All for Joomla All for Webmasters
JILAF Symposium on Preventive Measures Against Labour Conflicts in Multinational Enterprises in Asia.
၂၀၁၈ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် လှုပ်ရှားမှုများ
October 1, 2018
Myanmar ILO and major garment trade unions sign agreement to promote social dialogue
October 16, 2018

JILAF Symposium on Preventive Measures Against Labour Conflicts in Multinational Enterprises in Asia.

JILAF Symposium on Preventive Measures Against Labour Conflicts in Multinational Enterprises in Asia. (8th Aug, 2018)

Trade Union representatives from Myanmar and Cambodia share countries experiences on Industrial Relations situation and preventing Industrial disputes in Japan on 8th of August, 2018. The JILAF (Japanese International Labour Foundation) invited one worker representative from CTUM (The Confederation of Trade Unions Myanmar) and one employer representative from UMFCCI ( The Union of Myanmar Federation of Commerce and Industry) to the Syposium in Tokyo, Japan.

Daw Khaing Zar Aung, a member of Central Executive Committee as well as the President of Industrial Workers’ Federation of Myanmar attended the symposium and shared about Current Labour Situation in Myanmar including Minimum Wage, causes of labour conflicts, dispute settlement mechanism in Myanmar, types of disputes and strikes, challenges for unions and preventive measures of CTUM against labour conflicts and CTUM expectation from Japanese government and Japanese multinational enterprises in terms of preventive measures against labour conflicts.

Ms. Pisey Chuonmomthol, Assistant to President (In charge of International Affairs), Cambodian Confederation of Trade Unions (CCTU), ITUC-Cambodia Council (ITUC-CC) and Ms. Khaing Khaing Nwe, Secretary General, Myanmar Garment Manufacturers Association (MGMA) / Joint Secretary General
Union of Myanmar Federation of Chambers of Commerce and Industry (UMFCCI) also shared their experiences in countries.

Japanese government representatives, Japanese employers representatives and Japanese trade unions’ representatives attended the symposium. After presentations by the Cambodia and Myanmar representatives, continued the discussion. Participants from Japan also shared their experiences and raised questions to speakers.
Associate Professor. Yoshihisa Saito, Facilitated the discussion.

The event started 1:00 PM and closed by 5:00 PM with the closing remark of Mr. Masayuki Shiota, Executive Director, JILAF.

JILAF မှ ဖိတ်ကြားသည့် အာရှဒေသအတွင်း အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှပ်နှံသူ ကုမ္ပဏီများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများအား ကာကွယ်ခြင်းကို တိုင်းတာမှု ဆိုင်ရာ ဆွေးနွေးပွဲ (၂၀၁၈ ခုနှစ် သြဂုတ်လ (၈) ရက်)
၂၀၁၈ ခုနှစ် သြဂုတ်လ (၈) ရက် နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်သည့် အာရှဒေသအတွင်း အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှပ်နှံသူ ကုမ္ပဏီများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများအား ကာကွယ်ခြင်းကို တိုင်းတာမှု ဆိုင်ရာ ဆွေးနွေးပွဲ သို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM မှ အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ် (၁) ဦး၊ မြန်မာနိုင်ငံ ကုန်သည် စက်မှု အသင်းချုပ် (UMFCCI) မှ အလုပ်ရှင် ကိုယ်စားလှယ် (၁) ဦး၊ ကဗ္ဘောဒီးယားနိုင်ငံမှ အလုပ်သမားကိုယ်စားလှယ် (၁) ဦး ကို JILAF မှ ဖိတ်ကြားခဲ့ပါသည်။
CTUM ကိုယ်စားပြု၍ CTUM ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ၊ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ၏ ဥက္ကဌ ဖြစ်သည့် ဒေါ်ခိုင်ဇာအောင်မှ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မြန်မာနှင့် ကမ္ဘောဒီးယား တို့ ကိုယ်စားလှယ်များသည် သက်ဆိုင်ရာ နိုင်ငံများ၏ အလုပ်ရှင် အလုပ်သမား ဆက်ဆံရေး အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ CTUM အလုပ်သမားကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံ ၏ အနည်းဆုံး အခကြေးငွေဆိုင်ရာကိစ္စ၊ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုများ ဖြစ်ပွားရသည့် အကြောင်းရင်းများ၊ မြန်မာနိုင်ငံ၏ အငြင်းပွားမှု ဖြေရှင်းရေး လုပ်ငန်းစဉ်၊ အငြင်းပွားမှုများနှင့် သပိတ်မှောက်မှု ပုံစံများ၊ အလုပ်သမားသမဂ္ဂများ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ ဖြစ်ပွားနေသည့် အလုပ်ရှင်အလုပ်သမား ပဋိပက္ခများကို CTUM မှ ဖြေရှင်းဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်များ၊ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လုပ်ဆောင်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ အလုပ်သမားပဋိပက္ခများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရာတွင် ဂျပန်နိုင်ငံ အစိုးရ၊ အလုပ်ရှင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်စေလိုသည့် အချက်များကိုလည်း တင်ပြခဲ့ပါသည်။
မြန်မာနိုင်ငံ အလုပ်ရှင်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်နွယ်၊ နှင့် ကဗ္ဘော ဒီးယားနိုင်ငံမှ အလုပ်သမားကိုယ်စားလှယ် Ms. Pisey Chuonmonthol တို့မှလည်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။
ထို့နောက် AEON ကုမ္ပဏီမှ ၄င်းကုမ္ပဏီ ၏ မူဝါဒများနှင့် လုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆွေးနွေးပွဲသို့ ဂျပန်နိုင်ငံမှ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။ မြန်မာနှင့် ကဗ္ဘောဒီယား ကိုယ်စားလှယ်များမှ တင်ပြပြီးသည့် နောက်တွင် တက်ရောက်လာသူများမှ ၄င်းတို့၏ အတွေ့အကြုံများ၊ စက်ရုံတွင် စီမံခန့်ခွဲဆောင်ရွက်နေမှုများကို ဆွေးနွေးဖလှယ်ကြပါသည်။ မြန်မာနှင့် ကဗ္ဘောဒီးယား ကိုယ်စားလှယ်များကိုလည်း ၄င်းတို့ သိရှိလိုသည့် အချက်များကို မေးမြန်းခဲ့ကြပါသည်။
ဆွေးနွေးပွဲအား နေ့လည် (၁) နာရီတွင် ကျင်းပခဲ့ပြီး ညနေ (၅) နာရီတွင် JILAF ၏ အမှုဆောင် အရာရှိတစ်ဦးဖြစ်သူ Mr. Masayuki Shiota မှ နိဂုံးချုပ် အမှာ စကားပြောကြား၍ ပြီးဆုံးခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *