All for Joomla All for Webmasters
Peaceful Demonstration by CTUM and MICS-TUsF
၂၀၁၂ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ တွင် နိုင်ငံဝန်ထမ်းများ အကျူံးဝင်စေလိုခြင်း
January 30, 2019
Solidarity Letter from AFL – CIO ( America’s Unions) and SAK, SASK, STTK ( Finland Unions)
February 12, 2019

Peaceful Demonstration by CTUM and MICS-TUsF

Peaceful Demonstration by CTUM and MICS-TUsF
10-Feb-2019
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) နှင့် မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) တို့မှ ပူးတွဲ၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန၊ ရှေ့နေချုပ်ရုံး၊ အလုပ်သမားဥပဒေ ပြင်ဆင်ရေးမှာ ပါဝင်ပတ်သက်နေ ကြတဲ့ ပုဂ္ဂိုလ်များအားလုံးနဲ့ အများပြည်သူများကို “အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေ (မူကြမ်း)၊ အလုပ်သမား အဖွဲ့အစည်း ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ (မူကြမ်း) ” နှင့် ပါတ်သက်ပြီးတော့ CTUM နဲ့ MICS-TUsF တို့၏ စိုးရိမ်ချက်များ၊ အဆိုပြုချက်များကို အသိပေးတင်ပြနိုင်ရန် ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။ ယင်းဆန္ဒထုတ်ဖော်ပွဲသို့ အဖွဲ့ဝင် တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကုန်ထုတ်ကဏ္ဍ၊ ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ သတ္တုတွင်းကဏ္ဍ၊ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍနှင့် အစိုးရ၀န်ထမ်းများပါဝင်၍ အလုပ်သမား ညီအကိုမောင်နှမများ စုစုပေါင်းအင်အား (၂၀၀၀) ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။
ဆန္ဒထုတ်ဖော်ပွဲပါ တောင်းဆိုချက်များနှင့် ကြွေးကြော်သံများကို ညီအကိုမောင်နှမများသိရှိစေရန် ဖော်ပြအပ်ပါသည်။
တောင်းဆိုချက်များ
၁။ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေတွင် နိုင်ငံ့ဝန်ထမ်းများအားလုံးကို လွှမ်းခြုံစေသည့် ပြဋ္ဌာန်း ချက်များ ထည့်သွင်း ပေးရန်။
၂။ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေတွင် အထူးစီးပွားရေးဇုန် (SEZs) ရှိ အလုပ်သမားများကို ထည့်သွင်း ပေးရန်။
၃။ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ယန္တရားတွင် ဆောက်လုပ်ရေး အလုပ်သမားများ၏ အငြင်းပွားမှုများကို လက်ခံဖြေရှင်းပေးရန်။
၎။ အလုပ်သမားများအတွက် မျှတသောတရားစီရင်ရေးစနစ် ကို အကောင်အထည် ဖော်ဆောင်ရွက်ပေးရန်။
၅။ အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုကို အလုပ်သမားတရားရုံး မတည်ထောင်မီ လက်ရှိ ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီ ယန္တရားတွင် လက်ခံဖြေရှင်းပေးရန်။
၆။ အလုပ်သမားတရားရုံးများ အမြန်ဆုံး တည်ထောင်ပေးရန်။
၇။ အလုပ်ရှင်-အလုပ်သမားများ နှစ်ဦးနှစ်ဘက် သဘောတူချုပ်ဆိုထားသော စုပေါင်း သဘောတူညီချက်များပါ အချက်များကို ချိုးဖောက်ပါက အခွင့်အရေးဆိုင်ရာ အငြင်း ပွားမှုအဖြစ်သတ်မှတ်၍ ၊ ချိုးဖောက်မှုအတွက် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပြီးသည့် အခါ တွင်လည်း စာချုပ်ပါအချက်များကို ဆက်လက်လိုက်နာစေရေးကို အာမခံသည့် ပြဋ္ဌာန်းချက်များ ထည့်သွင်းရန်။
၈။ ခွင့်ရက်၊ အလုပ်ပိတ်ရက် နည်းဥပဒေပါ အလုပ်သမားများ၏ နစ်နာမှုများကို ပြန်လည်ပြင်ဆင်ပေးရန်။
၉။ အလုပ်သမားသမဂ္ဂခေါင်းဆောင်များ၊ အဖွဲ့ဝင်များကို ဥပဒေမဲ့ အလုပ်ထုတ်မှုများ ရပ်တန့်ရန်။
၁၀။ အလုပ်သမားသမဂ္ဂများ၏ စုပေါင်းညှိနှိုင်းအရေးဆိုခွင့် (Right to Collective Bargaining) ကို အာမခံပေးရန် နှင့် ILO ပြဋ္ဌာန်းချက်အမှတ် ၉၈ ကို အတည်ပြု လက်မှတ်ရေးထိုးရန်။
၁၁။ သပိတ်မှောက်ခွင့် (Right to Strike) အခွင့်အရေးကို ILO ၏ စံနှုန်းနှင့်အညီ အာမခံချက်ပေးသည့် ပြဋ္ဌာန်းချက်များ ထည့်သွင်းရန်။
၁၂။ လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းခွင့် ( Freedom of Association FoA ) ကို အာမခံချက်ပေးရန်။
၁၃။ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေ နှင့် အလုပ်သမားအဖွဲ့အစည်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ များတွင် ILO အထူးကော်မရှင် (Direct Contact Mission) အစီရင်ခံစာပါ အကြံပြု ချက်များကို ထည့်သွင်းအကောင်အထည်ဖော်ဆောင်ပေးရန်။
ကြွေးကြော်သံများ
တရားဥပဒေစိုးမိုးရေး…………………………………………………………………..……………………………ဒို့အရေး။
အလုပ်သမားတရားရုံးပေါ်ပေါက်ရေး……………………..……………………..…………………………….. ဒို့အရေး။
လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းရေး…………………………………….……………………………..……..ဒို့အရေး။
နိုင်ငံ့ဝန်ထမ်းများအား အလုပ်သမားအငြင်းပွားမှုဥပဒေတွင် ထည့်သွင်းရေး ……………………….… ဒို့အရေး။
ဆောက်လုပ်ရေးအလုပ်သမားများအားကန့်သတ်သည့်
ညွန်ကြားချက်များဖျက်သိမ်းရေး ………………………… ဒို့အရေး။
အထူးစီးပွားရေးဇုန်လုပ်သားများဥပဒေအကာအကွယ်ရရှိရေး ………..………..………….….ဒို့အရေး။
အလုပ်သမားဥပဒေများကိုILO စံနှုန်းနှင့်အညီ ပြင်ဆင်ရေး ………………………………….………….ဒို့အရေး။
ILO ပြဋ္ဌာန်းချက်အမှတ် (၉၈) လက်မှတ်ထိုးရေး ………………………………..……………….……… ဒို့အရေး။

 

<iframe src=”https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fftub.burma%2Fposts%2F1041342282743540&width=500″ width=”500″ height=”859″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowTransparency=”true” allow=”encrypted-media”></iframe>

Leave a Reply

Your email address will not be published. Required fields are marked *