All for Joomla All for Webmasters
Second Congress of Yangon Industrial Workers Union
လူမှုဖူလုံရေးသင်တန်း
October 16, 2018
CTUM Workshop on Labour Law Reform
October 16, 2018

Second Congress of Yangon Industrial Workers Union

4 township unions of CTUM/IWFM together has held the second congress of Yangon Region Indsutrial Workers Union on 26th Aug, 2018. The congress elected the 15 executive committee members. The ex-vice president, Daw Win Theingi Soe handed over the union acknowledge form to new executive committee.

ရန်ကုန်တိုင်းအတွင်းရှိ CTUM/ IWFM အဖွဲ့ဝင် မြို့နယ်အဖွဲ့အစည်း (၄) ဖွဲ့မှ ပါဝင်သော ရန်ကုန်တိုင်းဒေသကြီး ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့အစည်း ဒုတိယအကြိမ် ညီလာခံကို မှော်ဘီမြို့ နယ်၊ ဆတ်သွားတော ဘုန်းကြီးကျောင်း၊ တွင် ယနေ့ ၂၀၁၈ ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ ထိုညီလာခံသို့ မြို့နယ်လေးဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး အလုပ်အမှုဆောင်အဖွဲ့ဝင် (၁၅) ဦးအား မဲပေးစနစ်ဖြင့် ပြန်လည်ရွေးချယ်ခဲ့ကြပါသည်။ ယခင် ဒုဥက္ကဌ ဒေါ်ဝင်းသိင်္ဂိစိုးမှ အသစ်ပြနလည်ရွေးချယ်ခဲ့သော အမှုဆောင်အဖွဲ့အား တိုင်းမှတ်ပုံတင် ပုံစံ (၇) အား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ထိုညီလာခံသို့ CTUM ဥက္ကဌ ဦးမောင်မောင်၊ IWFM ဥက္ကဌ ဒေါ်ခိုင်ဇာအောင်၊ BWFM ဥက္ကဌ ဦးမင်းမင်းလတ်နှင့် AFFM မှ လက်ထောက်အထွေထွေအတွင်းရေးမှူး ဦးဌေးလွင်၊ အဖွဲ့ချုပ် ညီအစ်ကိုမောင်နှမများ၊ စည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *