All for Joomla All for Webmasters
Organizing and Recruitment Training Workshop of MWFM
လုံခြုံစိတ်ချသော ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာသင်တန်း
March 6, 2019
ချားမင်းအထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း အစည်းအဝေး
March 15, 2019

Organizing and Recruitment Training Workshop of MWFM

Organizing and Recruitment Training Workshop of Mine Workers’ Federation of Myanmar
Monywa, Sagaing Region, Myanmar (Myanmar version below)

The first activity of IndustriALL Myanmar Union Building in 2019 for Mine Workers’ Federation of Myanmar (MWFM) on organizing and recruitment was held in Monywa, Sagaing region on 23-24 February 2019.
A total of 29 union leaders and members (19 men/10 women) representing 5 different mine areas actively attended the workshop. It aims to upgrade the organizing skills of members of MWFM and to set the appropriate strategies and to set the possible targets to increase the membership in 2019.
The workshop started with the opening speech by MWFM chairman and followed by the explanation of the Anti-Sexual Harassment Policy of IndustriALL Global Union by the project coordinator and conducting a random survey of it.
Interactive discussions on the definition of organizing and its processes, organizing strategies, analyzing weakness and strength of the current organizing situation of respective unions as well as setting targets and action plans drawn in the group work were carried out in the two-day workshop.

စည်းရုံးရေးနှင့်အဖွဲ့ဝင်သစ်စုဆောင်းရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ
မုံရွာမြို့၊စစ်ကိုင်းတိုင်းဒေသကြီး
မြန်မာနိုင်ငံသတ္တုတွင်းအလုပ်သမားများအဖွဲ့ချုပ်၏ ၂၀၁၉ ခုနှစ်အတွက် ပထမဆုံးလှုပ်ရှားမှုတစ်ခုအဖြစ် စည်းရုံးရေးနှင့်အဖွဲ့ဝင်သစ်စုဆောင်းခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကို စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့ တွင် ၂၀၁၉ ခုနှစ်၊ဖေဖော်ဝါရီလ၊ ၂၃-၂၄ ရက်များတွင် နှစ်ရက်တာကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မတူညီသော သတ္တုတွင်းလုပ်ငန်းဧရိယာ ၅ ခုမှ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် နှင့် ခေါင်းဆောင် စုစုပေါင်း ၂၉ ဦး (ကျား ၁၉ ဦး/ မ ၁၀ ဦး) တက်ရောက်ခဲ့ပါသည်။ ၎င်းသင်တန်းသည် မြန်ာနိုင်ငံသတ္တုတွင်းအလုပ်သမားများအဖွဲ့ချုပ် အဖွဲ့ဝင်များ၏ စည်းရုံးရေးစွမ်းရည်မြင့်တင်ရန်၊ ၂၀၁၉ ခုနှစ်တွင် အဖွဲ့ဝင်အင်အားတိုးမြင့်စုဆောင်းနိုင်ရန် ဖြစ်နိုင်ခြေရှိသော စည်းရုံးရေးပြစ်မှတ်များ သတ်မှတ်ရန်၊ သင့်လျော်သောစည်းရုံးရေးမဟာဗျူဟာများချမှတ်နိုင်ရန်ရည်ရွယ်ပြီး IndustriALL Myanmar UB project ၏ ကူညီပံ့ပိုးမှုဖြင့် ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲတစ်ခုဖြစ်ပါသည်။
မြန်မာနိုင်ငံသတ္တုတွင်းအလုပ်သမားများအဖွဲ့ချုပ်ဥက္ကဌက အဖွင့်စကားပြောကြားပြီး၊ IndustiALL Myanmar UB project coordinator မှ IndustriALL အဖွဲ့၏ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှု ပတ်သက်သော ကမ္ဘာလုံးဆိုင်မူဝါကို တက်ရောက်သူများကို ရှင်းပြ၍ စစ်တမ်းငယ်တခုကောက်ယူပါသည်။
ဆွေးနွေးပွဲတွင် စည်းရုံးရေး၏အဓိပ္ပါယ်နှင့်လုပ်ငန်းစဉ်များ၊စည်းရုံးရေးမဟာဗျူဟာများ၊သက်ဆိုင်ရာသမဂ္ဂ များအလိုက် စည်းရုံးရေးလှုပ်ရှားမှုများတွင်လက်ရှိတွေ့ကြုံနေကြသော အားသာချက်၊အားနည်းချက်များ ကို အပြန်အလှန်ဆွေးနွေးခဲ့ပြီး၊ အနာဂတ်လှုပ်ရှားမှုအစီအစဉ်နှင့်စည်းရုံးရေးပစ်မှတ်များချမှတ်ခြင်းတို့ကို အုပ်စု ဖွဲ့ဆောင်ရွက်ခဲ့ကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *