All for Joomla All for Webmasters
Pre departure saft migrantion training
National Labour Courts Forum
July 7, 2018
အလုပ်သမားသတင်းထောက်နှင့် ဆက်သွယ်ရေးသင်ရိုး ဆွေးနွေးခြင်း
July 7, 2018

Pre departure saft migrantion training

၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် လုံခြုံစိတ်ချသော ရွှေ့ ပြောင်းသွားလာခြင်းဆိုင်ရာအသိပညာပေးသင်တန်းကို မှော်ဘီမြို့နယ်ရှိ Need Myanmar သင်တန်းကျောင်းတွင် ပြည်နယ်နှင့်တိုင်းအသီးသီးမှ စိုက်ပျိုးရေးနည်းပညာများကို လာရောက်ဆည်းပူးသင်ယူနေသော ကျောင်းသူကျောင်းသား များအား ပို့ချခြင်းဖြစ်သည်။
သင်တန်းကို Need Myanmar သင်တန်းကျောင်း၏ တာဝန်ရှိသူမှ စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသား အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၃၅ ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် လူကုန်ကူးမှုအန္တရာယ်ကြိုတင်ကာကွယ်ခြင်းဆိုင်ရာအကြောင်းနှင့် လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာလုပ်ကိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာအကြောင်းတို့အား CTUM ရွှေ့ပြောင်းအလုပ်သမားဌာနမှဒေါ်ထွေးထွေးသိန်း၊ ဦးအောင်ကျော်မြင့်နှင့် ဦးဟိန်းလတ်တို့မှ သင်တန်းပို့ချပေးခဲ့ပါသည်။
သင်တန်းဖြစ်မြောက်ရေးအတွက် ဂျာမန်ဖောင်ဒေးရှင်း FES မှ ကူညီပံ့ပိုးပေးခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *