All for Joomla All for Webmasters
Wage Training by CTUM –LO/FTF
အတင်းအကျပ်လက်မှတ်ထိုးခိုင်းပါက CTUM သမဂ္ဂအဖွဲ့ဝင်အားလုံး ဆန္ဒဖော်ထုတ်မည်ဟုဆို
December 2, 2016
2016 Payment law Training by CTUM –LO/FTF
December 4, 2016

Wage Training by CTUM –LO/FTF

Wage Training by CTUM –LO/FTF
လုပ်အားခအကြောင်း သင်တန်း

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့ ၊ ပဲခူးတိုင်ဒသေကြီး ရေတာရှည်မြို့နယ်တွင် လုပ်အားခအကြောင်းနှင့်ပတ်သက်၍ သင်တန်း ပြုလုပ်ခဲ့ပါသည်။
CTUM နှင့် LO/FTF ဒိန်းမတ်နိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့ပူးပေါင်းပြီး အလုပ်သမားများအား လုပ်ငန်းခွင်အတွင်း အလုပ်ရှင် အလုပ်သမားဆက်ဆံရေးကောင်မွန်စေရန် သင်တန်းများ သင်တန်းအဆင့်အလိုက် ပို့ချပေးခဲ့ပါသည်။
စုပေါင်းညှိနှိုင်းတောင်းဆိုမှုသဘောတူညီချက်CBAဆိုင်ရာ ဆရာဖြစ်သင်တန်းကို တက်ရောက်ပြီးသူများဖြစ်ပြီး မိမိတို့အလုပ်သမားအဖွဲ့အစည်းတွေ သင်ကြားလေ့လာခဲ့သည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။
ထိုသင်တန်းတွင် တက်ရောက်ခဲ့သူတစ်ဦးဖြစ်သော ဦးသိန်းနိုင်ဦး (ဥက္ကဋ္ဌ – ရေနီ SUMEC အထည်ချုပ် အခြေခံအလုပ်သမားသမဂ္ဂ) မှ ဦးဆောင်၍ သင်တန်းပို့ချပေးခဲ့ပါသည်။
ရေနီ SUMEC အထည်ချုပ် အခြေခံအလုပ်သမားသမဂ္ဂ နှင့် ရေနီ လက်ဝါးအထည်ချုပ် အခြေခံအလုပ်သမားသမဂ္ဂမှ သင်တန်းသူ သင်တန်းသား စုစုပေါင်း (၃၁) ဦး တက်ရောက်ပါသည်။
ကိုယ်ရဲ့ စွမ်းဆောင်ရည်အလိုက် လုပ်အားခမရလျှင် တစ်ဦးတစ်ယောက်တည်းပြောမည့်အစား အဖွဲ့လိုက်တောင်း ဆိုသင့်ကြောင်း၊ ပုစ္ဆာများနှင့် အဖြေရှာတွက်ချက်ခိုင်းခြင်းမှာ ကိုယ်ဘယ်လောက်လုပ်ရင် ဘယ်လောက်ရသင့်သည်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် သင်တန်းပြုလုပ်ခြင်းဖြစ်ပါသည်။
2 4

Leave a Reply

Your email address will not be published. Required fields are marked *