All for Joomla All for Webmasters
Social Security Law Training
2011 Labour Organization Rule Training
June 17, 2017
၁၉၅၁ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေ သင်တန်း
June 17, 2017

Social Security Law Training

Social Security Law Training (2017 June 10th)

၂၀၁၇ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့တွင် စစ်​ကိုင်းတိုင်း​ဒေသကြီး၊ မုံရွာခရိုင်​၊ ဆားလင်းကြီး​မြို့နယ်​ ​ကြေးနီမိုင်းသတ္တုတွင်းလုပ်​ငန်း စက်​ရုံအိမ်​ယာ ရှိမြန်မာနိုင်ငံသတ္တုတွင်းအလုပ်သမား အဖွဲ့ချုပ် (MWFM )ရုံး​​​​​​တွင်​ လူမှုဖူလုံ​ရေးသင်​တန်းကို ကျင်းပခဲ့ပါသည်။
အဆိုပါသင်တန်းကို ဒိန်းမတ်​နိုင်​ငံ အလုပ်​သမားသမဂ္ဂအဖွဲ့ချုပ်​ (LO/FTF) နှင့် ​မြန်​မာနိုင်​ငံလုံးဆိုင်​ရာအလုပ်​သမားသမဂ္ဂများအဖွဲ့ချုပ်​(CTUM)တို့ပူး​ပေါင်း၍ TOT ဆရာဖြစ်​ သင်​တန်း​ပေးထား​သော သမဂ္ဂ​ခေါင်း​ဆောင်​များမှ မိမိတို့​ဒေသရှိသမဂ္ဂအဖွဲ့ဝင်​များကို ပြန်​လည်​ပို့ချ​သော သင်တန်းဖြစ်ပါသည်။
၎င်းသင်​တန်းကိုTOTသင်​တန်းဆင်းထား​သော ​ဒေါ်ဇွန်​ပွင့်​ဖြူ (မြန်​မာနိုင်​ငံ သတ္တုတွင်းအလုပ်​သမားအဖွဲ့ချုပ်​(MWFM)မှ ဦး​ဆောင်​ပို့ချပြီး ​လက်​ပံ​တောင်း​တောင်၊ ​ကြေးစင်​​တောင်​၊ စပယ်​​တောင်​တို့ရှိ မြန်​မာယန်​စီ သတ္တုတွင်း၊ စီနိုဟိုက်​ဒရိုသတ္တုတွင်း၊ ​ပေ​ပေါက်​​အောက်​ရှင်းသတ္တုတွင်း၊ ဝမ်​​ပေါင်​သတ္တုတွင်းတို့မှ သတ္တုတွင်းအလုပ်​သမားသမဂ္ဂအဖွဲ့ဝင်​ အလုပ်​သမားများ စုစုပေါင်း၂၁ ဦးခန့်​ တက်​​ရောက်​ခဲ့ကြပါသည်​။

Leave a Reply

Your email address will not be published. Required fields are marked *