နိုင်ငံစုံအခြေစိုက်စီးပွားရေးလုပ်ငန်းများအတွက် စည်းမျဉ်းများနှင့် လူမူဘဝမူဝါဒဆို်င်ရာ သုံးအုပ်စုစုံညီကြေညာစာတမ်း MNEs ဆရာဖြစ်သင်တန်း (၂၀၂ဝခုနှစ်၊ မတ်လ၊ (၆-၈)ရက်၊
၂၀၂ဝခုနှစ်၊ မတ်လ၊ (၈)ရက်နေ့၌ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရန်ကုန်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်- CTUM ပူးပေါင်း၍ နိုင်ငံစုံအခြေစိုက်စီးပွားရေးလုပ်ငန်းများအတွက် စည်းမျဉ်းများနှင့် လူမူဘဝမူဝါဒဆို်င်ရာ သုံးအုပ်စုစုံညီကြေညာစာတမ်း MNE ကိုပြန်လည် သင်ကြားနိုင်ရန်အတွက်ဆရာဖြစ်သင်တန်းကို ရန်ကုန်တိုင်းဒေသကြီးရှိ အရှေ့ဒဂုံမြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။ သင်တန်းပထမရက်ကို ILO ရန်ကုန်ရုံးတွင် ပြုလုပ်ခဲ့ပါသည်။
ILO ရန်ကုန်ရုံး MNEs ပို့ချမှုတာဝန်ခံ ဒေါ်အောင်စုရည်မှ ဦးဆောင်ဆွေးနွေးခဲ့ပါသည်။ တတ်ရောက်သူ ကျား(၁၄)ဦး၊ မ(၅)ဦး ရှိပါသည်။