All for Joomla All for Webmasters
သမဂ္ဂ အခြေခံသဘောတရားနှင့် သမဂ္ဂစီမံခန့်ခွဲမှုသင်တန်း
စု​ပေါင်းစိုက်​ပျိုးခြင်းနှင့်​ စု​ပေါင်း​ဈေးကွက်​တည်​​ဆောက်​ခြင်း သင်တန်း
July 7, 2018
IndustriALL Asia Pacific Regional Conference
August 17, 2018

သမဂ္ဂ အခြေခံသဘောတရားနှင့် သမဂ္ဂစီမံခန့်ခွဲမှုသင်တန်း

သမဂ္ဂ အခြေခံသဘောတရားနှင့် သမဂ္ဂစီမံခန့်ခွဲမှုသင်တန်း
၂၀၁၈ ဇူလှိုင်လ ၇ တိုက်ကြီးမြို့နယ် ဖလုံကျေးရွာ

မြန်မာနိုင်ငံတောင်သူလယ်သမားနှင့်စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် AFFM နှင့် ဒိန်းမတ်နိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချူပ်၏ အလုပ်သမားသမဂ္ဂများဖွံ့ဖြိုးရေးဆောင်ရွက်သည့်အဖွဲ့အစည်း LO/FTFတို့ ပူးပေါင်းကာ သင်တန်းဆရာများပေါ်ထွက်လာရေးအတွက် သင်တန်းများ လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။

ထိုသင်တန်းကို ပထမအဆင့်ကို သင်ကြား တတ်ရောက်ပြီးဆုံးသည့်အခါ မိမိတို့ အရပ်ဒေသတွင် လက်တွေ့ပြန်လည် ဝေမျှခြင်းသင်တန်းများကို ပြုလုပ်ရပါသည်။

တိုက်ကြီးမြို့နယ်မှ တက်ရောက်ခဲ့သည့် AFFM အဖွဲ့ဝင် စိမ်းသူအောင်မှ ပြန်လည် ပို့ချသည့် သင်တန်း ဖြစ်ပါသည်။

ထိုသင်တန်းတွင် CTUM သမဂ္ဂပညာရေးဌာန တာဝန်ခံ Dr. ဇော်ဝင်းအောင်၊ AFFM တာဝန်ခံ ဦးမြတ်ကျော်ထွေးတို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးသည့်အကြောင်းအရာများမှာ – အခြေခံ သမဂ္ဂသဘောတရား၊ သမဂ္ဂပညာရေး အရေးပါပုံ၊ သမဂ္ဂမှတ်ပုံတင်ခြင်း၊ သမဂ္ဂတည်ဆောင်ခြင်းနှင့် ခိုင်မာသော ခေါင်းဆောင်မှုတို့ကို ဆွေးနွေးခဲ့ကြသည်။

သင်တန်းသား/သူ စုစုပေါင်း (၃၂)ဦး တက်ရောက်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *