All for Joomla All for Webmasters
Regional Preparatory Meeting for the ILC Discussion on Violence and Harassment Against Women and Men in the World of Work
CTUM ဗဟိုကော်မတီဝင်အစည်းအဝေး
August 7, 2017
JCB စက္ကူ ပုံးစက်ရုံအခြေခံအလုပ်သမားသမဂ္ဂ ၅ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား
August 9, 2017

Regional Preparatory Meeting for the ILC Discussion on Violence and Harassment Against Women and Men in the World of Work

Regional Preparatory Meeting for the ILC Discussion on Violence and Harassment Against Women and Men in the World of Work. 16-17 July 2017, Manila
ကမ္ဘာပေါ်ရှိ လုပ်ငန်းခွင်များတွင် အမျိုးသမီးနှင့် အမျိုးသားများအား အကြမ်းဖက်ခြင်း၊ အရှက်ရစေရန် ပြုလုပ်ခြင်းဆိုင်ရာ ကိစ္စများ မရှိစေရန်အတွက် ILO၏ ပြဌာန်းချက် တစ်ရပ်အဖြစ် ပေါ်ပေါက်လာစေရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ITUC မှ ကြိုတင်ပြင်ဆင်ခြင်း ဆွေးနွေးပွဲ
၂၀၁၇ ခုနှစ် ဇူလိုင်လ (၁၇) ရက်။

ကမ္ဘာပေါ်ရှိ လုပ်ငန်းခွင်များတွင် အမျိုးသမီးနှင့် အမျိုးသားများအား အကြမ်းဖက်ခြင်း၊ အရှက်ရစေရန် ပြုလုပ်ခြင်းဆိုင်ရာ ကိစ္စများ မရှိစေရန်အတွက် ILO၏ ပြဌာန်းချက် တစ်ရပ်အဖြစ် ပေါ်ပေါက်လာစေရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ITUC မှ ကြိုတင်ပြင်ဆင်ခြင်း ဆွေးနွေးပွဲကို ပြုလုပ်ခြင်း ဖြစ်ပါသည်။ ILO ၏ ပြဌာန်းချက်တစ်ရပ် အဖြစ် ပေါ်ပေါက်စေရန်အတွက် ILO ညီလာခံ တွင် တင်သွင်း ဆွေးနွေးရမည် ဖြစ်ပါသည်။

အစည်းအဝေးသို့ နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ကိုယ်စားလှယ် (၂၉) ဦးကို ဖိတ်ကြားထားပြီး GUFs အပြည်ပြည်ဆိုင်ရာ လုပ်ငန်းကဏ္ဍအဖွဲ့ချုပ်များဖြစ်သည့် IndustriALL နှင့် BWI တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ITUC- AP ၊ ILO ACTRAV, Geneva ၊ TUCP ဖိလစ်ပိုင် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် နှင့် ASEAN TUC အာဆီယံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ၂၀၁၇ ခုနှစ် ဇူလိုင်လ (၁၆-၁၇) ရက်နေ့များတွင် ပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံ ကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ခိုင်ဇာအောင်မှ CTUM ကိုယ်စားပြု တက်ရောက်ပါသည်။

ILO မှ Ending Violence and Harassment against Women and Men in the World of Work ခေါင်းစဉ်ဖြင့် စာမျက်နှာ (၁၀၀) ကျော်ပါဝင်သော အစီရင်ခံစာ တစ်ခုကို ထုတ်ပြန်ထားပြီး ILO အဖွဲ့ဝင် နိုင်ငံများသို့ ပေးပို့ထားပါသည်။ ထိုအစီရင်ခံစာ၏ နောက်ဆုံးတွင် သုတေသနမေးခွန်း (၄၉) ခုကို ထည့်သွင်းထားပြီး ILO အဖွဲ့ဝင်နိုင်ငံများမှ ဖြေဆို ပေးပို့ပေးရန် တောင်းခံထားပါသည်။ မေးခွန်းလွှာများအား ILO သို့ စက်တင်ဘာလ (၂၉) ရက်နေ့ နောက်ဆုံး ထား၍ အဖွဲ့ဝင်နိုင်ငံများမှ ပြန်လည်ပေးပို့ရမည်ဖြစ်ပါသည်။

”ကမ္ဘာပေါ်ရှိ လုပ်ငန်းခွင်များတွင် အမျိုးသမီးနှင့် အမျိုးသားများအား အကြမ်းဖက်ခြင်း၊ အရှက်ရစေရန် ပြုလုပ်ခြင်းဆိုင်ရာ ကိစ္စများ အဆုံးသတ်စေရေး” ဆိုင်ရာ အကြောင်းအရာနှင့် စပ်လျဉ်း၍ ILO တွင် အစီရင်ခံစာ ထွက်ပေါ်လာစေရေးအတွက် စတင်ခဲ့ပုံများ၊ ILO ကျွမ်းကျင်သူများ ကော်မတီ တွင် သုံးပွင့်ဆိုင် ဆွေးနွေးခဲ့သည့်အခြေအနေများ၊ ILO မေးခွန်းလွှာများအား ပြန်လည်ဖြေဆိုရန် ဆွေးနွေးခြင်း၊ သဘောထား ဖလှယ်ခြင်း တို့ကို ပြုလုပ်ခဲ့ပါသည်။
ILO ၏ ပြဌာန်းချက် တစ်ရပ်အဖြစ် ထွက်ပေါ်လာစေရန်အတွက် အဆင့်ဆင့်သော လုပ်ငန်းစဉ်များကို ILO ACTRAV (အလုပ်သမား ဗျူရို) မှ ရှင်းလင်းတင်ပြခြင်း၊ အိမ်တွင်းအကြမ်းဖက်မှုသည် အမျိုးသမီး အလုပ်သမားများအတွက် လုပ်ငန်းခွင် စွမ်းဆောင်ရည်အပေါ် သက်ရောက်မှု ရှိစေသကဲ့သို့ အမျိုးသမီးများနှင့် အမျိုးသားများအပေါ် အကြမ်းဖက်မှု နည်းမျိုးစုံကို ITUC အနေဖြင့် သုတေသနများ ပြုလုပ်ခဲ့ခြင်းတို့ကို ရှင်းလင်းတင်ပြခြင်း၊ ILO ညီလာခံ တက်ရောက်ခဲ့သည့် အမျိုးသမီးကိုယ်စားလှယ်များမှ မိမိတို့ အဖွဲ့အတွင်း ကိုယ်စားလှယ်ရွေးချယ်ခြင်း လုပ်ငန်းစဉ်နှင့် ILO ညီလာခံ တက်ရောက်သည့် အတွေ့အကြုံများကို ရှင်းလင်းတင်ပြခြင်း၊ ILO ၏ ပြဌာန်းချက်အမှတ် (၁၈၉) အိမ်တွင်း အလုပ်သမားအခွင့်အရေးဆိုင်ရာ ပြဌာန်းချက်ကို ဖိလစ်ပိုင်နိုင်ငံမှ အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး အစိုးရအနေဖြင့် လက်မှတ်ထိုးအောင် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များမှ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။
အစည်းအဝေးတွင် ပါဝင်သူများမှလည်း အတွေ့အကြုံများ ဖလှယ်ခြင်း၊ မေးခွန်းများ မေးမြန်းခြင်းတို့ကို ပြုလုပ်ခဲ့ပြီး နိုင်ငံအလိုက် ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းများ၊ ဒေသဆိုင်ရာအတွင်း လုပ်ဆောင်မည့် လုပ်ငန်းများ ဆွေးနွေး ခဲ့ကြပါသည်။

လေးစားစွာဖြင့်
ခိုင်ဇာအောင်
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် (CTUM)
အမျိုးသမီးကော်မတီ- ITUC-AP (ပထမ အရံကိုယ်စားလှယ်)

Leave a Reply

Your email address will not be published. Required fields are marked *