All for Joomla All for Webmasters
the ATUC Youth and Women Committee and its work plan
1st Congress of Federation of Trade Unions Burma – FTUB
October 16, 2018
UNIONS IN ASEAN BUILD ADVOCACY AND LOBBYING CAPACITY AGAINST GENDER-BASED VIOLENCE
October 16, 2018

the ATUC Youth and Women Committee and its work plan

Inception Workshop forming the ATUC Youth and Women Committee and its work plan
14-15, August, 2018
Avani Atrium Hotel, Bangkok, Thailand

၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်နေ့နှင့် (၁၅) ရက်နေ့များတွင် Asean Trade Union Council – ATUC မှ ဦးစီးကျင်းပပြုလုပ်သော လူငယ်နှင့် အမျိုးသမီးကော်မတီ ဖွဲ့စည်းခြင်း အစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ ကိုယ်စား ဒေါ်နန်းအေးမြမူ (ဒုဥက္ကဋ္ဌ- CTUM အမျိုးသမီးကော်မတီ) နှင့် ဒေါ်စန္ဒာစိုး (CTUM- သတင်းအချက်အလက်သိမ်းဆည်းရေးဌာန) တို့မှ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ အာဆီယံဒေသတွင်းနိုင်ငံများဖြစ်သည့်
၁) ကမ္ဘောဒီယားနိုင်ငံ
၂) အင်ဒိုနီးရှားနိုင်ငံ
၃) လာအိုနိုင်ငံ
၎) မလေးရှားနိုင်ငံ
၅) မြန်မာနိုင်ငံ
၆) ထိုင်းနိုင်ငံ (မတက်ရောက်နိုင်ပါ)
၇) စင်င်္ကာပူနိုင်ငံ (မတက်ရောက်နိုင်ပါ)
၈) ဖိလစ်ပိုင်နိုင်ငံ
၉) ဗီယက်နမ်နိုင်ငံ နှင့်
၁၀) တီမောနိုင်ငံတို့မှ လူငယ်များနှင့် အမျိုးသမီးများ တက်ရောက်ခဲ့ကြပါသည်။
စည်းအဝေးတွင်
၁) ATUC ၏ ဒုဥက္ကဋ္ဌ ဦးမောင်မောင်မှ အဖွင့်အမှာစကားပြောကြားခြင်း။
၂) ILO – ACTRAV ဘန်ကောက်ရုံးတာဝန်ခံ Brother. Pong Sul Ahn မှ အဖွင့်အမှာစကားပြောကြား ပေးခဲ့ပါသည်။
၃) တက်ရောက်လာသည့် လူငယ်များနှင့် အမျိုးသမီးများအားလုံး Team Building နှင့် Collaboration သွေးစည်းညီညွတ်မှု၊ စည်းလုံးမှုများ၊ ရရှိနိုင်ရန်အတွက် လေ့ကျင့်များပြုလုပ်ခြင်း။
၎) ATUC လူငယ်နှင့် အမျိုးသမီးကော်မတီ၏ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများ (Terms of Reference and Rules of Procedure) ကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ဆွေးနွေးခြင်း။
၅) အာဆီယံဒေသတွင်း ရွှေ့ပြောင်းအလုပ်သမားများကြုံတွေ့နေရသော အခက်အခဲများနှင့် ရွှေ့ပြောင်းသွားသွားလာခြင်းဆိုင်ရာကိစ္စရပ်များကို Ms. Marja Paavilainen မှ ဆွေးနွေးပေးခြင်း။
၆) လူငယ်များနှင့် အမျိုးသမီးများကြုံတွေ့နေရသော ပြဿနာများကို ဆွေးနွေးခြင်း။
၇) လူငယ်နှင့် အမျိုးသမီးကော်မတီ ဖွဲ့စည်းခြင်းနှင့် 2018-2019 အတွင်းလုပ်ဆောင်မည့် ကော်မတီ၏ လုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ပါသည်။
ATUC လူငယ်နှင့် အမျိုးသမီးကော်မတီကို အဖွဲ့ဝင် (၁၂) ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။
ကော်မတီ အဖွဲ့ဝင်များမှာ
၁) Brother. Robert Ivan Herrera (Philippines) – Co-Chair (Youth)
၂) Sister. Pheng Sunday (Cambodia) – Co-Chair (Women)
၃) Sister. Fauziah (Indonesia) – Vice-Chair (Women)
၎) Brother. Jose Lim Da Silva (Timor Leste) – Vice-Chair (Youth)
၅) Sister. Maimunah Binti Said (Malaysia) – Titular Member
၆) Sister . Sandar Soe ( Myanmar) – Titular Member
၇) Brother. Soukthavone Hotthavongsa (Laos) – Titular Member
၈) (Thailand) – Titular Member
၉) (Singapore) – Titular Member
၁၀) (Vietnam) – Titular Member
၁၁) Brother.Thai Sros (Cambodia) – Titular Member
၁၂) Brother. Arie Nugraha (Indonesia) – Titular Member
မှတ်ချက်။ ။ နိုင်ငံတစ်နိုင်ငံတွင် National Center တစ်ခုထက်ပိုသည့်နိုင်ငံများအနေဖြင့် အလှည့်ကျစနစ်ဖြင့် ကော်မတီတွင် တာဝန်ယူဆောင်ရွက်ရန် သဘောတူဆုံးဖြတ်ခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *