငန်းခွင်ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် လုပ်ငန်းခွင်တွင် ညှိနှိုင်းဆွေးနွေးမှု တိုးတက်စေရေး စီမံချက် (MYPOD: Improved Productivity, Occupational Health and Safety (OHS) and Social Dialogue in Myanmar Garment Indsutry) တွင် IWFM မှ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။ စီမံချက်တွင် ပါဝင်မည့် စက်ရုံများရှိ အလုပ်သမားအဖွဲ့အစည်းများ၊ နှင့် အလုပ်ရှင်များကြား ဆက်ဆံရေး တိုးတက်စေရေး၊ စီမံချက်တွင် ပြုလုပ်မည့် သင်တန်းများ၊ ဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ အလုပ်သမား အဖွဲ့အစည်းများအား စီမံချက်အတွင်း သက်ဆိုင်သည့် နည်းပညာပိုင်းဆိုင်ရာနှင့် လက်တွေ့ဆောင်ရွက်မှုပိုင်းတွင် ကူညီလမ်းညွှန်ခြင်းတို့တွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
စီမံချက်သည် နှစ်နှစ် စီမံချက်ဖြစ်ပါသည်။