၁၀၇ကြိမ်မြောက် ILC ညီလာခံ သွားခဲ့သည့်အလုပ်သမားကိုယ်စားလှယ်များ၏ သတင်းစာရှင်းလင်းပွဲ
အဆိုပါသတင်းစာရှင်းလင်းပွဲကို ၂၀၁၈ခုနှစ်၊ ဇွန်လ ၁၃ရက် Orchid ဟိုတယ်တွင် ပြုလုပ်ကျင်းပပါသည်။
ILC ညီလာခံတွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့် အကြောင်းအရာများမှာ
လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခြင်း နှင့် စည်းရုံးပိုင်ခွင့် အခွင့်အရေးကို အကာအကွယ်ပေးခြင်း ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် -၈၇ ( ၁၉၄၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံမှ အတည်ပြုသည်။)
မြန်မာနိုင်ငံ – ၁၉၅၅ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးသည်။
ဆုံးဖြတ်ချက်များ (ILO ၏ စံနှုန်းများ ကျင့်သုံးရေးဆိုင်ရာ ကော်မတီ)
၁။ ကော်မတီအနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ နှုတ်ဖြင့်တင်ပြချက်နှင့် အစိုးရ၏ တင်ပြချက်အပေါ် နောက်ဆက်တွဲ ဆွေးနွေးချက်များကို မှတ်တမ်းတင်သည်။
၂။ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခြင်း နှင့် စည်းရုံပိုင်ခွင့် အခွင့်အရေးကို အကာအကွယ်ပေးခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၈၇ အရ – အလုပ်သမားများ နှင့် အလုပ်ရှင်များသည် ၄င်းတို့၏ အခွင့်အရေးကို လွတ်လပ်စွာ ကျင့်သုံးပိုင်ခွင့်ရှိစေမည့် ဥပဒေမူဘောင်တွင် အချိန်ကာလကြာမြင့်စွာ စောင့်ဆိုင်းခဲ့ပြီးသော် လည်း တိုးတက်မှု မရှိခြင်းကို ကော်မတီအနေဖြင့် စိတ်ပျက်မိပါသည်။ (regretted)
၃။ မြန်မာအစိုးရ၏ တင်ပြချက်များ နှင့် တင်ပြချက်အပေါ် နောက်ဆက်တွဲ ဆွေးနွေးချက်များကို ထည့်သွင်း စဉ်စား၍ အောက်ပါအချက်များကို ဆောင်ရွက်ရန် မြန်မာအစိုးရကို ကော်မတီမှတိုက်တွန်းခဲ့ပါသည်။
• ဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ILO ၏ နည်းပညာ ကူညီပံ့ပိုးမှုများကို အပြည့်အ၀ရယူ၍ ပြဋ္ဌာန်းချက် အမှတ် – ၈၇ နှင့်အညီ အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့် အလုပ်သမားရေးရာ အငြင်းပွား မှုဖြေရှင်းရေးဥပဒေများကို ပြင်ဆင်ရေးအတွက် အာမခံရန်။
• အလုပ်သမားများသည် ရဲသား သို့မဟုတ် ပုဂ္ဂိလိကမှ ငှားရမ်းထားသော လုံခြုံရေးများ၏ အကြမ်းဖက် ခြိမ်းခြောက်ခံရခြင်း သို့မဟုတ် ၄င်းတို့၏ နိုင်ငံသား လွပ်လပ်ခွင့် အခွင့်အရေးများကို ချိုးဖောက်ခံရခြင်း မရှိစေဘဲ အလုပ်သမား သမဂ္ဂလှုပ်ရှားမှုများ ကို ဆောင်ရွက်ခွင့်ရရှိစေရေးကို အာမခံရန်။
• အလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်ရှင်အဖွဲ့အစည်းများကို အကျိုးအကြောင်း မဆီလျော်သော တောင်းဆိုချက်များ တောင်း၍ မှတ်ပုံတင်ခြင်းကို မကန့်သတ်ရေး အာမခံရန် နှင့် ၄င်းတို့၏ ကိုယ်ပိုင်ရွေး ချယ်မှုဖြင့် အဖွဲ့အစည်းများ တည်ထောင်ခွင့် နှင့် အဖွဲ့အစည်းများသို့ ၀င်ရောက်ခွင့်ကို လက်တွေ့ကျင့်သုံး ဆောင်ရွက်ရာတွင် နောင့်နှေးကြန့်ကြားခြင်းမရှိစေရေး အာမခံရန်။
• ဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် ရှင်းလင်း၍ ရည်ရွယ်ချက်ရှိသော စံနှုန်းသတ်မှတ်ချက်များ ပြည့်မှီပါက ငြင်းဆန်ခြင်းမပြုရန် နှင့် အလုပ်သမားသမဂ္ဂမှတ်ပုံတင်လျှောက်ထားမှုကို လျှင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေး အာမခံရန်။
• လူမှုရေးမိတ်ဖက်များ၏ ညှိနှိုင်းဆွေးနွေးမှုဖြင့် အထူးစီးပွားရေးဇုန်များတွင် အလုပ်သမား ဥပဒေပြုရေး ကို ပြဋ္ဌာန်းချက်အမှတ် -၈၇ နှင့်အညီ ဆောင်ရွက်ရန်။
• နောက်တစ်ကြိမ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ မတိုင်ခင်အထိ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်ရေးအဖွဲ့ (Direct Contacts Mission) ကို မြန်မာအစိုးရမှ လက်ခံရန် နှင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ တွင် ကျင်းပပြုလုပ်မည့် ကျွမ်းကျင်သူများ ကော်မတီ (Committee of Experts) အစည်းအဝေးသို့ အထက်တွင် ဖော်ပြထားသော အကြံပြုချက်များအပေါ်တွင် တိုးတက်ဖြစ်ထွန်းမှု အခြေအနေများကို အစီရင်ခံတင်ပြရန် အစိုးရကို ကော်မတီမှ တိုက်တွန်းသည်။
• မြန်မာအစိုးရကိုယ်စားလှယ်မှ “ ဆွေးနွေးချက်များတွင် ပါဝင်ဆွေးနွေးခဲ့သော ၄င်းတို့၏ အပြည်ပြည် ဆိုင်ရာ မိတ်ဖက်အစိုးရများ၊ ပြဋ္ဌာန်းချက်အမှတ် ၈၇ ကို လိုက်နာကျင့်သုံးရန် မြန်မာနိုင်ငံ၏ အားထုတ်ကြိုးပမ်းမှုတွင် ၄င်းတို့၏ ကူညီပံ့ပိုးပေးရန် ကမ်းလှမ်းချက်များ အတွက် ကျေးဇူးတင်ကြောင်း ပြောကြားသည်။ ထို့အပြင် မြန်မာအစိုးရကိုယ်စားလှယ်အနေဖြင့် အစိုးရသည် ILO နှင့် နီးကပ်စွာ ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ ILO ပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တတ်နိုင်သမျှ လျှင်မြန်စွာ ဆောင်ရွက်မည် ဖြစ်ကြောင်း နှင့် တတ်နိုင်သမျှ ပြီးပြည့်စုံအောင် ဆောင်ရွက်မည်ဖြစ်ကြောင်းကို ပြောကြားခဲ့သည် ”ကို မှတ်တမ်းတင်သည်။