All for Joomla All for Webmasters
Press Conference by worker delegates to the 107th ILC Session
Meeting on OSH
June 1, 2018
Meeting with Mac Do Union Workers
June 1, 2018

Press Conference by worker delegates to the 107th ILC Session

၁၀၇ကြိမ်မြောက် ILCသို့ တက်ရောက်မည့် မြန်မာနိုင်ငံအလုပ်သမားကိုယ်စားလှယ်များ၏သတင်းစာရှင်းလင်းပွဲ

၁၀၇ကြိမ်မြောက် ILCသို့ တက်ရောက်မည့် မြန်မာနိုင်ငံအလုပ်သမားကိုယ်စားလှယ်များ၏သတင်းစာရှင်းလင်းပွဲကို ၂၀၁၈ခုနှစ် မေလ ၂၅ရက်နေ့တွင် ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ ထိုသတင်းစာရှင်းလင်းပွဲသို့ သတင်းမီဒီယာ (၁၃)ခု တက်ရောက်ပြီး CTUM နှင့် သမဂ္ဂညီအစ်ကို မောင်နှမများ တက်ရောက်ခဲ့ပါသည်။

၁၀၇ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO၏ညီလာခံ (ILC)ကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ၂၀၁၈ မေလ ၂၈ရက်နေ့မှ ၂၀၁၈ ဇွန် ၈ရက်နေ့အထိ ပြုလုပ်ကျင်းပမည်ဖြစ်သည်။ ILC တွင်ကမ္ဘာ့နိုင်ငံအသီးသီးမှ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ တတ်ရောက်ကာ မိမိနိုင်ငံအသီးသီးရှိ အလုပ်သမား အခွင့်အရေးချိုးဖောက်ခြင်းဆိုင်ရာ အခက်အခဲများ အဖြေရှာ ဆွေးနွေးကြပါသည်။ ထိုILC ညီလာခံကျင်းပနိုင်ရေးအတွက် မတ်လ၊ ဇွန်လ၊ နိုဝင်ဘာလများတွင် အကြိုညှိနိုင်းဆွေးနွေးပွဲများကို ကျင်းပကြပါသည်။ ထိုအခါ နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက မိမိတို့နိုင်ငံရှိ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံသည့် အမှုကိစ္စများ၊ ဥပဒေပြင်ဆင်ပြောင်းလဲရေးနှင့် ILO စံနူန်းများကို လိုက်နာကျင့်သုံးမှုစသည့်တို့ကို တင်ပြဆွေးနွေးကြပါသည်။ ထိုတင်ပြချက်များအနက် ILO စံနူန်းချိုးဖောက်သည့် အမှုများ ထိခိုက်မှုအများဆုံးဖြစ်သော (၂၅)မှုကို ILC ညီလာခံတွင် ဆွေးနွေးမည် ဖြစ်ပါသည်။

ယခုနှစ် ၂၀၁၈ ခုနှစ် ၁၀၇ကြိမ်မြောက် ILO၏ညီလာခံတွင် မြန်မာနိုင်ငံအနေဖြင့် အစိုးရကိုယ်စားလှယ်အဖြစ် ဦးထင်လင်း (Geneva သံရုံး သံအမတ်ကြီး)၊ ဦးဝင်းရှိင် (ဦးဝင်းရှိန် – ညွန်ကြားရေးမှူးချူပ် အလုပ်သမားညွှန့်ကြားမှုဦးစီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန)၊ အလုပ်ရှင်ကိုယ်စားလှယ်အနေဖြင့် ဒေါ်ခိုင်ခိုင်နွယ် (တွဲဖက် အတွင်းရေးမှူး UMFCCI)၊ အလုပ်သမားကိုယ်စားလှယ်များအနေဖြင့် အလုပ်သမားကိုယ်စားလှယ်ဦးမောင်မောင် (ခ) ဦးပြည်သစ်ညွန့်ဝေ (ဥက္ကဌ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်)နှင့် အလုပ်သမားအကြံပေး ကိုယ်စားလှယ်များအဖြစ် တက်ရောက်မည့်အလုပ်သမား သမဂ္ဂခေါင်းဆောင်များနှင့် ဆွေးနွေးမည့် ခေါင်းစဉ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အလုပ်သမား အကြံပေး ကိုယ်စားလှယ်များအဖြစ်
(၁) Information and reports on the application of Conventions and Recommendation)
ILO ၏ ပြဌာန်းချက်များ၊ အကြံပြုချက်များ အစရှိသော စံနှုန်းများကျင့်သုံးရေးကော်မတီ

၁) ဒေါ်ခိုင်ဇာအောင် – ဘဏ္ဍာရေးမှူး
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)

၂) ဦးကျင်သိန်း – အလုပ်သမားကိုယ်စားလှယ်
ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့
အဖွဲ့ဝင်
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)

၃) ဦးသက်နှင်းအောင် -အထွေထွေအတွင်းရေးမှူးချူပ်(မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှု လုပ်ငန်း ပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS)
(၂) Effective ILO development cooperation in support of the Sustainable Development Goals (General Discussion)
ရေရှည်တည်တံ့ခိုင်မြဲသော ရည်မှန်းချက်များ (Sustainable Development Goals – SDGs) ၏ ဖွံ့ဖြိုး တိုးတက်ရန် ပံ့ပိုးကူညီမှုများအတွက် ILO ၏ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ အထွေထွေဆွေး နွေးချက်

၁) ဒေါ်ဖြိုးစန္ဒာစိုး – လက်ထောက်အထွေထွေအတွင်းရေးမှူး
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)

၂) ဒေါ်သဲဝင့် – အထွေထွေအတွင်းရေးမှူး
မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (AFFM)

၃) ဦးမျိုးချစ် – အဖွဲ့ဝင်
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)

(၃) Violence and harassment against women and men in the world of work (Standard setting, double discussion)
ကမ္ဘာ့အလုပ်အကိုင်များတွင် အမျိုးသားများနှင့် အမျိုးသမီးများကို နှောင့်ယှက်စော်ကားခြင်းနှင့် အကြမ်းဖက်မှု များ ဆွေးနွေးခြင်း

၁) ဒေါ်ဆွေဆွေခိုင် – ဥက္ကဋ္ဌ
အမျိုးသမီးကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)
၂) ဒေါ်နန်းအေးမြမူ – ဒုဥက္ကဋ္ဌ
အမျိုးသမီးကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)

(၄) A recurrent discussion on the strategic objective of social dialogue and tripartism, under the follow-up to the ILO Declaration on Social Justice for a fair Globalization, 2008
၂၀၀၈ ခုနှစ်တွင် မျှတသော ကမ္ဘာ့သွင်တူပြောင်းလဲမှုဖြစ်စဉ် (Fair Globalization) ဆိုင်ရာ ILO ကြေညာ စာတမ်းကို ILO မှ အတည်ပြုခဲ့ပါသည်။ နောက်ဆက်တွဲအနေဖြင့် ဤကြေညာစာတမ်းအရ လုပ်ငန်းခွင်၌ အခြေခံမူဝါဒများနှင့် အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ ရည်ရွယ်ချက်များချမှတ်ရန် ပြန်လည်ဆွေးနွေးခြင်း၊
ဤ အကြောင်းအရာအား ၂၀၁၆ ခုနှစ်တွင်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် လည်းကောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံတွင် ဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။ ယခု ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် ပြုလုပ်မည့် ၁၀၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံတွင် တတိယအကြိမ်ပြန်လည်ဆွေးနွေးမည် ဖြစ်ပါသည်။

၁) ဦးမျိုးမြင့် – အဖွဲ့ဝင်
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)

၂) ဦးသက်နှင်းအောင် -အထွေထွေအတွင်းရေးမှူးချူပ်(မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှု လုပ်ငန်း ပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS)

(၅) Abrogation of Conventions Nos 21, 50, 64, 65, 86 and 104 and withdrawal of Recommendation Nos 7, 61 and 62
ILO ပြဌာန်းချက်အမှတ် ၂၁၊ ၅၀၊ ၆၄၊ ၆၅၊ ၈၆ နှင့် ၁၀၄ တို့အားလည်းကောင်း၊ အကြံပြုချက်အမှတ် ၇၊ ၆၁ နှင့် ၆၂ တို့အားလည်းကောင်း ရုပ်သိမ်းရန် အဆိုပြုခြင်း

By BB (CTUM)

Leave a Reply

Your email address will not be published. Required fields are marked *