All for Joomla All for Webmasters
Occupational Safety and Health Awareness Training In Magwe
အလုပ်သမားများ တွေ့ကြုံရင်ဆိုင်နေရသော အခက်အခဲများကို ဆွေးနွေး
September 13, 2017
Trainers Training Module I ,Organized by LO/FT-CTUM
September 13, 2017

Occupational Safety and Health Awareness Training In Magwe

ရေနံ​မြေ အလုပ်​သမားအဖွဲ့စည်း များအားလုပ်​ငန်းခွင်​​ဘေးအန္တရာယ်​ကင်းရှင်း​ရေးနှင့်​ကျန်းမာ​ရေးအမြင်​ဖွင့်​သင်​တန်း​ပေး
စက်​တင်​ဘာလ ၇ရက်​ မင်းဘူးမြို့
အေးချမ်းရိပ်​မြုံဘုန်း​တော်​ကြီး​ကျောင်း(ခန်းမ)ကျီးပင်​တက်​​ကျေးရွာ၊ ​ထောက်​ရှာပင်​​ရေနံ​မြေ။ မင်းဘူးမြို့နယ်​တွင်​စက်​တင်​ဘာလ (၇-၈) ၇က်​​နေ့များ၌ သင်​တန်းကို(၂)ရက်​တာပြုလုပ်​ခြင်းဖြစ်​ပါသည်။ ​အဆိုပါသင်​တန်းကို မြန်​မာနိုင်​ငံလုံးဆိုင်​ရာအလုပ်​သမားသမဂ္ဂများအဖွဲ့ချူပ်​(CTUM)၏ ဘေးအန္တရာယ်ကင်းရှင်းရေး(OSH)​ကော်​မတီနှင့်​ ဂျာမန်​​ဖောင်​​ဒေရှင်း(FES)fredrich Egbert. Stiftungတို့ ပူး​ပေါင်းသင်​တန်းပြုလုပ်​ခြင်း ဖြစ်​သည်။ (OSH)သင်​တန်း (၆)ကြိမ်​​မြောက်​ပြုလုပ်​​ပေးခြင်းဖြစ်​သည်​။
ဒီလို​ရေနံ​မြေအလုပ်​သမား​တွေကို လုပ်​ငန်းခွင်​​ဘေးအန္တရာယ်​ကင်းရှင်း​ရေးနှင့်​ကျန်​မာ​ရေးအမြင်​ဖွင့်​သင်​တန်း​ပေးတဲ့ရည်​ရွယ်​ချက်​က​တော့ လုပ်​ငန်းခွင်​တွင်းမှာရှိတဲ့အလုပ်​သမား​တွေ ​ဘေးအန္တရယ်​ကင်းရှင်း​ရေးနှင်ကျန်းမာ​ရေ့း​ညီညွတ်​​သော​သော လုပ်​ငန်းခွင်​အတွင်း စနစ်​တကျလုပ်​​ဆောင်​တတ်​​စေရန်​ အသိအမြင်​များတိုးပွား​ရေးအတွက်​ယဉ်​​ကျေးမူတရပ်​အသွင်​ အ​လေ့အထများ​ပေါ်​ပေါက်​​စေရန်​ ရည်​ရွယ်​ပြီး သင်​တန်းပြုလုပ်​တာပါဟု မြန်​မာနိုင်​လုံးဆိုင်​ရာအလုပ်​သမားသမဂ္ဂများအဖွဲ့ချူပ်​(CTUM)
သင်​တန်းဆရာ ဦးမျိုးမြင့်​ မှ​ပြောကြားခဲ့သည်
ကျ​တော်​တို့ FES အ​နေနဲ့ (OSH committee) ​တွေပဲကူညီတာမဟုတ်​ပါဘူး။ တခြားလို​အပ်​တဲ့​ကော်​မတီ​တွေကိုလဲတတ်​နိုင်​သ​လောက်​ကူညီ​နေပါတယ်။ ​ဒါ​ပေမယ့်​(CTUM)ကို ဝင်​​ရောက်​စွက်​ဖက်​ခြင်းမရှိပါဘူး။ CTUM ပုံအတိုင်းပဲသွားပါတယ်။ ​CTUM ကဆုံးဖြတ်​ပြီး ဒါလိုအပ်​ပါတယ်​ဆိုပြီး​တော့​ပြောရင်​​တော့ ကျ​တော်​တို့အဲ့ဒီအ​ပေါ်မှာကြည့်​ပြီး ကူညီ​ပေးပါတယ်​။ ကျ​တော်​တို့ အဓိကကူညီ​ပေး​ပေးတဲ့ (CTUM)​ကော်​မတီ​တွေဖြစ်​တဲ့ လူငယ်​​ကော်​မတီ /social protection /
OSH committee /communication committee ​တွေကို တတ်​နိုင်​သ​လောက်​ကူညီ​ပေး​နေပါတယ်။ ​ဒီနှစ်​ထဲမှာ​တော့ OSH committee ကိုပိုပြီးကူညီဖြစ်​ပါတယ်။ ​ပိုပြီး in line ဖြစ်​သွားတာ ​ဘေးအန္တရယ်​ကင်းရှင်း​ရေးလုပ်​ငန်း​ဆောင်​ရွက်​မူ အ​ခြေခံလက်​စွဲစာအုပ်​ (CTUM)နဲ့​ပေါင်းပြီးထုတ်​ဖြစ်​တယ်​​ပေါ့။ အခုလို (OSH)သင်​တန်း​တွေကို ပိုကူညီဖြစ်​တာက ကျ​တော်​တို့မြန်​မာနိုင်​ငံမှာ အနိမ်းဆုံးလုပ်​ခလစာ ကိစ္စရူန်းကန်​​နေရဆဲ ရုန်းကန်​​နေရတဲ့အချိန် ​လုပ်​ငန်းခွင်​​ဘေးအန္တရယ်​မကင်းရှင်းမူ​ကြောင့်​ လူ​တွေ​သေဆုံးခဲ့ရတယ်။ လက်​ရှိလဲ​ရောဂါ​တွေရ​နေကြတယ်။ ​ဒါ​ကြောင့်​ကျ​တော်​တို့FES အ​နေနဲ့ ပြန်​စဉ်းစားတာက ဒါလိုအပ်​ချက်​တစ်​ခုဟုတ်​တယ်။ ​လူ​တွေအသက်​​တွေနဲ့ဆိုင်​တာဖြစ်​တဲ့အတွက်​​ကြောင့်​ အများကြီးမဟုတ်​​တောင်​ သူတို့လုပ်​ငန်းခွင်​မှာအန္တရယ်​​တွေရှိတယ်​။ ဘယ်​လို​ဖော်​ထုတ်​မလဲဖြစ်​လာတဲ့အ​ပေါ်မှာ ဘယ်​လိုအစီရင်​ခံမလဲ​ရောဂါရရှိမူ​တွေ အန္တရယ်​ရှိမူ​တွေ ဘယ်​လိုစစ်​တမ်း​ကောက်​ယူမလဲဆိုတာ​လေး​တွေ (CTUM) OSH committee မှာ​တွေရတယ်​။ အဲဒါ​လေး​တွေကလဲအရမ်း​ကောင်းတယ်​။ အဲဒါ​ကြောင့်​ အခုလို​ထောက်​ပံကူညီဖြစ်​တာပါဟု ဦးလ​ရောင်​​အေး(moon light) မှ​ပြောကြားခဲ့သည်။ ​ဆက်​လက်​၍ ကျ​တော်​က FES တာဝန်​ခံ​ပေါ့​နော်​ဘယ်​လိုတာဝန်​ခံလဲဆို​တော့ အဓိက အလုပ်သမားသမဂ္ဂ​တွေ ဖွံ့ဖြိုးတိုးတက်​​ရေးနဲ့ လူမူကာကွယ်​​စောင်​​ရှောက်​​ရေး​တွေကို ကူညီ​နေတဲ့ အဲဒီအပိုင်းကိုတာဝန်​ယူရတဲ့ မြန်​မာနိုင်​တာဝန်​ခံ​ပေါ့။ ရုံးက​တော့ရန်​ကုန်​မှာပါဟု​ပြောကြားခဲ့သည်​။
ဒီသင်​တန်းတက်​တာ ကျ​တော်​တို့အတွက်​ဗဟုသုတရပါတယ်။ ​ဘေးအန္တရာယ်​ကင်းရှင်း​ရေးလုပ်​ငန်​​ဆောင်​ရွက်​မူအေံခြခံ လက်​စွဲစာအုပ်​​လေး​တွေ အခုလို​ပေးတာလဲ​ကျေးဇူးတင်​ပါတယ်။ ​ရှင်း​ပြတာ​လေး​တွေလဲ​ကောင်းပါတယ်​ဟု သင်​တန်းတက်ရောက်သူ ဦး​စောသန်းထိုက်​မှ​ပြောကြားခဲ့သည်​။
ချောက်​​ရေနံ​မြေ၊ ​ထောက်​ရှာပင်​​ရေနံ​မြေ၊ ​ကျောက်​ခွက်​​ရေနံ​မြေနှင့် ​ညောင်​တုန်း​ရေနံ​မြေ တို့မှအလုပ်​သမား (၃၀)ဦးခန့်​တက်​ ​ရောက်​ခဲ့သည်

Leave a Reply

Your email address will not be published. Required fields are marked *