All for Joomla All for Webmasters
MacDoစက်ရုံအလုပ်ရှင်နှင့်CTUMသည် ကောင်းမွန်သောအလုပ်ရှင်-အလုပ်သမားဆက်ဆံရေးရရှိစေရန် တွေ့ဆုံဆွေးနွေးခြင်း။
လူမှုစီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခြင်း
October 27, 2016
2016 Oct 31 Discussion on Labour laws
October 31, 2016

MacDoစက်ရုံအလုပ်ရှင်နှင့်CTUMသည် ကောင်းမွန်သောအလုပ်ရှင်-အလုပ်သမားဆက်ဆံရေးရရှိစေရန် တွေ့ဆုံဆွေးနွေးခြင်း။

MacDoစက်ရုံအလုပ်ရှင်နှင့်CTUMသည် ကောင်းမွန်သောအလုပ်ရှင်-အလုပ်သမားဆက်ဆံရေးရရှိစေရန် တွေ့ဆုံဆွေးနွေးခြင်း။

(၂၀၁၆ခုနှစ်၊ အောက်တိုဘာလ၊ ၂၇ရက်နေ့၊ CTUM တာမွေရုံး)

ကောင်းမွန်သော လုပ်ငန်းခွင်ဖြစ်ပေါ်လာရေးနှင့် အလုပ်ရှင်-အလုပ်သမားဆက်ဆံရေးကောင်းမွန်လာစေရန်အတွက် ဆံပင်တုထုတ်လုပ်သည့် MacDoစက်ရုံအလုပ်ရှင် Mr. Kwak In Gyu (ကိုရီးယားလူမျိုး)၊ စက်ရုံရှိ တာဝန်ခံများ၊ အလုပ်သမားများသည် CTUM တာမွေရုံးတွင် CTUM ဥက္ကဋ္ဌ ဦးမောင်မောင်၊ ဘဏ္ဍာရေးမှူး ဒေါ်ခိုင်ဇာအောင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

MacDoစက်ရုံအလုပ်ရှင် Mr. Kwak In Gyu သည် လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ အလုပ်သမားနှင့်ကောင်းမွန်သော ယုံကြည်မှုတည်ဆောက်ရန်၊ ရင်းနှီးမြှပ်နှံမှုအကြောင်းအရာများကိုဆွေးနွေးခဲ့သည်။

၎င်းအနေဖြင့် အလုပ်သမားထုများကို ကိုယ်စားပြုဆောင်ရွက်နေသည့် CTUM နှင့် ပူးပေါင်းကာ ကောင်းမွန်သောအလုပ်ရှင်-အလုပ်သမားဆက်ဆံရေးတွင် စံနမူနာထားနိုင်လောက်သည့်စက်ရုံအဖြစ် ကြိုးစားသွားမည် ဖြစ်ကြောင်းနှင့်ကုန်ထုတ်စွမ်းအားမြှင့်မားစေရန်အတွက် ဆွေးနွေးပြောကြားခဲ့ပါသည်။

CTUM ဥက္ကဋ္ဌဦးမောင်မောင်မှ အလုပ်ရှင်များမှ ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ရှိကြောင်း၊ အမြဲကြိုဆိုလျက်ရှိကြောင်း၊ အလုပ်ရှင်-အလုပ်သမားဆက်ဆံရေးကောင်းမွန်လာရန်အတွက်အလုပ်သမားသမဂ္ဂများကို စနစ်တကျ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်းနှင့် CTUM အဖွဲ့ချုပ်၏ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ အလုပ်သမားများအား လုပ်ငန်းခွင်ဆိုင်ရာစွမ်းအင်မြှင့်သင်တန်းများ ပူးပေါင်းဆောင်ရွက်ရန်နှင့် အလုပ်ရှင်-အလုပ်သမားကြားတွင် အပြုသဘောဆောင်သောဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ကာ အခက်အခဲများ လက်တွဲဖြေရှင်းရန်တို့ကို ဆက်လက်ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM အနေဖြင့် သုံးပွင့်ဆိုင်ဆွေးနွေးမှုများသာမက အလုပ်ရှင်-အလုပ်သမား ပူးပေါင်းဆွေးနွေးညှိနှိုင်းမှုများကို ပြုလုပ်၍ လက်တွဲဆောင်ရွက်မည် ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့ကြသည်။

img_9994 3 2 1

Leave a Reply

Your email address will not be published. Required fields are marked *