All for Joomla All for Webmasters
Peaceful Demonstration by CTUM and MICS-TUsF in Mandalay
နိုင်ငံပိုင်မှ ပုဂ္ဂလိကပိုင်သို့ လွဲပြောင်းခြင်းဆိုင်ရာ ဆွေးနွေးပွဲဆိုင်ရာ ဗီဒီယိုမှတ်တမ်း
March 6, 2019
FOA in Myanmar by ILO
March 6, 2019

Peaceful Demonstration by CTUM and MICS-TUsF in Mandalay

Peaceful Demonstration by CTUM and MICS-TUsF in Mandalay
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) နှင့် မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မူလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS- TusF) တို့သည် အလုပ်သမားအင်အား (၅၀၀)ကျော်ဖြင့်မန္တလေးတိုင်းရှိ မြိုနယ်သုံးခု ဖြစ်သော ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာစည် မြို့နယ် ၊ မဟာ
အောင် မြို့နယ် တို့ကို ဖြတ်၍ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်စီတန်း ချီတတ်ကြ ပါ သည်။
လွှတ်တော် ကိုယ်စားလှယ်များ၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ရှေ့နေချုပ်ရုံးတို့သည်အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နဲ့အလုပ်သမားအဖွဲ့အစည်း ဥပဒေကို ပြင်ဆင်တဲ့ဥပဒေ (မူကြမ်း)နဲ့ပတ်သက်ပြီးဆန္ဒထုတ် ဖော်ပွဲပါ တောင်းဆိုချက်များနှင့် ကြွေးကြော်သံများကိုညီအကို မောင်နှမများသိရှိစေရန် ဖော်ပြအပ်ပါသည်။

 ကြွေးကြော်သံများ
တရားဥပဒေစိုးမိုးရေး…………………………………………………………………..………………ဒို့အရေး။
အလုပ်သမားတရားရုံးပေါ်ပေါက်ရေး……………………..……………………..……………….. ဒို့အရေး။
လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းရေး…………………………………….……………….……..ဒို့အရေး။
နိုင်ငံ့ဝန်ထမ်းများအား အလုပ်သမားအငြင်းပွားမှုဥပဒေတွင် ထည့်သွင်းေ……………….… ဒို့အရေး။
ဆောက်လုပ်ရေးအလုပ်သမားများအားကန့်သတ်သည့် ညွန်ကြား ချက် များ ဖျက်သိမ်းရေး ………………………… ဒို့အရေး။
အထူးစီးပွားရေးဇုန်လုပ်သားများဥပဒေအကာအကွယ်ရရှိရေး ………..………..………….….ဒို့အရေး။
အလုပ်သမားဥပဒေများကိုILO စံနှုန်းနှင့်အညီ ပြင်ဆင်ရေး …….………………….………….ဒို့အရေး။
ILO ပြဋ္ဌာန်းချက်အမှတ် (၉၈) လက်မှတ်ထိုးရေး ……………………………………….……… ဒို့အရေး။
မန္တလေးတိုင်း အလုပ်သမားဝန်ကြီးခန့်အပ်ပေးရေး ………………………..…………………..ဒို့အရေး။

တောင်းဆိုချက် (၁၃)ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေတွင် နိုင်ငံ့ဝန်ထမ်းများအားလုံးကို လွှမ်းခြုံစေသည့် ပြဋ္ဌာန်း ချက်များ ထည့်သွင်း ပေးရန်။
၂။ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေတွင် အထူးစီးပွားရေးဇုန် (SEZs) ရှိ အလုပ်သမားများကို ထည့်သွင်း ပေးရန်။
၃။ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ယန္တရားတွင် ဆောက်လုပ်ရေး အလုပ်သမားများ ၏ အငြင်းပွားမှုများကို လက်ခံဖြေရှင်းပေးရန်။
၎။ အလုပ်သမားများအတွက်မျှတသောတရားစီရင်ရေးစနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်ပေး ရန်။
၅။ အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုကို အလုပ်သမားတရားရုံး မတည်ထောင်မီ လက်ရှိ ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီ ယန္တရားတွင် လက်ခံဖြေရှင်းပေးရန်။
၆။ အလုပ်သမားတရားရုံးများ အမြန်ဆုံး တည်ထောင်ပေးရန်။
၇။ အလုပ်ရှင်-အလုပ်သမားများ နှစ်ဦးနှစ်ဘက် သဘောတူချုပ်ဆိုထားသော စုပေါင်း သဘော တူညီ ချက်များပါ အချက်များကို ချိုးဖောက်ပါက အခွင့်အရေးဆိုင်ရာ အငြင်း ပွားမှုအဖြစ် သတ် မှတ်၍ ၊ ချိုးဖောက်မှုအတွက် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပြီးသည့် အခါ တွင်လည်း စာချုပ်ပါ အချက်များကို ဆက်လက်လိုက်နာစေရေးကို အာမခံသည့် ပြဋ္ဌာန်းချက်များ ထည့်သွင်းရန်။
၈။ ခွင့်ရက်၊ အလုပ်ပိတ်ရက် နည်းဥပဒေပါ အလုပ်သမားများ၏ နစ်နာမှုများကို ပြန်လည် ပြင်ဆင် ပေးရန်။
၉။ အလုပ်သမားသမဂ္ဂခေါင်းဆောင်များ၊ အဖွဲ့ဝင်များကို ဥပဒေမဲ့ အလုပ်ထုတ်မှုများ ရပ်တန့်ရန်။
၁၀။ အလုပ်သမားသမဂ္ဂများ၏ စုပေါင်းညှိနှိုင်းအရေးဆိုခွင့် (Right to Collective Bargaining) ကို အာမခံပေးရန် နှင့် ILO ပြဋ္ဌာန်းချက်အမှတ် ၉၈ ကို အတည်ပြု လက်မှတ်ရေးထိုးရန်။
၁၁။ သပိတ်မှောက်ခွင့် (Right to Strike) အခွင့်အရေးကို ILO ၏ စံနှုန်းနှင့်အညီ အာမခံချက်ပေး သည့် ပြဋ္ဌာန်းချက်များ ထည့်သွင်းရန်။
၁၂။ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့် ( Freedom of Association FoA )ကိုအာမခံချက်ပေးရန်။
၁၃။ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေ နှင့် အလုပ်သမားအဖွဲ့အစည်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ များတွင် ILO အထူး ကော်မရှင် (Direct Contact Mission) အစီရင်ခံစာပါ အကြံပြု ချက်များကို ထည့်သွင်း အကောင် အထည်ဖော် ဆောင်ပေးရန်။

Leave a Reply

Your email address will not be published. Required fields are marked *