All for Joomla All for Webmasters
Trade union management and financial management training
Organizing Campaign
October 16, 2018
National Mornitoring Committee meeting of H&M and IWFM
October 16, 2018

Trade union management and financial management training

Trade union management and financial management training for CTUM members in Sagaing.

၂၀၁၈ခုနှစ်၊သြဂုတ်လ(၁၃)ရက်၊
ကောင်းမှုတော်ကျောင်းတိုက်၊
အလုံ(မင်းဒေါင့်ရပ်)၊မုံရွာ၊စစ်ကိုင်းတိုင်းဒေသကြီး။

…..မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)၏ ကဏ္ဍအဖွဲ့ချုပ် တစ်ခုဖြစ်သော မြန်မာနိုင်ငံ ဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(BWFM)၏ အဖွဲ့ဝင်များဖြစ်ကြ သော စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမှ တင်ဝင်းထွန်းသစ်အပါးလွှာစက်ရုံ၊ အမှတ်(၅) သစ်အပါးလွှာစက်ရုံ၊ အမှတ်(၁)သစ်အပါးလွှာစက်ရုံနှင့် JLPC သစ်အပါးလွှာစက်ရုံ တို့မှ သမဂ္ဂအမှုဆောင်များနှင့် မုံရွာမြို့နယ် သစ်လုပ်ငန်း အလုပ်သမားအဖွဲ့အစည်းမှ အမှုဆောင်များအား “အဖွဲ့ဝင်ကြေးနှင့် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း(102)”ကို တစ်ရက်တာ ကျင်းပပေးခဲ့ပါသည်။

….. မြို့နယ်နှင့် အခြေခံသမဂ္ဂများ ရေရှည်တောင့်တင်းခိုင်မာ၍ အင်အားကောင်းသော သမဂ္ဂများ ဖြစ်ထွန်းလာစေရန် အတွက် မိမိတို့၏ သမဂ္ဂအဖွဲ့ဝင် ငွေကြေးများကို စနစ်တကျကောက်ခံခြင်း၊ထိန်းသိမ်းခြင်း၊ သမဂ္ဂ၏ အဖွဲ့ဝင်ကြေးများကို စနစ်တကျ သုံးစွဲတတ်စေရန် အားလုံးပူးပေါင်း ပါဝင်၍ သမဂ္ဂ၏ လစဉ်၊နှစ်စဉ်ဘတ်ဂျက်ရေးဆွဲခြင်း၊ ဘဏ်နှင့်လက်ဝယ်ရှိ လယ်ဂျာအား လစဉ် စာရင်းဖွင့်ခြင်း၊ လစဉ်ငွေစာရင်း ရှင်းတမ်းရေးဆွဲခြင်းများကို စနစ်တကျဆောင်ရွက်တတ်၍ ပွင့်လင်းမြင်သာမှု ရှိစေရန် ရည်ရွယ်၍ သင်တန်းပေးခြင်း ဖြစ်ပါသည်။

…..၎င်းသင်တန်းကို အမေရိကန်သွေးစည်း ညီညွတ်ရေးစင်တာ(Solidarity Center AFL/CIO)မှ ကူညီထောက်ပံ့ပေးပြီး သင်တန်းဆရာများအဖြစ် ဦးနေလင်းကျော်သူရ (အထွေထွေအတွင်းရေးမှူး/BWFM)၊ ဦးအောင်ဆန်းလင်း(စည်းရုံးရေးမှူး၊CC/BWFM)၊ဦးဇင်မင်းဝင်း(စည်းရုံးရေးမှူး၊CC/BWFM)နှင့် ဦးသက်မောင်မောင်(TTM-2/သင်တန်းဆရာ၊တင်ဝင်းထွန်း)တို့မှ ဦးဆောင်ပို့ချခဲ့ကြပါသည်။

…..သစ်အပါးလွှာစက်ရုံ (၄)ရုံမှ အခြေခံနှင့် မြို့နယ်မှ အမှုဆောင် ကျား-(၁၄)၊မ-(၁၅)စုစုပေါင်း(၂၉)ဦး တက်ရောက်ခဲ့ကြပါသည်။

မှတ်ချက်။ ။ ဖုန်းအခြေအနေကြောင့် သတင်းပို့မှု နောက်ကျခဲ့ခြင်းအား တောင်းပန်အပ်ပါသည်။

ThuraNaylin(BWFM)

Leave a Reply

Your email address will not be published. Required fields are marked *