All for Joomla All for Webmasters
Round Table Discussion
IWFM invited the Danish review mission members to the IWFM small office
November 14, 2019
တောင်သူလယ်သမား ဖိုရမ်ကျင်းပ
November 15, 2019

Round Table Discussion

Round Table Discussion on Freedom of Association and Social Dialogue in the Global Textile, Garment and Shoes Sector on 15th Nov, 2019.
Representatives from IndustriALL, Brands, Suppliers, and IWFM participated. The objectives of the meeting was to create an opportunity to discuss the Freedom of Association Guidelines and for the relevant parties – brands, suppliers and the trade unions to strategize on the implementation and next steps. Sister Christina, IndustriALL explained the Global overview of the TGLS Sector and IndustriALL Action plan.
Khaing Zar, President of IWFM and Yin Yin , employer representative jointly explained the agreed Freedom of Association Guide line by IWFM and ACT member Brands. All participants discussed the strategy for effective implement of FOA guide line.

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၏ အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM နှင့် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းကဏ္ဍအဖွဲ့ချုပ် IndustriALL တို့သည် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ချည်မျှင်၊ အထည်နှင့် သားရေ လုပ်ငန်းကဏ္ဍတွင် တွေ့ဆုံ ဆွေးနွေးညှိနှိုင်း ခေါင်းစဉ်ဖြင့် အစည်းအဝေးတစ်ရပ်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ရန်ကုန်မြို့ Green Hill ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ Brands အထည်စက်ရုံများသို့ ပစ္စည်းအပ်သူများ၊ စက်ရုံကိုယ်စားလှယ်များ၊ IndustriALL နှင့် IWFM အဖွဲ့ချုပ်မှ ချည်မျှင်အထည်ကဏ္ဍ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး ကျင်းပရခြင်း ရည်ရွယ်ချက်မှာ ချည်မျှင် အထည်သားရေ ကဏ္ဍတွင် ပါဝင်ပတ်သက်သူများသည် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခြင်းဆိုင်ရာ လမ်းညွှန်ချက်နှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် နည်းနာများကို ဆွေးနွေးနိုင်ရန်အတွက် ဖြစ်ပါသည်။

IWFM အဖွဲ့ဝင်များဖြစ်သည့် ချည်မျှင်အထည်ကဏ္ဍမှ ဦးဆောင်သူများနှင့် Guide line ပား သဘောတူညီထားသည့် Brand များမှ ပစ္စည်းအပ်ထားသော ချန်းရီဖိနပ်စက်ရုံ အခြေခံ အလုပ်သမားအဖွဲ့အစည်း၊ Harvey Handbag အိတ်စက်ရုံအခြေခံအလုပ်သမားအဖွဲ့အစည်း၊ Huaxin Times, Prosperity အထည်ချုပ် စက်ရုံ၊ Dishang Fashion အထည်ချုပ်စက်ရုံအလုပ်သမားအဖွဲ့အစည်း၊

IndustriALL ၏ အထည်ချုပ်ကဏ္ဍ တာဝန်ခံ Sis Christina မှ ချည်မျှင်၊ အထည်၊ သားရေ ကဏ္ဍတွင် IndustriALL မှ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ မူဝါဒများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ACT အဖွဲ့ဝင် Brand များနှင့် IWFM တို့ ဆွေးနွေး သဘောတူညီထားသည့် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခြင်း ဆိုင်ရာ လမ်းညွှန်ချက် (မြန်မာ) အား IWFM ဥက္ကဌ ဒေါ်ခိုင်ဇာအောင်နှင့် အလုပ်ရှင် ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ် (Suzusilk စက်ရုံ) တို့မှ ပူးတွဲ၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသူများအားလုံးမှ FOA လမ်းညွှန်ချက်အား ဆက်လက် အကောင်အထည်ဖော်ရန် လိုအပ်ချက်များ၊ အကောင်အထည်ဖော် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM

CTUM’s Official Facebook page is below,


 

Leave a Reply

Your email address will not be published. Required fields are marked *