All for Joomla All for Webmasters
Occupational Safety and Health Risk Management Training
IndustriALL Textile, Garment, Shoes and Leather Steering Committee Meeting
November 20, 2019
MNE Workshop
November 21, 2019

Occupational Safety and Health Risk Management Training

Occupational Safety and Health Risk Management Training for IWFM members from 18-20th Nov, 2019.
မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM မှ အဖွဲ့ဝင် ၁၉ ဦးသည် ၂၀၁၉ခုနှစ် (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိပြုလုပ်သော ” လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ ထိခိုက်နိုင်မှုများကို စီမံခန့်ခွဲခြင်း” သင်တန်းအား တက်ရောက်ခဲ့ပါသည်။ သင်တန်းပြီးမြောက်ခြင်းနှင့် သင်တန်းတွင်း စစ်ဆေးသည့် အကဲဖြတ် ဆန်းစစ်ချက် များအား အောင်မြင်ခဲ့သည့်အတွက် သင်တန်းဆင်းလက်မှတ်များအား ရရှိခဲ့ပါသည်။ သင်တန်းကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေများ စစ်ဆေးရေး ဦးစီးဌာနမှ ပြုလုပ်ခြင်းဖြစ်ပါသည်။

IWFM သည် မိမိတို့ အဖွဲ့ဝင်များရှိသော စက်ရုံများတွင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး ကော်မတီများ ၂၀၂၀ တွင် ဖွဲ့စည်းသွားနိုင်ရန်အတွက် ပြင်ဆင်လျက်ရှိပါသည်။ မိမိတို့ အဖွဲ့ဝင် အခြေခံအဖွဲ့အစည်းတိုင်းမှ အနည်းဆုံး (၂) ဦး အား သင်တန်းသို့ စေလွှတ် သင်ကြားသွားရန် ရည်ရွယ်ပြီး စက်ရုံ၊ လုပ်ငန်းတိုင်းတွင် ကော်မတီ ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းသွားမည်။

#IWFM
#CTUM

<iframe src=”https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fftub.burma%2Fposts%2F1240695529474880&width=500″ width=”500″ height=”983″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowTransparency=”true” allow=”encrypted-media”></iframe>

Leave a Reply

Your email address will not be published. Required fields are marked *