All for Joomla All for Webmasters
Trainers Training Module (1) at CTUM office, Tamwe
WELCOME CTUM
September 9, 2016
Second Day of Trainers Training Module (1) by LO/FTF and CTUM
September 12, 2016

Trainers Training Module (1) at CTUM office, Tamwe

Trainers Training Module (1) at CTUM office, Tamwe
2-4 Sep 2016

ဆရာဖြစ်သင်တန်းအတွက် သင်ရိုးညွှန်းတမ်း (၁)

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) နှင့် ဒိန်းမတ်နိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (LO/FTF) တို့သည် ၂၀၁၅ ခုနှစ်တွင် CTUM မှ အလုပ်သမားသမဂ္ဂ ပညာပေး သင်တန်းဆရာများ ပိုမိုထွက်ပေါ်လာစေရန်အတွက် စီမံချက်တစ်ခုကို ဆွေးနွေးခဲ့ကြပါသည်။ ၂၀၁၆ ခုနှစ် ဇွန်လတွင် ထိုစီမံချက်ကို စတင် အကောင်အထည်ဖော်လာနိုင်ပါသည်။
ထိုအစီအစဉ်အရ – လုပ်ငန်းခွင်တွင်း ညှိနှိုင်းတောင်းဆိုမှုဆိုင်ရာ (CBA) နှင့် စပ်လျဉ်း၍ ဆင့်ပွား သင်တန်းများ ပေးနိုင်ရန် အုပ်စု (၂) စုကို သင်တန်းပေးရန်။ လေ့ကျင့်သင်ကြားမှုကို အဆင့်ဆင့် ပြုလုပ်သွားရန်။
ပထမအဆင့် – အလုပ်သမား ဥပဒေသင်တန်းပေးရန်။
ဒုတိယအဆင့် – CBA အခြေခံသင်တန်း။ (အပိုင်း -၁)
တတိယအဆင့် – သင်တန်းတစ်ခုပြုလုပ်ရန် ပြင်ဆင်ခြင်းနှင့် သင်ရိုးညွှန်းတမ်း ရေးဆွဲခြင်းဆိုင်ရာ နည်းပညာပေး သင်တန်း (ဆရာဖြစ်သင်တန်းအတွက် သင်ရိုးညွှန်းတမ်း – ၁)
စတုတ္တအဆင့် – CBA အဆင့်မြင့်သင်တန်း။ (အပိုင်း-၂)
ပဉ္စမအဆင့် – သင်တန်းတစ်ခုပြုလုပ်ရန် ပြင်ဆင်ခြင်းနှင့် သင်ရိုးညွှန်းတမ်း ရေးဆွဲခြင်းဆိုင်ရာ နည်းပညာပေး သင်တန်း (ဆရာဖြစ်သင်တန်းအတွက် သင်ရိုးညွှန်းတမ်း – ၂)
အဆင့်ဆင့် သင်ကြားလေ့ကျင့်သွားရန် ဖြစ်ပါသည်။ သင်တန်းတွင် အဆင့်ဆင့် လေ့ကျင့်သင်ကြားသည်ဖြစ်ရာ သင်တန်းအဆင့်တစ်ခုတွင် ပျက်ကွက်ခဲ့သော သူသည် နောက်အဆင့် သင်တန်းများကို တက်ရောက်ခွင့် မရရှိတော့ပါ။
သတ်မှတ်ထားသော အဆင့်သို့ ရောက်ရှိသည့်အခါ သင်တန်းသားများသည် ၄င်းတို့ကိုယ်တိုင် သင်တန်းများကို ဦးဆောင်၍ စီစဉ် ပြုလုပ်ရမည် ဖြစ်ပါသည်။
ယခု ပြုလုပ်နေသော သင်တန်းသည် စီမံချက်၏ တတိယအဆင့် – သင်တန်းတစ်ခုပြုလုပ်ရန် ပြင်ဆင်ခြင်းနှင့် သင်ရိုးညွှန်းတမ်း ရေးဆွဲခြင်းဆိုင်ရာ နည်းပညာပေးသင်တန်း (ဆရာဖြစ်သင်တန်းအတွက် သင်ရိုးညွှန်းတမ်း – ၁) ဖြစ်ပါသည်။
သင်တန်းသို့ စက်ရုံ (၁၉) ရုံမှ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များ၊ စည်းရုံးရေးမှူးများ စုစုပေါင်း (၂၃) ဦး တက်ရောက်ပါသည်။ (ကျား – ၁၃ ဦး၊ မ-၉ ဦး )
က) သင်တန်းအစီအစဉ်ပြင်ဆင်ခြင်းကို နည်းစနစ်တကျ ချဉ်းကပ်ခြင်း၊
ခ) အလုပ်သမားသမဂ္ဂ ဘာကြောင့် ပညာပေးဖို့ လိုအပ်လဲ။
ဂ) သင်တန်းလိုအပ်ချက်များကို ဖော်ထုတ်ခြင်း။
ဃ) သင်ရိုးညွှန်းတမ်းဒီဇိုင်းများ ပြင်ဆင်ခြင်း။
င) သင်ကြားမှု နည်းနာများ
စ) လက်တွေ့ညှိနှိုင်းဆွေးနွေးခြင်း
ဆ) အများရှေ့တွင် စကားပြောခြင်း စွမ်းရည်
ဇ) သင်တန်းတစ်ခုကို စီမံခန့်ခွဲခြင်း ဆိုင်ရာ နည်းပညာရပ်များကို သင်တန်း (၃) ရက်တာတွင် ဆွေးနွေးသွားမည် ဖြစ်ပါသည်။
LO/FTF မှ သင်တန်းဆရာ Bro Alvin Naboya သည် သင်တန်းတက်ရောက်လာသူ သမဂ္ဂ ခေါင်းဆောင်များသည် အပြန်အလှန်ဆွေးနွေးခြင်း။ အုပ်စုဖွဲ့ လေ့ကျင့်ခြင်း။ သရုပ်ဖော်လေ့ကျင့်ခြင်းတို့ဖြင့် ဖော်ပြပါ အကြောင်းအရာများကို သင်တန်းသားများ သိရှိ တက်မြောက်သွားစေရန် ဆွေးနွေး ပို့ချလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *