All for Joomla All for Webmasters
ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာလုပ်သားများအတွက် အခြေခံအလုပ်သမားသမဂ္ဂရေးရာ ဆွေးနွေးပွဲ
Companies that DO NOT COMPLY with Myanmar Arbitration Decisions
October 7, 2016
အမျိုးသမီးတိုင်းအတွက် မိခင်ဘ၀ ကာကွယ်ပေးမှုမြှင့်တင်ရေး INDUSTRIALL မှ ထောက်ခံအားပေး
October 11, 2016

ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာလုပ်သားများအတွက် အခြေခံအလုပ်သမားသမဂ္ဂရေးရာ ဆွေးနွေးပွဲ

ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာလုပ်သားများအတွက် အခြေခံအလုပ်သမားသမဂ္ဂရေးရာ ဆွေးနွေးပွဲ
Basic Trade Union Workshop for Health Care Workers

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၈-၉)ရက်နေ့ တွင် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM နှင့် FES နှင့် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားသမဂ္ဂအဖွဲ့ချုပ် (MNMU) ခေါင်းဆောင်များမှ ဦးဆောင်၍ သူနာပြုဆရာ၊ ဆရာမများအပါဝင် ကျန်းမာရေးစောင့် ရှောက်မှုဆိုင်ရာလုပ်သား များအတွက် အခြေခံအလုပ် သမားသမဂ္ဂရေးရာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။
ILO, ILS ဘယ်လိုအဖွဲ့အစည်းလဲဆိုတာ မိတ်ဆက်ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာသွေးညီညွတ်ရေး၊ ဒီမိုကရေစီလူ့ဘောင်အတွင်းရှိ လွတ်လပ်သော အလုပ်သမားသမဂ္ဂ၏ အခန်းကဏ္ဍနှင့် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းမှုဆိုင်ရာ ဥပဒေများ စသည့်တို့အား ဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားသမဂ္ဂအဖွဲ့ချုပ် (MNMU) ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းများလည်း ဆွေးနွေးခဲ့ကြပါသည်။
တိုင်းနှင့်ပြည်နယ်ရှိ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်သားများ စုစုပေါင်း ၃၄ ဦး တက်ရောက်ခဲ့ကြပါသည်။

14642069_574537186090721_5410713331514219972_n 14192070_1828689490701915_3496726555629754354_n

Leave a Reply

Your email address will not be published. Required fields are marked *