Organizing Training for Mining Sector at the Sagaing Region
In 6th-7th August, 2017 CTUM, IndustriALL and MWFM – held Organizing Training for Mining sector. For this training lead by U Thaung Nyunt president of MWFM and Daw Zun Pwint Phyu member of women committee. There were 22 participants from 8 basic unions.
စည်းရုံးရေးနည်းပညာသင်တန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်
၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၆-၇) ရက်နေ့များတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ Happy Hotel ၌ စည်းရုံးရေးနည်းပညာဆိုင်ရာ (၂) ရက်တာသင်တန်းကို စတင်ပြုလုပ်နေပြီ ဖြစ်ပါသည်။ ဤသင်တန်းအား မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (IndustriALL) နှင့် မြန်မာနိုင်ငံသတ္တုတွင်းအလုပ်သမားအဖွဲ့ချုပ် (MWFM) တို့မှ ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါသင်တန်းအား မြန်မာနိုင်ငံသတ္တုတွင်းအလုပ်သမားအဖွဲ့ချုပ် MWFM ဥက္ကဋ္ဌ ဦးသောင်းညွှန့်နှင့် အမျိုးသမီးကော်မတီ အဖွဲ့ဝင် ဒေါ်ဇွန်ပွင့်ဖြူတို့မှ ဦးဆောင်၍ သင်တန်းပို့ချပေးခြင်း ဖြစ်ပါသည်။ သင်တန်းသို့ သတ္တုတွင်းကဏ္ဍရှိ အခြေခံအလုပ်သမားအဖွဲ့အစည်း (၈) ဖွဲ့မှ တက်ရောက်သူ စုစုပေါင်း (၂၂) ဦး ဖြစ်ပြီး၊ မ (၂) ဦး၊ ကျား (၂၀) ဦးဖြစ်ပါသည်။