All for Joomla All for Webmasters
CHENS Myanmar ဖိနပ်စက်ရုံမှ အလုပ်ရှင် အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် EC
Factory visit to three factories ( Eslite Garment, Leader paper, Htoo Int’l Indurtry Group)
June 5, 2019
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် တွေ့ဆုံခြင်း
June 5, 2019

CHENS Myanmar ဖိနပ်စက်ရုံမှ အလုပ်ရှင် အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် EC

ပဲခူးမြို့နယ်ရှိ CHENS Myanmar ဖိနပ်စက်ရုံမှ အလုပ်ရှင် အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် EC ပါ နောက်ဆက်တွဲ စည်းကမ်းများကို အလုပ်ရှင်မှ ထပ်မံဖြည့်စွက်လာသည့် ကိစ္စအား အလုပ်သမားခေါင်းဆောင်များမှ ဆွေးနွေးရန် တင်ပြထားပြီး ညှိနှိုင်းစဉ်ကာလတွင် အလုပ်သမားအဖွဲ့အစည်း အမှုဆောင် အဖွဲ့ဝင် ၃ဦးအား အလုပ်မှ ထုတ်ပယ်ခဲ့ပါသည်။ အလုပ်မှ ထုတ်ပယ်ခြင်းသည် EC အား လက်မှတ် မထိုးသည့်အတွက်ကြောင့် ဟု ၁၃-၅-၂၀၁၉ တွင် ထုတ်ပြန်သည့် အလုပ်ထုတ်စာတွင် ဖော်ပြထားပါသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ၏ ဗဟိုကော်မတီဝင်ဖြစ်သည့် ပဲခူးမြို့ရှိ Great Men မြန်မာအထည်ချုပ်စက်ရုံမှ ကိုယ်စားလှယ်များသည် ကူညီဖြေရှင်းပေးလျက်ရှိပါသည်။ ၁၄-၅-၂၀၁၉ နှင့် ၁၆-၅-၂၀၁၉ ရက်နေ့တွင် ဆွေးနွေးချက်များအရ EC စာချုပ်ပါ ထပ်တိုး စည်းကမ်းချက်များအား ညှိနှိုင်းသဘောတူညီမှု ရရှိခဲ့ပါသည်။ သို့သော်လည်း အလုပ်ရှင်မှ အလုပ်မှ ထုတ်ပယ်ထားသော သမဂ္ဂ အမှုဆောင် သုံးဦးအား အလုပ်ပြန်လည် ခန့်ထားနိုင်ခြင်း မရှိဟု ဆိုကာ အခြား အကြောင်းပြချက်တစ်ခုဖြင့် အလုပ်မှ ထုတ်ပယ်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

ထို့ကြောင့် ယနေ့ ၂၀-၃-၂၀၁၉ ရက်နေ့တွင် IWFM ၏ ဗဟိုကော်မတီဝင် (ရန်ကုန်တိုင်းကိုယ်စားလှယ်) များမှ ပါဝင်၍ ထပ်မံ ညှိနှိုင်းမှု ပြုလုပ်ခဲ့ပါသည်။ ညှိနှိုင်းမှုသည့်ရလာဒ်အရ ၂၂-၅-၂၀၁၉ ရက်နေ့တွင် အလုပ်ပြန်ခန့်နိုင်ခြင်း ရှိ၊ မရှိ အဖြေပေးမည် ဖြစ်ကြောင်း အလုပ်ရှင်မှ ပြောခဲ့ပါသည်။

CTUM/IWFM အနေဖြင့် အလုပ်ရှင် အလုပ်သမား ဆက်ဆံရေး ပိုမိုကောင်းမွန်စေရေးအတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အလုပ်သမားများကိုလည်း လုပ်ငန်းခွင့် စည်းကမ်းများနှင့်အညီ အလုပ်လုပ်နိုင်စေရန်နှင့် လုပ်ငန်းခွင် ဆက်ဆံရေး တည်ဆောက်ရန်အတွက် သိသင့်သည်များကို ဆွေးနွေးပေးသွားမည် ဖြစ်ကြောင်းလည်း ရှင်းပြခဲ့ပါသည်။

#IWFMMyanmar

Leave a Reply

Your email address will not be published. Required fields are marked *