All for Joomla All for Webmasters
လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးသင်တန်း
အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်း မရှိဘဲ အလုပ်သမားများလိုအပ်ချက်ကြောင့် ဖြစ်ပေါ်လာသော Fullway Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားသပိတ်အား အမြန်ဆုံးပြီးဆုံးရန် CTUM/ IWFM မြို့နယ်အဖွဲ့ခေါင်းဆောင်များမှ ကူညီညှိနှိုင်းဖြေရှင်းပေးခဲ့ပါသည်။
September 30, 2018
အခြေခံအလုပ်သမားသမဂ္ဂ စည်းရုံးရေးသင်တန်း
October 1, 2018

လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးသင်တန်း

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့ (တနင်္ဂနွေနေ့)
CTUM ရွှေ့ပြောင်းအလုပ်သမားဌာနမှ မွန်ပြည်နယ် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ Bop Htaw Education Center တွင် လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးသင်တန်းကို ပို့ချပေးလျှက်ရှိပါသည်။ သင်တန်းကို ILO, Triangle Project ၏ပံ့ပိုးမှုဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။
တက်ရောက်လာသော သင်တန်းသားများမှာ ယောကျာင်္းလေး ၁၂ ဦးနှင့် မိန်းကလေး ၁၈ ဦး စုစုပေါင်း ၃၀ ဦးတက်ရောက်ပါသည်။
Bop Htaw Education Center (ဘောက်ထော်ကျောင်း) ၏ကျောင်းအုပ်ဆရာမ ဒေါ်ကြူကြူမာမှ အဖွင့် အမှာစကားပြော ကြားပေးပါသည်။
သင်တန်းသားများမှာ မွန်ပြည်နယ်ရှိကော့ကရိတ်မြို့နယ်၊ ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ မုဒုံမြို့နယ်၊ မော်လမြိုင်မြို့နယ်တို့ရှိ ကျေးရွာများမှ ဘောက်ထော်ကျောင်းတွင် ဆရာဖြစ်သင်တန်းတက်ရောက်နေသော သူများဖြစ်ပါသည်။ ၄င်းတို့၏ မိသားစုဝင်များ၊ ဆွေမျိုးများနှင့် ရွာသားများမှာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် စကာင်္ပူနိုင်ငံတို့တွင် သွားရောက်အလုပ်လုပ်ကိုင်နေသူများဖြစ်ပါသည်။
သင်တန်းကို သင်တန်းဆရာ အဖြစ် CTUM ရွှေ့ပြောင်းအလုပ်သမားဌာနမှ ဦးအောင်ကျော်မြင့်နှင့် ဒေါ်ထွေးထွေးသိန်းတို့မှ ပို့ချပေးခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *