All for Joomla All for Webmasters
Second batch of Trainers’ Training Module
Press Conference on Minimum Wage by CTUM
October 22, 2017
AFFM တတိယအကြိမ် ညီလာခံ ( ဖွင့်ပွဲအခမ်းအနား)
October 22, 2017

Second batch of Trainers’ Training Module

Second batch of Trainers’ Training Module .

First batch was started on Feb 2016 and ended on Sep 2017. Now second batch is started since 2017 Sep for two groups with the objective to develop the pool of CTUM educators, 20 participants for each. Module training was held from 17-19 Oct 2017.

Module 1 .

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM သည် အဖွဲ့ချုပ်၏ အလုပ်သမားပညာပေးသူများ (သင်တန်းဆရာများ) ပိုမိုပေါ်ပေါက်လာေ၇းအတွက် ရည်ရွယ်၍ သင်တန်းဆရာဖြစ်သင်တန်း (Trainers’ Training Module) အပတ်စဉ် (၁) ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ စ၍ စတင်ပြုလုပ်ခဲ့ပါသည်။ အပတ်စဉ် (၁) တွင် သင်တန်းအုပ်စု (၂) စု လေ့ကျင့်သင်ကြားခဲ့ကြပြီး စုစုပေါင်း သင်တန်းသား (၄၀) ဦးကို သင်ကြားခဲ့ပါသည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် အပတ်စဉ် (၁) မှ နောက်ဆုံးသင်တန်းအဆင့်ထိ တက်ရောက်ခဲ့သူများအတွက် နောက်ဆုံး သင်တန်းကို ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။

ယခုအခါတွင် CTUM အနေဖြင့် သင်တန်းဆရာများ ထပ်မံမွေးထုတ်ရေး အစီအစဉ် (ဆရာဖြစ်သင်တန်း) အပတ်စဉ် (၂) ကို စတင်လျက်ရှိပါသည်။ ယခု အပတ်စဉ် (၂) တွင်လည်း သင်တန်းအုပ်စု (၂) အုပ်စု ခွဲထားပြီး တစ်ဖွဲ့လျှင် (၂၀) ဦးဖြင့် (၄၀) ဦးဖြစ်ပါသည်။ အပတ်စဉ် (၂) ၏ သင်တန်းသားများအတွက် ပထမအကြိမ် သင်တန်းကို (၁၇-၁၈-၁၉) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ဒိန်းမတ်နိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၏ LOFTF Council မှ သင်တန်းမှ လာရောက်ပို့ချခြင်းဖြစ်ပါသည်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း တို့မှ CTUM ၏အဖွဲ့ဝင်ဖြစ်သည့် သတ္တုတွင်းကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ စက်မှုကုန်ထုတ်ကဏ္ဍ၊ ဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်းကဏ္ဍမှ ညီအစ်ကိုမောင်နှမ (၂၀) ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။ သင်တန်းတွင် သင်တန်းတစ်ခု ပြုလုပ်သည့်အခါတွင် သင်တန်းလိုအပ်ချက်များ အကဲဖြတ်ခြင်း၊ သင်တန်းရည်ရွယ်ချက် တည်ဆောက်ခြင်း။ သင်တန်းတွင် မည့်သည့်အကြောင်းအရာများကို သင်ကြားမည်ဆိုသည်ကို ရွေးချယ်ခြင်း စဉ်းစားပုံ၊ သင်တန်းတွင် အသုံးပြုမည့် နည်းလမ်းများ၊ သင်ထောက်ကူပစ္စည်းများ အရေးပါပုံ၊ အသုံးပြုပုံ၊ သင်တန်းအစီအစဉ်များ ရေးဆွဲခြင်း၊ သင်တန်းနေရာ၊ သင်တန်းအကောင်အထည်ဖော်သည့် အခြေအနေ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *