All for Joomla All for Webmasters
Occupational Safety and Health Training
၁၄ ကြိမ်​​မြောက်​ အမျိုးသားအဆင့်​ သုံးပွင့်​ဆိုင်​ ​တွေ့ဆုံ​ဆွေး​နွေးမှု ဖိုရမ်
October 22, 2019
အဆိုပြုလွှာရေးသားခြင်းသင်တန်း
October 23, 2019

Occupational Safety and Health Training

Occupational Safety and Health training for IWFM members. (21-22 Oct 2019)

မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် အဖွဲ့ဝင်များဖြစ်သော အခြေခံ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး သင်တန်း ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၂၁-၂၂) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ သင်တန်းကို ဂျာမန် ဖောင်ဒေးရှင်းတစ်ခုဖြစ်သည့် GIZ ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်ခြင်း ဖြစ်ပြီး WSH အဖွဲ့မှ ပို့ချခြင်း ဖြစ်ပါသည်။ သင်တန်းကို ရန်ကန်နှင့် မန္တလေးတို့မှ သမဂ္ဂ (၁၃) ဖွဲ့၊ ဦးရေ (၂၆) ဦး တက်ရောက်ခဲ့ကြပါသည်။

သင်တန်းအား ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာသော လုပ်သားမျိုးဆက်တစ်ခု တည်ဆောက်ရာတွင် အရေးကြီးသော အလေ့အထ ကောင်းများကို နားလည် သဘောပေါက်စေရန် ရည်ရွယ်ချက်ဖြင့် သင်တန်းကို ပြုလုပ်ခြင်းဖြစ်ပါသည်။

သင်တန်းတွင်
၁) မြန်မာနိုင်ငံ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေမှ မိမိနှင့် သက်ဆိုင်သော သိထားရမည့် အချက်များ။
၂) မိမိ လုပ်ငန်းတွင် တွေ့ရလေ့ရှိသော အန္တရာယ်များအကြောင်း။
၃) ထိုအန္တရာယ်များကို ကာကွယ်ရန် လုပ်ဆောင်ရမည့် အစီအမံများ။
၎) လုပ်ငန်းခွင်တွင်ရှိသော တစ်ကိုယ်ရည် ကာကွယ်ရေး ပစ္စည်းများ အသုံးပြုပုံ။
၅) အရေးပေါ်အခြေအနေတွင် လိုကနာလုပ်ဆောင်ရမည့် အချက်များ။

ကို သင်တန်းတွင် သင်ကြားပို့ချခဲ့ပါသည်။

မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများ အဖွဲ့ချုပ်။ IWFM
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ၏ အဖွဲ့ဝင်

<iframe src=”https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fftub.burma%2Fposts%2F1214292635448503&width=500″ width=”500″ height=”931″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowTransparency=”true” allow=”encrypted-media”></iframe>

Leave a Reply

Your email address will not be published. Required fields are marked *