All for Joomla All for Webmasters
IndustriALL Asia Pacific Regional Conference
သမဂ္ဂ အခြေခံသဘောတရားနှင့် သမဂ္ဂစီမံခန့်ခွဲမှုသင်တန်း
July 7, 2018
Inter-Regional Migration Agreement.
August 17, 2018

IndustriALL Asia Pacific Regional Conference

IWFM and MWFM attended IndustriALL Asia Pacific Regional Conference (1-4 July 2018, KL, Malaysia)
၂၀၁၈ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှ (၄) ရက်နေ့အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ကုန်ထုတ်၊ ဓာတု၊ စွမ်းအင်၊ တွင်းထွက်နှင့်အထွေထွေ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် IndustriALL ၏ အာရှ ပစိဖိတ်ဒေသဆိုင်ရာ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများ အဖွဲ့ချုပ် IWFM နှင့် မြန်မာနိုင်ငံ သတ္တုတွင်းအလုပ်သမားများအဖွဲ့ချုပ် MWFM သည် IndustriALL ၏ အဖွဲ့ဝင်အဖွဲ့အစည်းများ ဖြစ်ကြပါသည်။ IndustriALL ၏ ဒေသဆိုင်ရာ အစည်းအဝေးသို့ ဒေါ်ခိုင်ဇာအောင် (IWFM ဥက္ကဌ/ IndustriALL ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်) ၊ ဦးအေးမင်းသန့် (IWFM ဗဟိုကော်မတီဝင်/ ပဲခူးတိုင်း ဒေသကြီး ကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားအဖွဲ့အစည်း ဥက္ကဌ) ၊ ဦးစိုးမင်းလှိုင် (IWFM အဖွဲ့ဝင်/ လှိုင်သာယာမြို့နယ် လူသုံးကုန် (ပလပ်စတစ်) အဖွဲ့အစည်း ဥက္ကဌ) နှင့် ဒေါ်တင်တင်ဦး (MWFM အဖွဲ့ဝင်) တို့ တက်ရောက်ခဲ့ကြပါသည်။
ဇူလိုင်လ (၁) ရက်နေ့တွင် IndsutriALL ၏ ချည်မျှင်၊ အထည်၊ သားရေနှင့် ဖိနပ် လုပ်ငန်းကဏ္ဍအဖွဲ့ဝင်ကိုယ်စားလှယ်များ အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးတွင် အထည်ချုပ် ကဏ္ဍမှ အမျိုးသမီးများအခြေအနေ၊ လူငယ်များ ပါဝင်မှု၊ လုပ်ခလစာဆိုင်ရာ နည်းဗျူဟာများ၊ IndustriALL နှင့် Brands များ ချုပ်ဆိုသည့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် စာချုပ်GFA အသုံးပြု၍ အထည်ချုပ်ကဏ္ဍမှ အလုပ်သမားများ၏ လုပ်ငန်းခွင်အခြေအနေနှင့် အခွင့်အရေးများ မြင့်မားလာစေရန်ဆောင်ရွက်နိုင်မှု၊ စသည် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်။

ဇူလိုင်လ (၂) ရက်နေ့တွင် IndustriALL ၏ အမျိုးသမီး ညီလာခံကို ကျင်းပခဲ့ပြီး အမျိုးသမီးများအား IndustriALL ၏ အဖွဲ့ဝင်များအဖြစ် ပါဝင်လာစေရေး စည်းရုံးရန်၊ အမျိုးသမီးများ ခေါင်းဆောင်မှုကဏ္ဍတွင် ပါဝင်မှု ၄၀% အထိ ပါဝင်ရေး IndustriALL ၏ ဖွဲ့စည်းပုံတွင် ပြင်ဆင်ရေးဆွဲပြီးကြောင်း တင်ပြခြင်း၊ ထိုရည်ရွယ်ချက်အကောင်အထည်ဖော်ရေး ချမှတ်ထားသော လုပ်ငန်းစဉ်များ ရှင်းပြခြင်း၊ အဖွဲ့ဝင်အဖွဲ့အစည်းများမှ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စများ ဆွေးနွေးခဲ့ကြပါသည်။

ဇူလိုင် (၃-၄) ရက်နေ့များတွင် IndustriALL အထက်ပါအကြောင်းအရာများ ပိုမိုကျယ်ပြန့်စွာ ဆွေးနွေးခြင်း၊ ဒေသတွင်း အလုပ်သမား သမဂ္ဂများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ အောင်မြင်မှုများ ဆွေးနွေးခြင်း၊ အလုပ်သမားသမဂ္ဂများ ကြုံတွေ့နေရသည့် နည်းပညာတိုးတက်မှု၏ အကျိုးသက်ရောက်မှုများ၊ ထိုအကျိုးသက်ရောက်များကို ရင်ဆိုင်ရန်အတွက်ပြင်ဆင်နေသည့် IndustriALL မှ ဆောင်ရွက်ချက်များကို တင်ပြခြင်း၊ အပြန်အလှန်ဆွေးနွေးဖလှယ်ခြင်း၊ ဆိုင်ရာ ကိစ္စများကို ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *