All for Joomla All for Webmasters
Workshop with National Mornitoring Committee and H&M Suppliers. Explained about Global Framwork Agrement GFA , Work of NMC, Considered planned for the factories.
အလုပ်​သမားသမဂ္ဂ လှုပ်​ရှားမှုနှင့်​ ထိ​ရောက်​​သော ​ခေါင်း​ဆောင်​မှုသင်​တန်း
November 23, 2018
အလုပ်သမားသမဂ္ဂအတွင်းစည်းရုံးရေးသင်တန်းကို စက်တင်ဘာလ ၃၀ရက်၂၀၁၈ခုနှစ် တွင် လှိုင်သာယာမြို့နယ် လူသုံးကုန် ပလပ်စတစ် မြို့နယ်အလုပ်သမားအဖွဲ့အစည်းရုံးတွင် ပြုလုပ်ခဲ့ပါသည်။ သင်တန်းကို စက်ရုံအလုပ်ရုံ ၈ရုံခန့်မှ အလုပ်သမား (၄၀)ဦး တက်ရောက်ခဲ့ကြသည်။
November 23, 2018

Workshop with National Mornitoring Committee and H&M Suppliers. Explained about Global Framwork Agrement GFA , Work of NMC, Considered planned for the factories.

Workshop with National Mornitoring Committee and H&M Suppliers. Explained about Global Framwork Agrement GFA , Work of NMC, Considered planned for the factories.

Place – CTUM Women Center
date – 28-9-2018

IndustriALL ၏ အဖွဲ့ဝင်မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM နှင့် H&M ရန်ကုန်ရုံး နှင့် ပူးပေါင်းဖွဲ့စည်းထားသော အမျိုးသားအဆင့် စောင့်ကြည့်ရေး ကော်မတီ National Monitoring Committee ကို ဖွဲ့စည်းထားပါသည်။

ယနေ့တွင် NMC ကော်မတီဝင်များနှင့် H&M ၏ အထည်များကို လက်ခံချုပ်ပေးနေသော (Supplier) စက်ရုံ (၉) ရုံမှ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများ ဆွေးနွေးပွဲတစ်ခုကိုပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် IndustriALL နှင့် H&M တို့ ချုပ်ဆိုထားသော ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် စာချုပ်ပါ အချက်များ (အလုပ်သမား အခွင့်အရေး စံနှုန်းများအား အာမခံမှု) အား ရှင်းလင်းတင်ပြခြင်း။ ထိုစာချုပ်ကို အကောင်အထည်ဖော်ရန်အတွက် NMC ကို ဖွဲ့စည်းထားကြောင်း ရှင်းပြခြင်း၊ NMC ၏ လုပ်ပိုင်ခွင့်၊ တာဝန်များကို ရှင်းလင်းတင်ပြခြင်း၊ NMC အနေဖြင့် စက်ရုံများတွင် လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်စေရေးအတွက် ဆောင်ရွက်သွားလိုသည့်၊ ပံ့ပိုးပေးမည့် စီမံချက်များ ရှင်းပြခြင်း။ အငြင်းပွားများ ဖြစ်ပွားသည့်အခါ NMC ၏ ပံ့ပိုးမှုကို ရယူနိုင်ကြောင်း၊ အကူအညီတောင်းခံနိုင်ကြောင်း တို့ကိုရှင်းပြခဲ့ပါသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသော စက်ရုံ၏ အုပ်ချုပ်ရေးပိုင်း တာဝန်သူများမှလည်း ၄င်းတို့၏ သဘောထားများ ကို ပြန်လည် ဆွေးနွေးခဲ့ကြပါသည်။

စက်ရုံတွင်း ဆောင်ရွက်မည့် ပညာပေးလုပ်ငန်းများအတွက် အစီအစဉ်များကို ဆက်လက်၍ ဆွေးနွေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *