All for Joomla All for Webmasters
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် တွေ့ဆုံခြင်း
CHENS Myanmar ဖိနပ်စက်ရုံမှ အလုပ်ရှင် အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် EC
June 5, 2019
လုံခြုံစိတ်ချသော ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာသင်တန်း
June 5, 2019

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် တွေ့ဆုံခြင်း

၂၀၁၉ ခုနှစ်၊ မေလ (၂၁) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ခန်းမ (၄) ၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အလုပ်သမားနှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာန ၀န်ကြီး ဦဇော်အေးမောင်၊ စည်ပင်သာယာရေးဝန်ကြီးဌာ ၀န်ကြီး ဦးမောင်မောင်စိုးတို့အား မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) နှင့် ဖင်လန်နိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် တို့မှ တာဝန်ရှိသူများသည် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးသည့် သူများမှာ –
1. Mr. Jorma Malinen – President, Ammattiliitto Pro Trade Union Pro, Finland
2. Mr. Matti Koskinen – Head of International Affairs, Trade Union Pro, Finland
3. Mr. Janne Ronkainen – Executive Director, Trade Union Solidarity Center of Finland (SASK), Finland
4. Mr. Manoranjan Pegu – Regional Coordinator for South Asia, Trade Union Solidarity Center of Finland (SASK), India
5. ဦးမောင်မောင် – ဥက္ကဋ္ဌ (မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် – CTUM)
6. ဦးသန်းလွင် – အထွေထွေအတွင်းရေးမှူး (မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် – CTUM)
7. ဒေါ်စန္ဒာစိုး – သုတေသနနှင့် သတင်းအချက်အလက်သိမ်းဆည်းရေးဌာန – CTUM
ဆို့ဖြစ်ပါသည်။
တွေ့ဆုံဆွေးနွေးသည့် အကြောင်းအရာများမှာ အသက်မွေးဝမ်းကျောင်းပညာပေးသင်တန်းကျောင်း (Vocational School) နှင့် ပါတ်သက်၍ နည်းပညာများ၊ သင်ကြားရေးပစ္စည်းများ ကူညီထောက်ပံ့ပေးခြင်း ဆိုင်ရာကိစ္စရပ်များ၊ အလုပ်ရှင်/အလုပ်သမားဆက်ဆံရေး စက်ရုံများ၏ လုပ်ငန်းခွင်အခြေအနေများ ပိုမိုကောင်းမွန်စေရန်အတွက် သင်တန်းများပြုလုပ်မည့် အစီအစဉ်များ နှင့် တန်းဖိုးနည်းအိမ်ရာဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *