All for Joomla All for Webmasters
Meeting with Garment Township Level and giving computer in Hlaingtharyar Township
Donation Computer to CTUM
July 29, 2017
Tripartite meeting on Employment Contract
July 29, 2017

Meeting with Garment Township Level and giving computer in Hlaingtharyar Township

လှိုင်သာယာမြို့နယ်ရှိ မြို့နယ်အဆင့်မှတ်ပုံတင်ရရှိပြီးဖြစ်သော အထည်ချုပ်အလုပ်သမားအဖွဲ့အစည်းအား ကွန်ပျူတာပေးအပ်ခြင်း နှင့် စက်ရုံအတွင်းရှိ အလုပ်ရှင်များနှင့် သမဂ္ဂခေါင်းဆောင်များ၏ ဆက်ဆံရေးအခြေအနေများအား ဆွေးနွေးခြင်း။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(၂၉)ရက်
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)အဖွဲ့ဝင်သမဂ္ဂများဖြစ်သည့် ဒင်းနစ်အလုပ်သမားသမဂ္ဂအဖွဲ့မှ ရှေ့တောင်အာရှ ပရိုဂရမ် ဆက်စပ်ညှိနှိုင်းရေးတာဝန်ခံ Mr. STEN TOFT PETERSEN နှင့် နယူးယောက်ပြည်နယ်၊ ကော်နယ်တက္ကသိုလ် စက်မှုအလုပ်သမားဆက်ဆံရေးကျောင်းမှ Ph D ကျောင်းသူ Ms.Jimyoung Park တို့မှ လှိုင်သာယာမြို့နယ် အတွင်း မြို့နယ် အဆင့်ရှိသော အထည်ချုပ်အလုပ်သမားသမဂ္ဂခေါင်းဆောင်များနှင့် တွေ့ဆုံ၍ စက်ရုံအတွင်းရှိ အလုပ်ရှင်များနှင့် သမဂ္ဂခေါင်းဆောင်များ၏ ဆက်ဆံရေးအခြေအနေများအား ဆွေးနွေးကြသည်။ ထို့ပြင် စက်ရုံအတွင်း အငြင်းပွားမှုများဖြစ်ပွား သည့်အခြေအနေများတွင် မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဆင့်တွင် အောင်မြင်မှုရှိသည့်အခြေအနေများ၊ ခုံသမာဓိအဖွဲ့ နှင့် ခုံကောင်စီသို့ရောက်ရှိပုံ အဆင့်ဆင့်တို့အား ဆွေးနွေးတင်ပြကြပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)မှလည်း လှိုင်သာယာမြို့နယ်အတွင်း မြို့နယ်အဆင့်ရှိသော အထည်ချုပ်အလုပ်သမားအဖွဲ့အစည်းသို့ ရုံးလုပ်ငန်းနှင့် သမဂ္ဂလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းများမှ လှူဒါန်းရရှိထားသည့် ကွန်ပျူတာ(၂)လုံး ပေးအပ်ခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *