All for Joomla All for Webmasters
အခြေခံသတင်းရေးသားနည်းနှင့်ဆက်သွယ်ရေးသင်တန်း
CTUM members have sent to Japan to learn about Japanese Trade Union movement
May 17, 2019
ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် တွေ့ဆုံခြင်း
May 17, 2019

အခြေခံသတင်းရေးသားနည်းနှင့်ဆက်သွယ်ရေးသင်တန်း

အခြေခံသတင်းရေးသားနည်းနှင့်ဆက်သွယ်ရေးသင်တန်း
(၂၀၁၉ မေ ၁၂-၁၃၊ Glorious Monywa Hotel၊ မုံရွာမြို့)

ထိုသင်တန်းကို CTUM ဆက်သွယ်ရေးဌာနမှ ပြုလုပ် ပြီး ဦးဆောင်ဆွေးနွေးသူများမှာ ဦးဇော်ဝင်းအောင် ( CTUM လေ့ကျင့်ပညာပေးရေးဌာန တာဝန်ခံ)၊ ဦးစည်သူဇေယျ ( Video Journalist)တို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံသတ္တူတွင်းအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MWFM ဥက္ကဌ ဦးသောင်းညွန့်မှ သင်တန်းသားများကို ဆက်သွယ်ရေးသည် သမဂ္ဂအတွင်း စည်းရုံးညီညွတ်မှု ရှိစေရေးတွင် အရေးကြီးကြောင်း၊ သမဂ္ဂမောင်နှမအနေဖြင့် သင်ယူလေ့လာမှုကို စဉ်ဆက်မပျက် ဆောင်ရွက်သင့်ကြောင်း၊ သမဂ္ဂပညာရေး တိုးတက်လာရန်အတွက် CTUM အဖွဲ့ချူပ်နှင့် FES တို့မှ ပူးပေါင်း ထောက်ပံ့ပေးမှုများကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ထိုသင်တန်း ပြုလုပ်ရခြင်း၏ MWFM အဖွဲ့ဝင်များအတွက် ရည်ရွယ်ချက်များမှာ
(၁)။ CTUM အဖွဲ့ဝင် ကဏ္ဍအလိုက် အဖွဲ့ချုပ်များတွင် မိမိတို့ ကဏ္ဍအလိုက် ဆက်သွယ်ရေး ဌာန (သို့) အဖွဲ့ (Team)များတွင် တာဝန်ယူ ဆောင်ရွက်နိုင်ရန် ၊
(၂)။ မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးထုတ်ပြန်ချက်များ ၊ သမဂ္ဂ ပညာပေးရေး ဆိုင်ရာ အကြောင်းအရာများကို ကဏ္ဍအလိုက် ဆက်သွယ်ရေးဌာန တာဝန်ရှိသူများမှ ချိတ်ဆက်ဆောင်ရွက်ရန် နှင့်
(၃)။ ကဏ္ဍအလိုက် အဖွဲ့ချုပ်များ၏ လှုပ်ရှားမှုများကို ပိုမိုထပ်ဟပ်လာစေပြီး သမဂ္ဂဖွံ့ဖြိုး တိုးတက်လာစေရန် ဖြစ်ပါသည်။

သင်တန်းပထမနေ့တွင် ဗီဒီယိုသတင်းများ၏ အခန်းကဏ္ဍများ၊ ရူထောင့်၊ အခြေခံဓါတ်ပုံရိုက်ကူးနည်း ၊ သတင်း ရယူခြင်းဆိုင်ရာ နည်းစနစ်များ၊ လက်တွေ့ရိုက်ကူးမှုများ ပြုလုပ်ခဲ့ပါသည်။
ဒုတိယနေ့တွင် သတင်းအမျိုးအစားများ၊ သတင်း၏ အရေးပါပုံ အခန်းကဏ္ဍ၊ သတင်းရေးသားနည်းနှင့် လက်တွေ့ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။
ဦးဆောင်ဆွေးနွေးသူများ၊ သင်တန်းသား စုစုပေါင်း (၂၁)ဦး (ကျား-၁၉၊ မ၊ ၂)ဦး ဖြစ်ပါသည်။

<iframe src=”https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fftub.burma%2Fposts%2F1096074107270357&width=500″ width=”500″ height=”791″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowTransparency=”true” allow=”encrypted-media”></iframe>

Leave a Reply

Your email address will not be published. Required fields are marked *