All for Joomla All for Webmasters
Twenty-fourth Session of the Committee on Forestry (COFO) and The Six World Forest Week (WFW)
Green Feed ဓာတ်​​မြေသြဇာ ​နွေရာသီ စပါးစမ်းသပ်​ကွက်​ပါ
August 17, 2018
(11)st Labour Reporters and Communication Training.
August 17, 2018

Twenty-fourth Session of the Committee on Forestry (COFO) and The Six World Forest Week (WFW)

Twenty-fourth Session of the Committee on Forestry (COFO) and The Six World Forest Week (WFW)
16th -20th July 2018 in Rome, Italy
၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့မှ ၂၀ ရက်နေ့အထိ အီတလီနိုင်ငံ ရောမမြို့ရှိ ကုလသမဂ္ဂ စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၏ ဌာနချုပ်တွင် သစ်တောကော်မတီ၏ (၂၄) ကြိမ်မြောက် သစ်တောရေးရာ ကော်မတီအစည်းအဝေး ကျင်းပခဲ့ပါသည်။
ထိုအစည်းအဝေးသို့ မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM) မှ ဘဏ္ဍာရေးမှူး ဒေါ်သီးခြားပန်းသည် အာရှလယ်သမားအဖွဲ့အစည်း (AFA) ကိုယ်စား တက်ရောက် ခဲ့ပါသည်။ AFFM သည် ၂၀၁၄ ခုနှစ်ကတည်းက AFA ၏ အဖွဲ့ဝင်ဖြစ်ပါသည်။
အာရှလယ်သမားအဖွဲ့အစည်းတွင် လယ်ယာလုပ်ငန်း၊ ငါးလုပ်းငန်းနှင့် သစ်တောလုပ်ငန်းများ၊ ပစ္စည်းများဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်နေသူများစသည့်လုပ်ငန်းများ ပါဝင်ပါသည်။
ထို့ကြောင့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့တွင် အာရှလယ်သမား အဖွဲ့အစည်းသည် သစ်တောရော နှော လယ်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသည့် အဖွဲ့ဝင်များ၏ ကိုယ်စား မိမိတို့ အဖွဲ့ဝင်ကဏ္ဍများ၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံဖြိုးရေးစီမံချက်ကို မည်ကဲ့သို့အကောင်အထည်ဖော်ဆောင်ရွက်မည် ဟူသော ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေး အကြံပြုခဲ့ပါသည်။
ထို့ပြင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့တွင်လည်း အာရှလယ်သမားအဖွဲ့အစည်းများ၏ ဒေသတွင်း၊ အမျိုးသားအဆင့်များတွင် ပါဝင်ဆောင်ရွက်မှုများကိုလည်း တင်ပြဆွေးနွေးခဲ့ပါသည်။ ထို့နောက် အဖွဲ့ဝင်များမှ သစ်တောရောနှော လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေကြသည့် အဖွဲ့အစည်းများ အားကောင်း ဆောင်ရွက်ပေးခြင်းအားဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကိုလည်း တင်ပြဆွေးနွေးခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *