All for Joomla All for Webmasters
“အစိုးရ-အလုပ်ရှင်-အလုပ်သမားသုံးပွင့်ဆိုင်ဖွဲ့တယ်။ အရေးယူမှုအပိုင်းမှာကျတော့ အလုပ်ရှင်ကို ထောင်ချတာမျိုးမလုပ်ပါနဲ့ဆိုတာမျိုးရှိတယ်။ တကယ်တမ်းက ဥပဒေမှာ မျက်စိမရှိရဘူး။”
ကိုလံဘီယာတက္ကသိုလ်မှ FRC အဖွဲ့၏ တောင်းဆိုချက်ကို မြန်မာ-အမေရိကန် မိသားစုမှ ပယ်ချခြင်း
February 26, 2019
နိုင်ငံပိုင်မှ ပုဂ္ဂလိကပိုင်သို့ လွဲပြောင်းခြင်းဆိုင်ရာ ဆွေးနွေးပွဲဆိုင်ရာ ဗီဒီယိုမှတ်တမ်း
March 6, 2019

“အစိုးရ-အလုပ်ရှင်-အလုပ်သမားသုံးပွင့်ဆိုင်ဖွဲ့တယ်။ အရေးယူမှုအပိုင်းမှာကျတော့ အလုပ်ရှင်ကို ထောင်ချတာမျိုးမလုပ်ပါနဲ့ဆိုတာမျိုးရှိတယ်။ တကယ်တမ်းက ဥပဒေမှာ မျက်စိမရှိရဘူး။”

“အစိုးရ-အလုပ်ရှင်-အလုပ်သမားသုံးပွင့်ဆိုင်ဖွဲ့တယ်။ အရေးယူမှုအပိုင်းမှာကျတော့ အလုပ်ရှင်ကို ထောင်ချတာမျိုးမလုပ်ပါနဲ့ဆိုတာမျိုးရှိတယ်။ တကယ်တမ်းက ဥပဒေမှာ မျက်စိမရှိရဘူး။”
============================================

ပြည်တွင်းရှိ အလုပ်ရှင်-အလုပ်သမားပြဿနာများ၏ ဖြစ်ပေါ်ပုံအကြောင်းအရင်းများနှင့် ယင်းတို့ကိုဖြေရှင်းတွင် အထူးပြုကိုင်တွယ်ဆောင်ရွက်သင့်သည့် ကဏ္ဍများအကြောင်းကို အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) ၏ ဆက်သွယ်ရေးတာဝန်ခံ ဦးမင်းလွင်ကို Myanmar Harp Media မှ အယ်ဒီတာအဖွဲ့ဝင် ဖြိုးမင်းပိုင်မှ တွေ့ဆုံမေးမြန်းထားပါသည်။

• မြန်မာနိုင်ငံရဲ့ အလုပ်ရှင်အလုပ်သမားပြဿနာတွေက အသံကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာရခြင်း အကြောင်းက ဘယ်လိုအချက်ကြောင့်လို့မြင်လဲခင်ဗျ။

အစိုးရရဲ့တချို့အရာရှိတွေက ဖောင်ကြီးတို့၊ ဇီးပင်ကြီးတို့မှာ ဘယ်လိုသင်လာခဲ့လဲမသိဘူး။ ကိုယ်က လိုအပ်တာကို ညွှန်ကြားမယ်ဆိုတာထက် ပြည်သူရဲ့အမြင်၊ အလုပ်သမားရဲ့အမြင်ကို နားထောင်ပေးပြီး ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားပေးတာ နည်းတယ်။ နိုင်ငံခြားမှာတော့ နိုင်ငံတစ်ခုက ကုန်ပစ္စည်းတွေ ၀ယ်မယ်ဆိုရင် Free Trade Agreement တွေလုပ်ရတယ်။ အစိုးရက သဘောတူညီမှုလုပ်ရမယ့် အချက်တွေကို နိုင်ငံတွင်းက အလုပ်သမားသမဂ္ဂကို ပြတယ်။ သူတို့ရဲ့ အမြင်ကိုတောင်းခံတယ်။ သမဂ္ဂဘက်က တင်ပို့မယ့် ကုန်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီမှာ အဓမ္မခိုင်းစေမှုတွေရှိနေလား၊ အလုပ်သမား ခွဲခြားဆက်ဆံမှုတွေရှိနေလား ဆိုတာမျိုးတွေကြည့်တယ်။ ဘယ်အချက်တွေ ပြင်ရမလဲဆိုတာကြည့်ပြီး အစိုးရကို ပြန်ပြောတယ်။ ဒီတော့ ပြဿနာမရှိတော့ဘူး။ မြန်မာနိုင်ငံမှာတော့ ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုရင် သိပ်လွယ်တယ်။ အလုပ်ရှင်ကို ဦးစားပေးတယ်။ ဒီတော့ One Stop Service ဆိုပြီးလုပ်ပေးတယ်။ ကျွန်တော်တို့ ကြုံဖူးတဲ့ဟာတစ်ခုဆိုရင် စက်ရုံပိတ်တော့မယ်ဆိုတော့ အလုပ်သမားတွေ လခ တစ်လ၊ နှစ်လစာမရတာတွေ ဖြစ်တော့ လုပ်ငန်းရှင်ကို ဘယ်လိုက်ရမှန်းမသိတော့ဘူး။ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ ရင်းနှီးမြှုပ်နှံမှုစလုပ်တော့မယ်ဆိုရင် သံရုံး တွေကလည်းစစ်ရမယ်။ သူ့ရဲ့ နောက်ခံအခြေအနေတွေက ဘယ်လိုရှိမလဲ သေချာစစ်ရမယ်။ နောက်ပြီးတော့ အလုပ်သမားဝန်ကြီးဌာန ကိုလည်းပါစေချင်တယ်။ အလုပ်သမားဘက်ကလည်း ပါပြီး ဆွေးနွေးရမယ်။ ဒါဆိုရင် အလုပ်သမားကဏ္ဍမှာဆိုရင်လည်း အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ၊ အလုပ်အကိုင်တတ်ကျွမ်းမှုတွေဖြစ်လာဖို့ ဘယ်လိုလုပ်သင့် တယ်ဆိုတာတွေကိုပါ တိုင်ပင်လုပ်ဆောင်သင့်တယ်။

• လတ်တလောပြဿနာမှာဆိုရင် အလုပ်သမားတွေရဲ့ သဘောဆန္ဒကို နားမထောင်ဘဲ လုပ်တယ်ဆိုတဲ့ စကားလုံးပေါ့လေ။ အဲဒီမှာလည်းကဏ္ဍတွေကျယ်ပြန့်တော့ ကျွန်တော်မေးချင်တာက စံချိန်စံညွှန်းကဏ္ဍပိုင်းပါ။ အလုပ်သမားအဖွဲ့အစည်းတွေက ILO စံချိန်စံညွှန်းကို တင်ပြပေမယ့် တစ်ဖက်မှာလည်း ကျွန်တော်တို့နိုင်ငံက ဖွံ့ဖြိုးဆဲအခြေအနေဖြစ်နေတာဆိုတော့ ဒီစံနှုန်းကို လုပ်ဖို့ အဆင်မပြေသေးပါဘူးဆိုတဲ့ စဉ်းစားမှုတွေကလည်းရှိနေတာဆိုတော့ ဒီနှစ်ခုအကြားအဆင်ပြေအောင် ဘယ်လိုညှိနှိုင်းလုပ်ကိုင်သွားစေချင်လဲ။

အရင်ဆုံးတော့ ILO စံချိန်စံညွှန်း Core Labor Standards မှာ အချက်လေးချက်ပေးထားတယ်။ အရေးအကြီးဆုံးက အလုပ်သမားသမဂ္ဂဖွဲ့စည်းခွင့်၊ စေ့စပ်ဆွေးနွေးညှိနှိုင်းခွင့်၊ အဓမ္မခိုင်းစေမှုမလုပ်ရဘူး။ ကလေးအလုပ်သမားမရှိရဘူး။ အဆင့်ခွဲခြားမှုမရှိရဘူး။ ILO အပြင် တခြား Guide Lines တွေလည်း အများကြီး ရှိသေးတယ်။ Global Compact, Organisation for Economic Co-operation and Development (OECD), Corporate social responsibility (CSR) စတာတွေရှိတယ်။ အလုပ်ရှင်တွေဘက်လည်းသိပြီး စဉ်းစားဖို့လိုတယ်။ တစ်ဖက်မှာလည်း အလုပ်ရှင်တွေ ရဲ့အခက်အခဲကို ဖြေရှင်းပေးရတဲ့နေရာမှာ အလုပ်သမားလစာ ဈေးနှုန်းချိုရမယ်။ ဥပဒေတွေက အလုပ်ရှင်တွေအ ကြိုက် ဖြစ်မှသာ ရင်းနှီးမြှုပ်နှံမှုတွေဝင်မယ်လို့ အစိုးရဘက်ကမြင်တယ်။ ဒါပေမယ့် တခြားသော စဉ်းစားသင့်တဲ့အချက်တွေဖြစ်တဲ့ မြေငှားရမ်းခ၊ အခြေခံအဆောက်အအုံပြည့်စုံမှု၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ကဏ္ဍတွေကလည်း လိုသေးတယ်။ လုပ်ခနည်းနည်းနဲ့လုပ်မှ အမြတ်ပိုရမယ်။ ဒါမှ လုပ်ငန်းရှင်တွေဝင်မယ်ဆိုတဲ့ အမြင်က အတော်နောက်ကျခဲ့ပြီ။ အခုဆိုရင် ရခိုင်ကိစ္စတွေဖြစ်ပြီး အရှေ့အလယ်ပိုင်းက မ၀ယ်တဲ့ ပစ္စည်းတွေအများကြီးရှိတယ်။ သားငါးတွေ၊ အ၀တ်အထည်ကဏ္ဍတွေလည်းပါတယ်။ ဒီပစ္စည်း တွေက ချွေးတွေ၊ သွေးတွေပေနေတဲ့ အ၀တ်အထည်တွေကို ငါတို့မ၀တ်ဘူးဆိုတဲ့ စံနှုန်းနဲ့ တက်ကြွလှုပ် ရှားမှုတွေရှိနေတယ်။ ဆိုလိုချင်တာက မြေလည်း မြန်မာပြည်မှာအများကြီးပါပဲ။ လျှပ်စစ်၊ ပို့ဆောင်ရေးကဏ္ဍတွေပြည့်စုံအောင်လုပ်မယ်ဆိုရင် တော်တော်လေးလာကြမှာပါ။ ဂျပန်ဆိုလည်း တော်တော် လေးစဉ်းစားနေပြီ။ မြန်မာနိုင်ငံက ဂျပန်ရဲ့အနာဂတ်အတွက် အလွန်ကောင်းပြီး သူတို့တွက်ဆထားပုံအရ မြန်မာနိုင်ငံက အဆင့် (၃) လို့သိရတယ်။ ဒါပေမယ့် တကယ်တမ်းအလုပ်လုပ်တဲ့ ရာခိုင် နှုန်းကတော့ နည်းသေးတယ်။ ရင်းနှီးမြှုပ်နှံမှုမ၀င်သေးဘဲ အခြေအနေစောင့်ကြည့်နေတဲ့ ရာခိုင်နှုန်းက ၈၀ လောက်ရှိတယ်။ သူတို့က လုပ်ခကို ဂရုမစိုက်ပေမယ့် ကျွမ်းကျင်လုပ်သားတွေတော့လိုချင်တယ်။ ဒါက တစ်နိုင်ငံလုံးအနေနဲ့ပြောရမယ်ဆိုရင် ပညာရေးတွေပြင်ရမယ်။

• အလုပ်သမားတွေရဲ့ အသံနားမထောင်တာမှာ နောက်ကဏ္ဍတစ်ခုက ဥပဒေကဏ္ဍတွေအပိုင်းပေါ့ လေ။ ဥပဒေတွေမှာ အလုပ်သမားအသံတွေမပါတာမှာ အစိုးရရဲ့ သဘောထားက ဘယ်လိုရှိတယ်လို့မြင်လဲ။ အဲဒီဖြစ်စဉ်မှာရော ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်လဲ။

အခု NLD အစိုးရလက်ထက်မှာ အစိုးရရဲ့ ဦးစားပေးတာက ငြိမ်းချမ်းရေးဖြစ်ပြီး လုပ်နေရင်းနဲ့လည်း ရခိုင်ဘက် ပြဿနာတက်တာတွေလည်းရှိတာပေါ့။ နောက်ပြီး အမတ်တွေထဲမှာကလည်း အလုပ်သမားကဏ္ဍ ကိုသေချာ အထူးပြုလုပ်ကိုင်တာနည်းတယ်ဆိုတာတွေ့ရတယ်။ လူတော်တွေကတော့ရှိပါတယ်။ ငြိမ်းချမ်းရေး လုပ်ရင်း အားနည်းသွားတာပေါ့လေ။ ခေတ်သစ်နဲ့ အနာဂတ်ကုန်သွယ်ရေးမှာ အများကြီးမူတည်တာက International Standards, Guide Lines တွေရှိတယ်။ ဒီအပိုင်းတွေကို သေချာလေ့လာပြီးသွားကြမယ်ဆိုရင် ပိုကောင်းမယ်လို့မြင်တယ်။

• ဒီ Rules, Guide Lines, Standards တွေမှာလည်း ပြည်တွင်းမှာ အားလုံးလုပ်လို့ အဆင်ပြေ နိုင်ပါ့မလား။ ဘာလို့လဲဆိုတော့ ပြည်တွင်းအခြေအနေနဲ့ လုပ်လို့မဖြစ်နိုင်သေးဘူးဆိုတဲ့ အမြင်တွေလည်းရှိနေတော့ ဒီအပေါ်သုံးသပ်ပေးပါ။

လုပ်လို့မရဘူးဆိုတော့ မလုပ်လိုက်ခြင်းအားဖြင့် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေက ဘယ် လောက်အထိ ပိုဆိုးနိုင်လဲဆိုတာကို မြင်ကြည့်ဖို့လိုတယ်။ အလုပ်သမားတစ်ယောက်ကို အလုပ်ထုတ် ခြင်းက သူ့ကို သေဒဏ်ပေးတာလိုမျိုးပါပဲ။ နိုင်ငံအနေနဲ့ မသင့်တော်ဘူးဆိုတာလည်း မဖြစ်သင့်ဘူး။ ဒီလိုမှ မလုပ်ရင် ကမ္ဘာမှာ ကျွန်တော်တို့နိုင်ငံရဲ့ စံချိန်စံညွှန်းက ပိုပိုဆိုးလာမယ်လို့ပဲ ကျွန်တော်မြင်တယ်။ ဒီဆင်ခြေက အင်မတန်ညံ့တဲ့ ဆင်ခြေပါပဲ။ ဖွံ့ဖြိုးရေးအတွက်လုပ်တဲ့နေရာမှာ တချို့အရာတွေက ပိုက်ဆံ မကုန်တာတွေရှိပါတယ်။ ဖြစ်စေချင်တာက အလုပ်သမားလောကမှာ ကျွမ်းကျင်မှုတွေ များများပေးမယ်။ အလုပ်ရှင်တွေဘက်ကလည်း အထည်ချုပ်ဆိုတာက အများစုတွေးတာက ပေါချောင်ကောင်းခဏတာ အလုပ်လို့တွက်ကြတယ်။ ကျွန်တော်တို့တွက်တာက ၀ါဂွမ်းစိုက်တာကစလို့ အထည်ဖြစ်တဲ့အဆင့်အထိ အဆင့်ဆင့်လုပ်ဖို့လိုတယ်။ ချုပ်တာချည်းတစ်ခုတည်းကတော့ ကမ္ဘာမှာလည်း သူများမလုပ်ချင်တဲ့အလုပ် ကို ဒီနိုင်ငံမှာလာလုပ်နေကြတာပါပဲ။

• အလုပ်ရှင်အလုပ်သမားပြဿနာတွေကလည်း အခုနှစ်ပိုင်းပိုများ လာတယ်။ ဖြေရှင်းနိုင်မှု ယန္တယားကလည်း အားနည်းနေတယ်လို့ သုံးသပ်ချင်တယ်။ ဒီယန္တယားမှာ ဘယ်လိုအားနည်းချက်တွေရှိနေလဲ။ ဘယ်လိုပြုပြင်သင့်လဲ။

အစိုးရ-အလုပ်ရှင်-အလုပ်သမားသုံးပွင့်ဆိုင်ဖွဲ့တယ်။ အရေးယူမှုအပိုင်းမှာကျတော့ အလုပ်ရှင်ကို ထောင်ချတာမျိုးမလုပ်ပါနဲ့ဆိုတာမျိုးရှိတယ်။ တကယ်တမ်းက ဥပဒေမှာ မျက်စိမရှိရဘူး။ အရေးယူမှုအပိုင်းအား နည်းတော့ အလုပ်သမားတွေက ဒီအချက်တွေကို ထိထိရောက်ရောက်ကိုင်ချင်တယ်။ ပြီးတော့ အလုပ်ရှင်-အလုပ်သမားတွေက အခုအချိန်အထိ လုပ်ဖော်ကိုင်ဖက်လို့ တစ်ဖက်နဲ့တစ်ဖက်မမြင်ကြသေးဘူး။ အလုပ်ရှင်ဘက်ကလည်း အလုပ်သမားသမဂ္ဂဖွဲ့ပြီးရင် သူတို့က ဘ၀င်မြင့်သွားကြပြီး အလုပ်ကိုမကြိုးစားကြ တော့ဘဲ၊ အခွင့်အရေးကိုထိုင်တောင်း၊ ပြီးရင် ဆန္ဒပြကြတယ်လို့မြင်ကြတယ်။ အလုပ်သမားဘက်ကလည်း သူတို့ကို တန်းတူမဆက်ဆံတော့ဘူး။ လုပ်ဖော်ကိုင်ဖက်လို့မမြင်ဘူး။ သူလုပ်မှပြီးတယ်လို့မြင်တယ်။ ဒီလိုပြဿနာမျိုးတွေက များတယ်။ တကယ့်တကယ်ကတော့ ကောင်းတာတွေကရှိပါတယ်။ WCC မှာ အလုပ်ခွင်မှာ ညှိနှိုင်းဆောင်ရွက်မယ်၊ အတူတူစကားပြောရင်း စက်ရုံပြန်ပြီး အမြတ်များအောင်၊ ဖွံ့ဖြိုးအောင်၊ အကျိုးများအောင်လုပ်ကြမယ်ဆိုပေမယ့် တကယ်တမ်းမှာ ဖြစ်မလာဘူး။ ဥပဒေပိုင်းအနေနဲ့ပြောရင် နောက်တစ်ခုက အလုပ်သမားစဖွဲ့ပြီဆိုတာနဲ့ တန်းပြီး တော့ အလုပ်ထုတ်ခံရတယ်။ အခု သမဂ္ဂက အားလုံးပေါင်းမှ ၂၀၀၀ လောက်ပဲရှိတယ်။ လူဦးရေနဲ့ပြော ရင် တစ်သိန်းပတ်ချာလည်လောက်ပဲ။ အဲဒီအရေအတွက်ထဲက တကယ်လှုပ်ရှားနေတဲ့ သမဂ္ဂကနည်းတယ်။ နှစ်ဦးနှစ်ဖက်ပြောဆိုဆွေးနွေးပြီး အောင်မြင်တဲ့စက်ရုံဖြစ်အောင်လုပ်တဲ့ စက်ရုံက နည်းသွားတယ်။ အလုပ်သမား အချင်းချင်းချပြီး အလုပ်သမားငြိမ်သွားမှ လုပ်ငန်းအဆင်ပြေမယ်လို့တွေးကြတာများတယ်။ ကျွန်တော်တို့မြင်တာက ပင်စင်စားရဘယ်လိုလုပ်မလဲ၊ လူလူသူသူ ဆက်လက်အသက်ရှင်သွားဖို့၊ သားသမီးတွေကို ဘယ်လိုကျောင်းထားမလဲ။ ကမ္ဘာမှာ အော်နေတာက အားလုံးအတွက် ပညာရေး၊ သက်ထက်ဆုံးတိုင်ပညာရေး ဒါပေမယ့် သမဂ္ဂဖွဲ့လို့ အလုပ်ဖြုတ်ခံရပြီး ဘယ်လိုလုပ်အဲဒီကဏ္ဍတွေ ဆက်စဉ်းစားနိုင်တော့မလဲ။ ဒါတွေကို တကယ်လိုက်နိုင်မှာက ဥပဒေနဲ့မှသာ အဆင်ပြေမယ်။ ဥပဒေရေးဆွဲရာမှာလည်း အလုပ်ရှင်-အလုပ်သမား-အစိုးရ အားလုံးပါဝင်ပြီး စဉ်းစားပြီး အတိုးအလျော့တွေတော့ လုပ်ပေးရမှာပေါ့လေ။ မြန်မာနိုင်ငံမှာ Collective Bargaining Agreement (CBA) ကို မကျင့်သုံးသေးဘူးလို့ပြောလို့ရတယ်။ အလုပ်သမားသမဂ္ဂအဖွဲ့ရှိတဲ့ နိုင်ငံတွေမှာတော့ ကျင့်သုံးကြတယ်။ အနိမ့်ဆုံးလခသတ်မှတ်ပြီး အဲဒီထက်မပေးတော့ဘူးဆိုတဲ့ အမြင်မျိုးထက် ရင်းနှီးမြှုပ်နှံမှုအတွက် အချိုးကျ ခွဲဝေပေးရမယ်ဆိုတာမျိုး။ ဒီမှာကျတော့ တွေးရင်ကိုပဲ မြန်မာနဲ့ မအပ်စပ်ဘူးလို့မြင်တာမျိုးရှိတယ်။ ကမ္ဘာမှာ ရှိတဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်တွေဆိုရင် အစိုးရတင်မဟုတ် ပြည်သူတိုင်းနဲ့လည်းဆိုင်တယ်။ အလုပ်သမားအဖွဲ့တွေကလည်း အဲဒါကို အလေးပေးလုပ်ဆောင်ဖို့လိုတယ်။ ဒါတွေကို အခြေခံထားပြီး တည်ဆောက်ကြတယ်ဆိုရင် ပိုကောင်းတယ်။

• အခုနှစ်ပိုင်းတွေအထိ အလုပ်သမားသမဂ္ဂအဖွဲ့တွေ အလုပ်ဖြုတ်ခံရတာများလာတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကိုင်တွယ်စေလိုလဲ။

စီးပွားရေးလုပ်ဖော်ကိုင်ဖက်အနေနဲ့ မြင်ဖို့က အဓိကအကျဆုံးပဲ။ လူငယ်လေးတွေ လေးငါးခြောက်လအလုပ် လုပ်ပြီး တခြားနေရာပြောင်းလုပ်ရတာတွေများနေတယ်။ တကယ်တမ်းတည်မြဲပြီး ရေရှည်အလုပ်လုပ်နိုင် မယ်ဆိုတာမျိုးလိုတယ်။ အဲဒီလိုအမြင်မျိုးက အလုပ်ရှင်-အလုပ်သမားနှစ်ဖက်စလုံးရှိဖို့လိုတယ်။ ဥရောပမှာရောင်းမယ်ဆိုရင် ထုတ်လုပ်တဲ့စက်ရုံမှာ အလုပ်သမား သမဂ္ဂရှိလားကစမေးတာ။ အဲဒါကို သိစေချင်တယ်။ ဒါကို အလုပ်ရှင်-အလုပ်သမားကသိပြီး ဥရောပနဲ့စကားပြောမယ်။ ပြီးတော့ အမှာစာတက် လာတယ်။ သမဂ္ဂမှာလည်း အလုပ်သမားတွေအတွက် ဘာတွေတင်ပြပေးထားလဲ။ အလုပ်ရှင်ဘက်က ဘယ်လိုပြန်ဖြေရှင်းပေးလဲဆိုတဲ့ မေးခွန်းတွေက ရှိနေတယ်။ ကျွန်တော်တို့ အောင်မြင်တဲ့ လုပ်ငန်းတစ်ခုဖြစ် လာဖို့က အလုပ်သမားသမဂ္ဂတွေကို ရန်ဖက်လို့သဘောမထားဘဲနဲ့ အတူညှိနှိုင်းလုပ်ကိုင်သွားဖို့လိုတယ်။ ဂျပန်မှာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ KiKi Logistic ဆိုရင် အောင်မြင်ပြီးနောက် လုပ်ငန်းရှင်က အငြိမ်းစားယူပြီး စာအုပ်တစ်အုပ်ရေးခဲ့တယ်။ သူအဲဒီထဲမှာပြောခဲ့တာက အောင်မြင်ခဲ့တာ အလုပ်သမားသမဂ္ဂအဖွဲ့တွေရဲ့ စကားကိုနားထောင်ခဲ့လို့၊ သူတို့ပြောတာက စကားကြမ်းချင်ကြမ်းမယ်။ တည့်တည့်ပြောချင်ပြောမယ်။ ဒါပေမယ့် သူတို့ပြောတဲ့စကားတွေက ဒါရိုက်တာတွေ၊ စီအီးအိုတွေထက် အလုပ်အောင်မြင်မှုအတွက် ပိုပြီး ရေရှည်ဖွံ့ဖြိုးဖို့ အသုံးဝင်တယ်။ ဒီ အယူအဆလေးကို ကျွန်တော်အလိုချင်ဆုံးပဲ။ ဒီအတွက်ကို ဥပဒေတွေနဲ့ လည်း ကိုင်တွယ်ရမယ်။ မနှစ်က သမဂ္ဂအဖွဲ့ ၈၀ကျော်ဖွဲ့ပြီး၊ ဒီနှစ်ထဲမှာပဲ ၈၀၊ ၁၀၀ အလုပ်ဖြုတ်ခံရတယ်။ ဆိုတော့ ဒီမှာက သမဂ္ဂဖွဲ့ရင်ကိုပဲ စိတ်ထဲမှာ လူဆိုးဂိုဏ်းလိုလိုမြင်နေကြတယ်။

• ဥပဒေရေးဆွဲမှုတွေမှာ အလုပ်သမားတွေအသံမပါတာကို သမဂ္ဂအဖွဲ့တွေကလည်း သုံးပွင့်ဆိုင် ယန္တယားကနေ ပါဝင်မှုရပ်ဆိုင်းထားတယ်။ ဒီအပေါ်မှာ အစိုးရအနေနဲ့ ဘယ်လိုကိုင်တွယ်စေ ချင်လဲ။

အစိုးရအနေနဲ့ ပြည်သူနဲ့တိုင်းပြည်အတွက် ဘာကအကောင်းဆုံးဖြစ်မလဲကို ကြည့်စေချင်တယ်။ ရင်းနှီးမြှုပ်နှံမှုဆိုရင် OECD Guide Line တွေမှာ ဘာတွေပါမလဲဆိုတာကို ကြည့်ပြီး ရေရှည်အမြင်တွေနဲ့ သွားစေချင်တယ်။ အလုပ်သမားဥပဒေက အလုပ်သမားတွေအလိုချင်ဆုံး၊ ဘာကြောင့်ဖြစ်တယ်။ ဘယ်လို လုပ်မလဲဆိုတာကို အဖြေရှာတဲ့အပိုင်းမှာ ပိုကူစေချင်တယ်။ အစိုးရဆိုတာမှာ အလုပ်သမားဝန်ကြီးဌာနဖြစ် ပြီး အခုဖြစ်နေတဲ့ ပြဿနာက ဒီဝန်ကြီးဌာနကို ကျော်လွန်သွားပြီး လွှတ်တော်နဲ့သက်ဆိုင်တယ်။ လွှတ်တော် မှာ ပိုအာရုံစိုက်ပြီး ရေရှည်မှာ ပိုအကျိုးရှိတာဖြစ်စေချင်တယ်။ ဘာလို့လဲဆိုတော့ ပြဌာန်းထားပြီးနဲ့ပြဌာန်းဆဲ ဥပဒေတွေတင်မဟုတ်ဘူး။ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဥပဒေဆိုရင် ၂၀၁၄ခုနှစ်ကတည်းက လွှတ်တော်မှာရောက်နေပြီး၊ အခုအချိန်အထိ ကြန့်ကြာနေတဲ့အခြေအနေဖြစ်နေတယ်။ အဲဒါက အလုပ်သမားတွေဘက်မှာက အင်မတန်အရေးကြီးတယ်။ ထိခိုက်ရှနာမှုဆိုရင် လျော်ကြေးတွေတောင် မထင်ရှားသေးဘူး။ နိုင်ငံခြားမှာဆိုရင် လက်သန်းကိုတောင် ညာသန်လက်သန်းတန်ဖိုးနဲ့ ဘယ်သန်လက်သန်းတန်ဖိုးတွေက ရှိနေပြီ။ ဒါတွေကိုတောင် ကျွန်တော်တို့အကြာကြီးစောင့်ရတယ်။ အလုပ် သမားတွေမှာက အဖွဲ့အစည်းဖွဲ့ဖို့လည်း အခက်အခဲရှိ၊ ပင်စင်ယူရင်လည်း အာမခံချက်မရှိ၊ အခုဆို ဖူလုံရေး တော့စလုပ်ကြပေမယ့် အခက်အခဲတွေက အများကြီးရှိသေးတယ်။ ဒါတွေအားလုံးကို အမြင်ရှင်းရှင်း နဲ့ နိုင်ငံကောင်းကျိုးအတွက် ဘာက အကောင်းဆုံးဖြစ်မလဲဆိုတာ စဉ်းစားစေချင်တယ်။

• ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီစနစ်ကိုသွားပြီး၊ လူ့အခွင့်အရေးကို ဦးစားပေးနေချိန်မှာ အလုပ်သမားတွေရဲ့ အခွင့်အရေးကလည်း ချိုးဖောက်မှုတွေခံနေရတယ်ဆိုတော့ သွားတော့ သွားနေပေမယ့် မရောက်သေးတဲ့ ပြဿနာရှိတယ်။ ဒီတော့ ရေရှည်သွားနိုင်ဖို့ ဘယ်လိုလုပ်သင့်တယ်ဆိုတာ သုံးသပ်ပေးပါ။

တစ်အချက်က အလုပ်သမားသမဂ္ဂအဖွဲ့တွေက ၂၀၁၆-၁၇ အနှစ်ချုပ်တွေကြည့်တာအရ အဖွဲ့တွေရဲ့ လုပ်ဆောင်မှုက မတိုးတက်လာဘူး။ လူ့အခွင့်အရေးကြေညာစာတမ်းမှာ အပိုဒ် ၂၃အရ လွတ်လပ်စွာ သမဂ္ဂတွေဖွဲ့ဖို့ပါထားတယ်။ နောက်တစ်ခါ လူတိုင်းလူတိုင်းဟာ စားနိုင်သောက်နိုင်တဲ့လူမှုဖူလုံရေးအကျိုး ခံစားခွင့်တွေရှိရမယ်။ အဲဒီပေတံတွေက တိုင်းကြည့်ရင် ကျွန်တော်တို့မရဘူး။ နောက်တစ်ချက်က အဓမ္မခိုင်း စေမှု၊ လုပ်ငန်းခွင့်မှာ အမျိုးသမီးဆိုရင် အချိန်ဘယ်လောက်လုပ်ရမယ်ဆိုတာရှိပေမယ့် လှိုင်သာ ယာသွားကြည်ရင် အချိန်လွန်ပြီး ခိုင်းနေတာတွေအများကြီးရှိတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေမှာ လူတစ်စုပဲ အမြတ်ရမယ့်အခြေအနေဆိုရင် နိုင်ငံ့ဖွံ့ဖြိုးရေးလည်းမရနိုင်ဘူး။ ပြီးတော့ ရပိုင်ခွင့်အခွင့်အရေးတွေမှာလည်း အများကြီးချိုးဖောက်ခံနေရပြီ။ လူသားတစ်ဦးအနေနဲ့ ကျွန်တော်တို့ အခက်အခဲမရှိ၊ အကြောက်အလန့်မရှိ အားလုံးကောင်းအောင်လုပ်နိုင်ဖို့လိုတယ်။ NLD အစိုးရလက်ထက်မှာက မွေးပြီးကတည်းကနေ သေဆုံး သည်အထိ ပြည့်စုံတဲ့လူမှုဖူလုံရေးတည်ဆောက်မယ်ပြောတယ်။ တစ်ဖက်မှာလည်း သန္ဓေတည်စကတည်း ကစပြီး အသက်ကြီးသေဆုံးသည်အထိ လူမှုဖူလုံရေးရစေချင်ကြတယ်။ ဒီဖူလုံရေးက လုပ်မယ်ဆိုရင် လူတိုင်းအလုပ်လုပ်ရမယ်။ ဒီအပိုင်းတွေမှာလည်း ကောင်းကောင်းမွန်မွန်သွားစေချင်တယ်။ ရှစ်နာရီ အလုပ်လုပ်မယ်။ ရှစ်နာရီနားမယ်။ ရှစ်နာရီအိပ်မယ် စသဖြင့် လူသားဆန်စွာဖြစ်နေဖို့လိုတယ်။

Myanmar Harp Media မှ သတင်းများကို www.myanmarharp.com တွင်လည်း ၀င်ရောက်ဖတ်ရှု့နိုင်ပါသည်။

ဒိန်းမတ်သံရုံး (အလုပ်သမား)နှင့်ဆိုင်သော ကောင်စစ်ဝန် Nanna Sars Schewitsch, Counsellor (Labour Market Affairs) နှင့်…

Posted by Ctum Myanmar on Monday, February 25, 2019

Leave a Reply

Your email address will not be published. Required fields are marked *