All for Joomla All for Webmasters
အမျိုးသမီးတိုင်းအတွက် မိခင်ဘ၀ ကာကွယ်ပေးမှုမြှင့်တင်ရေး INDUSTRIALL မှ ထောက်ခံအားပေး
ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာလုပ်သားများအတွက် အခြေခံအလုပ်သမားသမဂ္ဂရေးရာ ဆွေးနွေးပွဲ
October 11, 2016
အလုပ်သမား ဥပဒေသင်တန်း Labour Law Training
October 11, 2016

အမျိုးသမီးတိုင်းအတွက် မိခင်ဘ၀ ကာကွယ်ပေးမှုမြှင့်တင်ရေး INDUSTRIALL မှ ထောက်ခံအားပေး

အမျိုးသမီးတိုင်းအတွက် မိခင်ဘ၀ ကာကွယ်ပေးမှုမြှင့်တင်ရေး INDUSTRIALL မှ ထောက်ခံအားပေး

INDUSTRIALL Support Improved Maternity Protection for All Women

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ(၉)ရက်နေ့တွင် မြန်မာနိုင်ငံ
ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားအဖွဲ့ချုပ် IWFM နှင့် INDUSTRIALL တို့ ပူးပေါင်း၍ အမျိုးသမီးတိုင်းအတွက် မိခင်ဘ၀ ကာကွယ်ပေးမှုမြှင့်တင်ရေး လှုပ်ရှားမှု ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။
CTUM ရွှေ့ပြောင်းအလုပ်သမားဌာန တာဝန်ခံမှ Migration and Trafficking အကြောင်းဆွေးနွေးခြင်း၊ ရန်ကုန်တိုင်းဒေသကြီး ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမား အဖွဲ့အစည်း
ဒုဥက္ကဋ္ဌ မှ မီးဖွားခွင့်ဆိုင်ရာ ခွင့်ရက် (၁၂၀)ရက်အကြောင်း ဆွေးနွေးခြင်း နှင့် IWFM ဗဟိုကော်မတီအဖွဲ့ဝင်မှ အမျိုးသမီးများအတွက် ဥပဒေအကာကွယ်များ၊ Care International Myanmar မှလည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမှု ကာကွယ်ခြင်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြပါသည်။ မေးခွန်းများ မေးမြန်ခြင်း၊ ပြန်လည်ရှင်းပြခြင်းများ ပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ၏ လှိုင်သာယာမြို့နယ်ရှိ သင်တန်းကျောင်းတွင် ပြုလုပ်ကျင်းပခဲ့တာဖြစ်ပြီး စုစုပေါင်း စက်ရုံ (၂၁)ရုံ မှ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ စုစုပေါင်း (၂၇၀)ဦး တက်ရောက်ခဲ့ကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *