All for Joomla All for Webmasters
ကိုလံဘီယာတက္ကသိုလ်မှ FRC အဖွဲ့၏ တောင်းဆိုချက်ကို မြန်မာ-အမေရိကန် မိသားစုမှ ပယ်ချခြင်း
ရွှေ့ပြောင်းအလုပ်သမားကိစ္စကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်၊ အလုပ်သမားလယ်သမားရေးရာကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ ဆွေးနွေးခြင်း
February 18, 2019
“အစိုးရ-အလုပ်ရှင်-အလုပ်သမားသုံးပွင့်ဆိုင်ဖွဲ့တယ်။ အရေးယူမှုအပိုင်းမှာကျတော့ အလုပ်ရှင်ကို ထောင်ချတာမျိုးမလုပ်ပါနဲ့ဆိုတာမျိုးရှိတယ်။ တကယ်တမ်းက ဥပဒေမှာ မျက်စိမရှိရဘူး။”
February 26, 2019

ကိုလံဘီယာတက္ကသိုလ်မှ FRC အဖွဲ့၏ တောင်းဆိုချက်ကို မြန်မာ-အမေရိကန် မိသားစုမှ ပယ်ချခြင်း

ကိုလံဘီယာတက္ကသိုလ်မှ FRC အဖွဲ့၏ တောင်းဆိုချက်ကို မြန်မာ-အမေရိကန် မိသားစုမှ ပယ်ချခြင်း
၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီ ၁၁
ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (FRC) မှ ကမကထပြုလုပ်ခဲ့သော “မြန်မာနိုင်ငံတွင် အကာအကွယ်ပေးရေး နှင့်တာဝန်ခံရေး ဆိုင်ရာ နိုင်ငံတကာညီလာခံ” International Conference on Protection and Accountability in Burma” မှ တောင်းဆိုချက်အား အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းခြေမှသည် အနောက်အလယ်ပိုင်းနှင့် အနောက်ဘက်ကမ်းခြေအထိ ပါဝင်ကြသော ကျွန်ုပ်တို့ မြန်မာ-အမေရိကန်မိသားစုမှ လုံးဝဥဿုံပယ်ချသည်။
မြန်မာနိုင်ငံသည် လူဦးရေ ၅၆ သန်းရှိနေသော နိုင်တစ်နိုင်ငံဖြစ်နေပြီး လွတ်လပ်ရေးရရှိချိန် ကတည်းက ပိုမိုတိုး တက်ကောင်းမွန်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့သော နိုင်ငံဖြစ်သည်။ အကျင့်ပျက်အဂတိလိုက်စားခြင်းနှင့် စီမံခန့်ခွဲမှုလွဲမှားခြင်းတို့ လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်ကာလတွင် မြန်မာနိုင်ငံအား မတရားသဖြင့် ဖိနှိပ်ချုပ် ချယ်အုပ်ချုပ်မှုများဆီသို့ ဦးတည်ခဲ့စေသည်ကို သမိုင်းက သက်သေပြခဲ့ပြီးဖြစ်သည်။ မူဆလင်များ ခရစ်ယာန်ဘာ သာဝင်များသာမက လူဦးရေအများဆုံး ဗုဒ္ဓဘာသာဝင်များ ပါဝင်ကြသည့် မြန်မာနိုင်ငံတွင် ပြည်သူလူထုသည် ဒုက္ခများစွာခံစားခဲ့ကြရပြီး ဖြစ်ကြသည်။
၂၀၁၅ တွင် ပြည်သူလူထု ရွေးကောက်တင်မြှောက်သည့် အစိုးရသည် နိုင်ငံကိုပြန်လည်တည်ဆော က်ရန်အတွက် မြန်မာနိုင်ငံ၏ စစ်ခေါင်းဆောင်များနှင့် ဆက်ဆံရေးကောင်းမွန်မှုကို ပုံဖေါ်သည့်ကြိုးပမ်းခြင်း တစ်ရပ်အနေနှင့် နိုင်ငံကို အကန့်အသတ်ဖြင့်သာ ထိန်းချုပ်အုပ်ချုပ်ခဲ့သည်။ အတိတ်ကာလနှစ်ပေါင်း ၆၀ကျော် စနစ်တကျ တင်းကျပ်စွာအုပ် ချုပ်ခဲ့ခြင်းကြောင့် ၅၆ သန်းသော ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သောဝန်းကျင်တစ်ရပ် ဖန်တီးရေးကို ဆက်လက်ဆောင်ရွက်ရာတွင် ခက်ခဲမှုများရှိနေသည်။
ရခိုင်ပြည်နယ်နှင့်တကွ မြန်မာနိုင်ငံတစ်နံတစ်လျား ပဋိပက္ခများရှိနေကြသည်တွင် ကိုလံဘီယာတက္ကသိုလ်သည် FRC နှင့်အတူ ၅၆ သန်းသောပြည်သူလူထုကို သပိတ်မှောက်ဆန့်ကျင်ကြရန် တောင်းဆိုနေသည်။ FRC သည် မိမိကိုယ်မိမိ အမှန်တရားကို မျက်ကွယ်ပြုလျှက် ဘာမှအကျိုးရှိမည်မဟုတ်သော မြန်မာနိုင်ငံမှ နယ်မြေဖဲ့ထုတ်ရေးကို တောင်းဆိုနေသည်။ ဤတောင်းဆိုချက်ကို ကျွန်ုပ်တို့ မြန်မာ-အမေရိကန်မိသားစုမှ လုံးဝဥဿုံပယ်ချပြီး ဤတောင်းဆိုချက် အရ ပေါ်ပေါက်လာမည့် လှုပ်ရှားမှုအားလုံးကို ကျွန်ုပ်တို့မှ ထိပ်တိုက်ရင်ဆိုင်သွားမည်။ မြန်မာပြည်သူလူထုအား ငတ်မွတ်ခေါင်းပါးစေခြင်းဆီသို့ သယ်ဆောင်လာမည်ဖြစ်သည့် အဆိုပါတောင်းဆိုချက်များကို ပါဝင်ထောက်ခံအားပေး နေကြသော ကိုလံဘီယာတက္ကသိုလ်နှင့်တကွ အားလုံးသောကုလသမဂ္ဂအဖွဲ့အစည်းများ၏ကိုယ်စားလှယ်များအား ကျွန်ုပ်တို့မှ ပြစ်တင်ရှုတ်ချသည်။ ကုလသမဂ္ဂသည် မြန်မာနိုင်ငံမှ နယ်မြေဖဲ့ထုတ်ရေးကို တောင်းဆိုနေခြင်းအား ပါဝင်ပတ်သက်နေပါက ကုလသမဂ္ဂမှ မိမိ၏မူဝါဒများကို မျက်ကွယ်ပြုလျှက် ဤကိစ္စတွင် တရားမဲ့ပြုကျင့်ခြင်းသာ ဖြစ်သည်။
ကျွန်ုပ်တို့၏ ပြည်သူလူထုမှ ငတ်မွတ်ခေါင်းပါးခြင်းဘေးဒုက္ခ ခံစားကြရမည့်အရေးကို လက်ပိုက်ကြည့်နေခြင်းဖြင့် ကျွန်ုပ်တို့မြန်မာအမေရိကန်များမှ လစ်လျှူရှုထားကြမည် မဟုတ်။

အချုပ်အားဖြင့် FRC သည် မြန်မာ-အမေရိကန်များနှင့် တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းရေးကို လက်မခံပယ်ချခြင်းသည် ရခိုင်ပြည်နယ်ပဋိပက္ခအား ဖြေရှင်းရေးနည်းလမ်းများကို ရှာဖွေရေးအတွက် ထိတွေ့ဆက်ဆံခြင်းများကို ဆန္ဒမရှိကြောင်း FRC မှ ပြသခြင်းဖြစ်သည်။
အချို့သော မြန်မာ-အမေရိကန်များ၏ အပြုသဘောဆောင်ချဉ်းကပ်ခြင်းအား ပယ်ချနေခြင်းသည် တစ်ပွဲပြီးတစ်ပွဲ FRC ၏ တစ်ဘက်သတ်အမြင်များဖြင့်သာ ရှေ့တိုးလုပ်ဆောင်နေခြင်းအဖြစ် မြင်တွေ့နေရသည်။ ဗလီပေါင်း လေးထောင်ကျော်ရှိသည့်နိုင်ငံတွင် အတူတူကြီးပြင်းလာခဲ့ကြသော်လည်း လောလောဆယ်တွင် အလယ်အလတ်သဘာထားရှိသည့် မြန်မာများပင် လူမျိုးရေးခွဲခြားသူများအဖြစ် စွပ်စွဲခံနေရကြရသည်။ အခြားသောကိုးကွယ်ရာဘာသာများ၏ ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်ခွင့်ရရှိရေး အလွန်ခက်ခဲလှသည့် အရှေ့အလယ်ပိုင်းဒေသနှင့် မြန်မာနိုင်ငံအား FRC မှ နှိုင်းယှဉ်၍ပင် ရနိုင်မည် မဟုတ်ချေ။
မြန်မာနိုင်ငံမှ ဆုံးရှုံးမှုရှိခဲ့လျှင် ရခိုင်ပြည်နယ်အတွက် အကျိုးဖြစ်ထွန်းခြင်း မမည်ပေ။ ရခိုင်ပြည်နယ်ရှိ ပြည်သူလူထု အကြား ကောင်းမွန်နွေးထွေးသော ဆက်ဆံရေးတစ်ရပ်လည်း ဖြစ်လာမည် မဟုတ်။ မည်သူတစ်ဦး တစ်ယောက် အတွက်မှ အပေါင်းလက္ခဏာမဆောင်သည့် တစ်ဘက်သတ်အမြင်များအပေါ်တွင်သာ အာရုံစူးစိုက်နေကြမည့်အစား သက်ဆိုင်သူအားလုံးမှ အတူတကွပူးပေါင်းအဖြေရှာကြရေးကို ကျွန်ုပ်တို့မှ တောင်းဆိုသည်။ အတူတကွ ယှဉ်တွဲနေ ထိုင်ရေးအတွက် ထိပ်တိုက်ရင်ဆိုင်တွေ့ကြခြင်းမဟုတ်ပဲ တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ ရလဒ်များကို ဆောင်ကျဉ်း လာနိုင်မည် ဖြစ်သည်။
(မြန်မာဘာသာဖြင့် မေးခွန်းမေးလိုပါက ဆက်သွယ်ရန် ဖုံးနံပါတ် 260-249-4516 ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် burmapoint@gmail.com သို့ဆက်သွယ်ကြပါရန်)

Leave a Reply

Your email address will not be published. Required fields are marked *