All for Joomla All for Webmasters
CTUM members have sent to Japan to learn about Japanese Trade Union movement
CTUM Internal Trainers Training Module – II
May 12, 2019
အခြေခံသတင်းရေးသားနည်းနှင့်ဆက်သွယ်ရေးသင်တန်း
May 17, 2019

CTUM members have sent to Japan to learn about Japanese Trade Union movement

The five CTUM members have sent to Japan to learn about Japanese Trade Union movement. The program is supported by JILAF. The duration is two weeks. The program is developing a core group of Trade Union leadership.

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM) သည် အဖွဲ့ဝင် သမဂ္ဂခေါင်းဆောင် (၅)ဦးအား ဂျပန်နိုင်ငံ၏ သမဂ္ဂလှုပ်ရှားမှုများ ကိုလေ့လာရန်နှင့် အစိုးရ။ အလုပ်ရှင်။ အလုပ်သမား ဆက်ဆံရေးအခြေအနေများကို လေ့လာနိုင်ရန် ယနေ့တွင် ဂျပန်နိုင်ငံသို့ စေလွှတ်ခဲ့ပါသည်။

လေ့လာရေးသင်တန်း/ ခရီးစဉ်သည် နှစ်ပတ်တာ ကြာမြင့်မည်ဖြစ်ပါသည်။ ထိုခရီးစဉ်ကို ဂျပန်နိုင်ငံအစိုးရ၏ ထောက်ပံ့မှုဖြင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ အလုပ်သမားဖောင်ဒေးရှင်း(JILAF)မှ ပံ့ပိုးကူညီခြင်းဖြစ်ပါသည်။

CTUM သည် မျိုးဆက်သစ် သမဂ္ဂခေါင်းဆောင်များအနေဖြင့် မိမိတို့ သမဂ္ဂ၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် စွမ်းဆောင်ရည် ပိုမိုမြင့်မားစေရန် ရည်ရွယ်၍ လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

ဂျပန်နိုင်ငံသို့ နှစ်စဉ် သင်တန်းသားစေလွှတ်ခဲ့သည်မှာ ၂၀၁၃ ခုနှစ်မှ စတင်ခဲ့ခြင်း ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ သမဂ္ဂစံနှုန်းများ နားလည်သော အလုပ်ရှင် အလုပ်သမားဆက်ဆံရေး ကောင်းမွန်မှု၏ အကျိုးရလာဒ်များကို နားလည်သော ခေါင်းဆောင်များ ပိုမိုများပြားလာပြီး အလုပ်သမားသမဂ္ဂလှုပ်ရှားမှုကို ဦးဆောင်မည့်သူများ ဖြစ်လာစေရန် ရည်ရွယ်ပါသည်။

<iframe src=”https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fftub.burma%2Fposts%2F1095028247374943&width=500″ width=”500″ height=”797″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowTransparency=”true” allow=”encrypted-media”></iframe>

Leave a Reply

Your email address will not be published. Required fields are marked *