LO/FTF Council Advisory Committee officials met with CTUM officials on 2017 Oct 25. Discussed labout market situation and organizational development. LO/FTF council has been helping on developing of CTUM educators as well as organizational structure.
CTUM always thanks to LO/FTF for solidarity support.
ဒိန်းမတ်နိုင်ငံမှ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များ ဖြစ်ကြသည့် LO နှင့် FTF ပေါင်းစည်း၍ ဖွဲ့စည်းထားသော LO/FTF Council မှ တာဝန်ရှိ ပုဂ္ဂိုလ်များသည် ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၂၄-၂၅) ရက်နေ့များတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဦးဆောင်သူများနှင့် တွေ့ဆုံခဲ့ပါသည်။ ဆွေးနွေးပွဲတွင် အလုပ်သမားဈေးကွက် အခြေအနေများ၊ လုပ်ငန်းခွင်ဆက်ဆံရေးအခြေအနေ၊ ဥပဒေပြင်ဆင်ရေးအခြေအနေများ၊ အဖွဲ့အစည်းဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှု အခြေအနေများ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ LO/FTF Council သည် FTUB/FTUM/ CTUM ၏ အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုများကို သမဂ္ဂ သွေးစည်းညီညွတ်မှုဖြင့် ပံ့ပိုးကူညီမှုလျက်ရှိသော အဖွဲ့အစည်းဖြစ်သည်။ CTUM ၏ အနာဂတ် သင်တန်းဆရာများ မွေးထုတ်ခြင်းစီမံချက်၊ အဖွဲ့အစည်းတိုးတက်ဖြစ်ထွန်းမှုဆိုင်ရာ လုပ်ငန်းများတွင် ကူညီပံ့ပိုးလျက်ရှိပါသည်။