All for Joomla All for Webmasters
နောက်ကြောင်းပြန် အာဏာသိမ်းယူထားသော စစ်အစိုးရလက်အောက်ရှိ အစိုးရ-အလုပ်ရှင်-အလုပ်သမား သုံးပွင့်ဆိုင်ယန္တရားများအားလုံးမှ နှုတ်ထွက်ကြောင်း ကြေညာချက်
CTUM Myanmar
CTUM’s welcomes the upcoming new government, recognizes the outcome of the 2020 Multi-Party Democracy General Election and opposes any kind of action or attempt to impede Myanmar’s democratic transition
January 29, 2021
CTUM Myanmar
Statement of withdraw from all Government-Employer-Labor Tripartite mechanisms under the junta that has retroactively seized power.
February 3, 2021

နောက်ကြောင်းပြန် အာဏာသိမ်းယူထားသော စစ်အစိုးရလက်အောက်ရှိ အစိုးရ-အလုပ်ရှင်-အလုပ်သမား သုံးပွင့်ဆိုင်ယန္တရားများအားလုံးမှ နှုတ်ထွက်ကြောင်း ကြေညာချက်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) သည် ၂၀၂၀ ခုနှစ်၊ ပါတီစုံ အထွေထွေရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်နှင့်အတူ ဖွဲ့စည်းမည့် အစိုးရသစ်ကို ကြိုဆိုထောက်ခံကြောင်း၊ အာဏာသိမ်း နောက်ကြောင်းပြန်သည့် မည်သည့် လုပ်ရပ်မျိုးကိုမဆို ကြိုးစားမှုမျိုးကိုမဆို ဆန့်ကျင်ပါကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ပြည်သူလူထုအများစု၏ ဆန္ဒကို လျှစ်လျူရှု၍ စစ်အစိုးရ အဖွဲ့အနေဖြင့် အာဏာကို မတရားသဖြင့် သိမ်းယူခဲ့ပါသည်။ မိမိတို့အနေဖြင့် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပါသည်။

စစ်အစိုးရ အဆက်ဆက်တွင် အလုပ်သမားများသည် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် အခွင့်အရေး ကို ဆုံးရှုံးခဲ့ပါသည်။ လုပ်ငန်းခွင် အခွင့်အရေးများစွာလည်း ဆုံးရှုံးခဲ့ပါသည်။ အဓမ္မလုပ်အားပေး ခိုင်းစေခြင်းများကို ခံခဲ့ရပါသည်။ ကလေးစစ်သားနှင့် ကလေးအလုပ်သမား၊ အသုံးပြုမှု အများဆုံး နိုင်ငံတခုလည်း ဖြစ်ခဲ့ပါသည်။ လယ်ယာမြေများကိုလည်း အဓမ္မသိမ်းယူခံခဲ့ရပါသည်။ ပြည်သူလူထု တရပ်လုံးအနေဖြင့် ယနေ့အချိန်အထိ ယင်းအကျိုးဆက်များကို ရင်ဆိုင်ခံစားနေရဆဲဖြစ်ပါသည်။ ထိုကဲ့သို့ ဆိုးရွားသည့် အတွေ့အကြုံများကို ရင်ဆိုင်ခံစားခဲ့ရသည့်အတွက် မည်သည့်အလုပ်သမားရေးရာ ကိစ္စရပ်များအတွက်မဆို CTUM သည် စစ်အစိုးရအဖွဲ့နှင့် လက်တွဲ ဆောင်ရွက်ခြင်းမပြုပါ။

အာဏာသိမ်းယူထားသော စစ်အစိုးရ လက်အောက်ရှိ အစိုးရ-အလုပ်ရှင်-အလုပ်သမား သုံးပွင့်ဆိုင် ယန္တရားများ အားလုံးမှ နှုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။

ဆက်သွယ်ရန်

ဦးမောင်မောင်

ဥက္ကဋ္ဌ

ဖုန်း                 – ၀၉ ၄၂၀၁၂၂၅၄၂

Leave a Reply

Your email address will not be published. Required fields are marked *