All for Joomla All for Webmasters
National Workshop on Living Wage and Industry Bargaining
“Designing and lmplementing Effective Wage Policies”
October 16, 2018
မြန် မာ့ရေနံနှင့်ရေနံမြေအလုပ်သမားတို့၏ အနာဂါတ်”
October 16, 2018

National Workshop on Living Wage and Industry Bargaining

National Workshop on Living Wage and Industry Bargaining (20-21 Aug, 2018) by IndustriALL and ACT for IWFM members from Garment Sector.

နေထိုင်စားသောက်မှုအတွက် လုံလောက်တဲ့ လုပ်ခလစာ နှင့် လုပ်ငန်းကဏ္ဍအဆင့်တွင် ညှိနှိုင်းသဘောတူခြင်း ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် IWFM ၏ အထည်ချုပ်ကဏ္ဍမှ ဦးဆောင်သူများအတွက် အမျိုးသားအဆင့် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲကို ၂၀။ ၂၁ ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၀-၂၁ ရက်နေ့များတွင် ရန်ကုန်မြို့ Green Hill ဟိုတယ်တွင် ပြုလုပ်ခဲ့ပါသည်။ ရန်ကုန်တိုင်း။ မန္တလေးတိုင်း။ ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့ရှိ အထည်ချုပ် စက်ရုံ အလုပ်သမားအဖွဲ့အစည်း ( ၁၄ )ဖွဲ့ မှ စုစုပေါင်း ၂၅ ဦးတက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် နေထိုင်မှုအတွက် လုံလောက်သည့် လုပ်ခလစာ၏အဓိပ္ပါယ်။ ရရှိနိုင်သည့်နည်းလမ်းများ။ Brand ပစ္စည်းဝယ်ယူသူများ၏ ကတိကဝတ်များ။ Brands များ၏ ပစ္စည်းဝယ်ယူမှု Purchasing practice ၏ မမှန်ကန်သည့် စနစ်များကြောင့် စက်ရုံအလုပ်ရှင်နှင့် အလုပ်သမားတို့အား ဆိုးကျိုးထိခိုက်မှုများ။ ကောင်းမွန်သည့် ဝယ်ယူသည့်စနစ် အလေ့အထများမှ ရရှိနိုင်သည့် အကျိုးကျေးဇူးများ။ Brandsများမှ ကတိပြုထားသည့်အတိုင်း ဖြစ်စေရန်အတွက် အသုံးပြုနိုင်သည့် ယန္တရား စနစ်များ။ လုပ်ငန်းကဏ္ဍအလိုက် စုပေါင်းညှိနှိုင်းစာချုပ်ချုပ်ဆိုနိုင်ခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများ ရရှိခံစားနိုင်မည့် အကျိုးကျေးဇူးများကို ဆွေးနွေးခဲ့ကြပါသည်။

ထိုဆွေးနွေးပွဲတွင် ဦးဆောင်ပို့ချသူများမှာ အပြည်ပြည်ဆိုင်ရာ စက်မှု့ကုန်ထုတ်။ ဓာတု။ သတ္တုနှင့်အထွေထွေအလုပ်သမားများအဖွဲ့ချုပ် IndistriALL နှင့် ACT (IndistriALL နှင့် Brands များ ပူးပေါင်းဆောင်ရွက်မှု) တို့မှ ကျွမ်းကျင်သူများ ဖြစ်ပါသည်။ ဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် FES မှ ကူညီပံ့ပိုးပေးပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *