All for Joomla All for Webmasters
Myanmar Minimum Wage Policy Setting Review meeting
(CTUM) ၏ ဒုတိယအကြိမ် ညီလာခံ၏ သတင်းထုတ်ပြန်ကြေညာချက်
November 30, 2019
CTUM Myanmar
Confederation of Trade Unions Myanmar
December 3, 2019

Myanmar Minimum Wage Policy Setting Review meeting

Myanmar Minimum Wage Policy Setting Review meeting (1-Dec-201)
မြန်မာနိုင်ငံ အနည်းဆုံး အခကြေးငွေမူဝါဒဆိုင်ရာ ပြန်လည် သုံးသပ်ခြင်း အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ အမျိုးသားအဆင့်အနည်းဆုံး အခကြေးငွေ ကော်မတီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပြီး Apheda ၊ FNV နှင့် အင်ဒိုနီးရှားမှ အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အတွေ့အကြုံ ရှိသူ တို့မှ လည်းတက်ရောက်၍ မျှဝေခဲ့ကြပါသည်။ အနည်းဆုံး အခကြေးငွေ အမျိုးသားအဆင့် ကော်မတီတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM မှ ကိုယ်စားလှယ်များဖြစ်သည့် ဦးဝင်းဇော်နှင့် ဒေါ်ခိုင်ဇာအောင်တို့ သည် အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
ထို့ပြင် အခြား အလုပ်သမားအရေး လှုပ်ရှားသူ အချို့လည်း တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင်
အနည်းဆုံးအခကြေးငွေ တိုးမြှင့်သတ်မှတ်လိုက်ရင် ဘယ်လို အခက်အခဲတွေ ဖြစ်နိုင်လဲ။ ဘယ်လို ကောင်းကျိုးတွေ ဖြစ်နိုင်လဲ။ အနည်းဆုံး အခကြေးငွေကို သတ်မှတ်တဲ့အခါမှာ သုတွေသန လုပ်တာတွေကို ဘယ်လို လုပ်သင့်လဲ။ ဘယ်အချက်တွေကို ထည့်သွင်းဆွေးနွေးသင့်လဲ။ အနည်းဆုံးအခကြေးငွေ တိုးပြီးနောက် ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများကို မည်သို့ ထိန်းကျောင်းမလဲ။ အနည်းဆုံးအခကြေးငွေကို ယခုနှစ်နှစ်တစ်ကြိမ် ပြန်လည် သုံးသပ်ပြင်ဆင်ရန် ဥပဒေတွင် ပြဌာန်းထားသော်လည်း လိုအပ်သည့်အချိန်မှ ပြောင်းလဲ သတ်မှတ်မလား၊ ဖွင့်ထးမလား၊ ဒီအတိုင်း ဆက်ထားမလား၊ အနည်းဆုံးအခကြေးငွေကို ဘယ်လို သတ်မှတ်သင့်သလဲ။ တနိုင်ငံလုံး အတိုင်းအတာလား၊ ကဏ္ဍအလိုက် သတ်မှတ်ချင်လား၊ နယ်မြေအလိုက်သတ်မှတ်ချင်လား၊ ။ ဆိုးကျိုး၊ ကောင်းကျိုးတွေက ဘာတွေလဲ။ အနည်းဆုံးအခကြေးငွေ သတ်မှတ်ခြင်းသည် လုပ်ငန်းခွင့် ဆက်ဆံရေး Industrial relation ကို အထောက်အပံ့ ဖြစ်စေလား၊ ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။ ကုန်ထုတ်လုပ်ငန်းစွမ်းဆိုင်ရာ ကိစ္စ၊ မဖွံ့ဖြိုးသည့် နယ်မြေများတွင် လူပ်ငန်းများ တည်ထောင်၍ အလုပ်သမားများ၏ အလုပ်အကိုင် အခွင့်အရေး ဖော်ထုတ်ခြင်းနှင့် အနည်းဆုံးအခေကြေးငွေ ပေးချေရေး အခက်အခဲ များ စသည်များကို ဆွေးနွေးခဲ့ကြပါသည်။

#CTUM

Leave a Reply

Your email address will not be published. Required fields are marked *