All for Joomla All for Webmasters
Technical Working Group Meeting on Labour Laws Reform
Trade Union preparation meeting for Labour Laws amendment by ILO and Solidarity Center
April 9, 2017
Thone Gwa Township High School Teachers, computer training records
April 25, 2017

Technical Working Group Meeting on Labour Laws Reform

Technical Working Group Meeting on Labour Laws Reform (6-April- 2017)
2017 ခုနှစ် ဧပြီလ (၆) ရက်နေ့တွင် ”အမျိုးသားအဆင့် သုံးပွင့်ဆိုင် ဖွဲ့စည်းထားသော အလုပ်သမား ဥပဒေပြင်ဆင်ရေး နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ – Technical Working Group on Labour Laws Reform” ၏ အစည်းအဝေးကို ရန်ကုန်ုမြို့ ILO ရုံးတွင် ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေး သို့ Technical Working Group အဖွဲ့ဝင်များ ဖြစ်သည့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလျယ်များအပြင် ကော်မတီအဖွဲ့ဝင် မဟုတ်သည့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များကိုလည်း တက်ရောက်ခဲ့ကြပါသည်။
ထိုအစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM ၏ ကိုယ်စားလှယ်များဖြစ်သည့် ဒေါ်ခိုင်ဇာအောင် (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)၊ ဒေါ်အိန္ဒြာကြည်တင် (ဥပဒေပညာရှင် – CTUM ဥပဒေရေးရာဌာန) တို့သည့် Technical Working Group အဖွဲ့ဝင်များ အဖြစ် တက်ရောက်ခဲ့ပြီး ဒေါ်ဖြိုးစန္ဒာစိုး (လက်ထောက်အထွေထွေအတွင်းရေးမှူး – CTUM) သည်လည်း ILO ၏ ဖိတ်ကြားချက်အရ CTUM ကိုယ်စားပြု၍ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် အလုပ်သမားအဖွဲ့အစည်း ဥပဒေ ပြင်ဆင်ရေးနှင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ် EC ကိစ္စများ ဆွေးနွေးခဲ့ကြပါသည်။

အလုပ်သမားအဖွဲ့အစည်းတွင် ဥပဒေပြင်ဆင်လိုသည့် အချက်များနှင့် စက်လျဥ်း၍ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များ ပြင်ဆင်ထားသည့် အဆိုပြုချက်ကို ဒေါ်ဖြိုးစန္ဒာစိုးမှ တင်ပြခဲ့ပါသည်။

အစည်းအဝေးတွင် အလုပ်ရှင်၊ အလုပ်ရှင် ကိုယ်စားလှယ်များမှ ပြင်ဆင်လိုသည့် အချက်များကို တင်ပြကြပြီး တင်ပြချက်များအပေါ် ဆွေးနွေးခဲ့ကြပါသည်။ သို့သော် အစည်းအဝေး၏ ရည်ရွယ်ချက်အနေဖြင့် နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးနိုင်သည့်အခါ ဆွေးနွေးလိုသည့် အချက်များကို ကြို ပြင်ဆင်နိုင်ရန်အတွက် တင်ပြချက်များကို စုစည်းလိုခြင်းနှင့် နောက်ထပ်တွေ့ဆုံမည့် နေ့ရက်၊ အချိန်၊ လုပ်ငန်းစဉ်တို့ကို ချမှန်ရန် ဖြစ်ပါသည်။ ထိုအစီအစဉ်အတိုင်း ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကို နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ကျင်းပခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *