All for Joomla All for Webmasters
Trade Union Management and Financial Management Training
Trade Union Management and Administrative Skill Training
August 21, 2017
Gender Equality and Women Leadership training
August 21, 2017

Trade Union Management and Financial Management Training

Trade Union Financial Management Training for CTUM members from Industrial sector on 13th Aug, 2017 with the help of Solidarity Center.

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ၏ စက်မှုကုန်ထုတ် ကဏ္ဍမှ အဖွဲ့ဝင် အလုပ်သမားအဖွဲ့အစည်း ခေါင်းဆောင်များအတွက် အလုပ်သမားသမဂ္ဂ ဘဏ္ဍာရေး စီမံခန့််ခွဲမှု သင်တန်းကို အမေရိကန် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် AFLCIO ၏ ဖောင်ဒေးရှင်းတစ်ခုဖြစ်သည့် Solidarity Center (SC) ၏ အကူအညီဖြင့် ပြုလုပ်ခဲ့ပါသည်။ ထိုသင်တန်းသို့ စက်မှုကဏ္ဍမှ အလုပ်သမားအဖွဲ့အစည်းများအတွက် သင်တန်းများ ဆင့်ပွားပေးနေသည့် အဖွဲ့အစည်းနှင့် ခေါင်းဆောင်များ (၁၃) ဦး တက်ရောက်လျက်ရှိပါသည်။ သင်တန်း၏ ရည်ရွယ်ချက်မှာ သင်တန်းတက်ရောက်သူများသည် ဘဏ္ဍာငွေ ကောက်ခံခြင်း စနစ်များ၊ ထိန်းသိမ်းခြင်း စနစ်များကို စနစ်တကျလေ့လာသင်ယူ၍ အခြားသော ညီအစ်ကို မောင်နှမ သမဂ္ဂများ၊ ခေါင်းဆောင်များအား ပြန်လည် မျှဝေ သွားနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ပါသည်။ သင်တန်းသည် တစ်ရက်တာ သင်တန်းဖြစ်ပြီး (၇) မိုင် ရှိ SC ရုံးတွင် ပြုလုပ်ခြင်း ဖြစ်ပါသည်။
သင်တန်းတွင် ဆွေးနွေးပို့ချချက်အချို့ကို သိရှိနိုင်ပါရန်နှင့် လိုအပ်သလို အသုံးပြုနိုင်ပါရန်လည်း ဘဏ္ဍာရေးဆိုင်ရာ ပုံစံဖောင်အချို့အား တင်ပြထားပါသည်။ (၁၃-သြဂုတ်-၂၀၁၇)

Leave a Reply

Your email address will not be published. Required fields are marked *