All for Joomla All for Webmasters
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဖွဲ့စည်းခြင်း
CTUM ရုံးအဆောက်အအုံ ဆောက်လုပ်ရာတွင် အဖွဲ့ဝင်များ၏ ပါဝင်အားထုတ်မှု
February 3, 2017
Myanmar Tripartite delegation visit to the Federal Ministry of Labor and Social Affairs, Germany
February 22, 2017

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဖွဲ့စည်းခြင်း

အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဖွဲ့စည်းခြင်း
==================================================
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၂၃/ ၂၀၁၇
၁၃၇၈ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက်
(၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်)
အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဖွဲ့စည်းခြင်း
————————————————————————–
၁။ ၂၀၁၃ ခုနှစ်၊ အနည်းဆုံး အခကြေးငွေ ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (က) အရ အလုပ်သမားများ အတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရန် “အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသားကော်မတီ” ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည် –
(က) ဦးသိန်းဆွေ ဥက္ကဋ္ဌ
ပြည်ထောင်စုဝန်ကြီး
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန
(ခ) ဦးလှကျော် ဒုတိယဥက္ကဋ္ဌ (၁)
ဒုတိယဝန်ကြီး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
(ဂ) ဦးမျိုးအောင် ဒုတိယဥက္ကဋ္ဌ (၂)
အမြဲတမ်းအတွင်းဝန်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန
(ဃ) ဒေါက်တာခင်ဇော် အဖွဲ့ဝင်
အမြဲတမ်းအတွင်းဝန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
(င) ဦးဝင်းခန့် အဖွဲ့ဝင်
အမြဲတမ်းအတွင်းဝန်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
(စ) ဦးထွန်းထွန်းနိုင် အဖွဲ့ဝင်
အမြဲတမ်းအတွင်းဝန်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
(ဆ) ဦးရည်မွန် အဖွဲ့ဝင်
အမြဲတမ်းအတွင်းဝန်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
(ဇ) ဒေါ်အေးအေးဝင်း အဖွဲ့ဝင်
ညွှန်ကြားရေးမှူးချုပ်
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန
စက်မှုဝန်ကြီးဌာန
(ဈ) ဦးအောင်နိုင်ဦး အဖွဲ့ဝင်
ညွှန်ကြားရေးမှူးချုပ်
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္မဏီများညွှန်ကြားမှုဦးစီးဌာန
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
(ည) ဦးအောင်သွင်ဦး အဖွဲ့ဝင်
ညွှန်ကြားရေးမှူး
စားသုံးသူရေးရာဦးစီးဌာန
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
(ဋ) ဦးဝင်းဇော် အဖွဲ့ဝင်
ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း
အလုပ်သမားအဖွဲ့အစည်းကိုယ်စားလှယ်
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့
(ဌ ) ဦးနော်အောင် အဖွဲ့ဝင်
ကုန်ထုတ်လုပ်ငန်း
အလုပ်သမားအဖွဲ့အစည်းကိုယ်စားလှယ်
မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ
အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်
(ဍ) ဒေါ်ခိုင်ဇာအောင် အဖွဲ့ဝင်
ဝန်ဆောင်မှုလုပ်ငန်း
အလုပ်သမားအဖွဲ့အစည်းကိုယ်စားလှယ်
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့
(ဎ ) ဦးနိုင်သိန်းအောင် အဖွဲ့ဝင်
စိုက်ပျိုးရေးလုပ်ငန်း
အလုပ်သမားအဖွဲ့အစည်းကိုယ်စားလှယ်
မြန်မာနိုင်ငံတောင်သူလယ်သမား၊ စိုက်ပျိုးရေး၊ အလုပ်သမား နှင့် စားသောက်ကုန်ထုတ်လုပ်ငန်းပေါင်းစုံ
အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်
(ဏ) ဦးတင်မြင့် အဖွဲ့ဝင်
မွေးမြူရေးလုပ်ငန်း
အလုပ်သမားအဖွဲ့အစည်းကိုယ်စားလှယ်
ရေလုပ်သားအလုပ်သမားအဖွဲ့အစည်း
လပ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး
(တ) ဒေါ်ရင်ရင်ဝင်း အဖွဲ့ဝင်
ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း
အလုပ်ရှင်အဖွဲ့အစည်းကိုယ်စားလှယ်
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း
(ထ) ဒေါ်ခိုင်ခိုင်နွယ် အဖွဲ့ဝင်
ကုန်ထုတ်လုပ်ငန်း
အလုပ်ရှင်အဖွဲ့အစည်းကိုယ်စားလှယ်
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း
(ဒ) ဒေါ်ဝါဝါမင်း အဖွဲ့ဝင်
ဝန်ဆောင်မှုလုပ်ငန်း
အလုပ်ရှင်အဖွဲ့အစည်းကိုယ်စားလှယ်
မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း
(ဓ) ဦးလူမော်မြင့်မောင် အဖွဲ့ဝင်
စိုက်ပျိုးရေးလုပ်ငန်း
အလုပ်ရှင်အဖွဲ့အစည်းကိုယ်စားလှယ်
မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း
(န) ဒေါက်တာခင်လှိုင် အဖွဲ့ဝင်
မွေးမြူရေးလုပ်ငန်း
အလုပ်ရှင်အဖွဲ့အစည်း ကိုယ်စားလှယ်
မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်
(ပ) ဒေါက်တာဇော်ဦး အဖွဲ့ဝင်
Myanmar Development Resource Institute
(ဖ) ဒေါက်တာသန်းဝင်း အဖွဲ့ဝင်
ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန
(ဗ) ဦးစိန်လှ အဖွဲ့ဝင်
ညွှန်ကြားရေးမှူး (ငြိမ်း)
အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန
(ဘ) ဦးခင်မောင်ညို (ဘောဂဗေဒ) အဖွဲ့ဝင်
စီးပွားရေး သုတေသီ
(မ) ဒေါက်တာမျိုးမျိုးမြင့် အဖွဲ့ဝင်
Center for Economy, Environment and Society Myanmar
(ယ) ညွှန်ကြားရေးမှူးချုပ် အတွင်းရေးမှူး
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဌာန
(ရ) ဦးဝင်းရှိန် တွဲဖက်အတွင်းရေးမှူး
ညွှန်ကြားရေးမှူးချုပ်
အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဌာန
၂။ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့် များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးအတွက် အခြေခံသင့်သည် အချက်များနှင့် စပ်လျဉ်း၍ အမျိုးသားအဆင့်မူဝါဒများ ချမှတ်ခြင်း။
(ခ) အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးအတွက် သုတေသနပြုလုပ်ချက်နှင့် စစ်တမ်း များကို လေ့လာစိစစ်တွက်ချက်ပြီး အကြံပြုချက်များ တင်ပြနိုင်ရန် အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလုပ်သမားနှင့် အလုပ်ရှင်တို့၏ ကိုယ်စားလှယ် များနှင့် ကျွမ်းကျင်သူများပါဝင်သည့် ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီး ကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီများကို ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း။
(ဂ) အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးအတွက် သုတေသနပြုလုပ်ချက်နှင့် စစ်တမ်း များကို လေ့လာစိစစ်တွက်ချက်ပြီး အကြံပြုချက်များ တင်ပြရေးနှင့် စပ်လျဉ်း၍ ချမှတ် ထားသော အမျိုးသားအဆင့် မူဝါဒများနှင့်အညီ ပြည်ထောင်စု နယ်မြေကော်မတီ၊ တိုင်းဒေသကြီး ကော်မတီနှင့် ပြည်နယ်ကော်မတီများအား လမ်းညွှန်ခြင်း။
(ဃ) အနည်းဆုံးအခကြေးငွေ သတ်မှတ်ရာတွင် အခြေခံသင့်သည့် အချက်များနှင့် စပ်လျဉ်း၍ သုတေသနပြုလုပ်ခြင်း၊ စာရင်းစစ်တမ်းများ ကောက်ယူ၍ စိစစ်တွက်ချက်ခြင်း၊ စီမံကိန်းများနှင့် အစီအစဉ်များ ချမှတ်ခြင်း။
(င) အနည်းဆုံးအခကြေးငွေကို နိုင်ငံတစ်ဝန်းလုံးအတွက်သော် လည်းကောင်း၊ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်ဒေသအလိုက်သော်လည်းကောင်း၊ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်း အမျိုးအစားအလိုက်သော်လည်းကောင်း၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး နှင့် စပ်လျဉ်း၍ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီး ကော်မတီနှင့် ပြည်နယ်ကော်မတီများ၏ အကြံပြုချက်များကို လေ့လာ စိစစ်ပြီး ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေ ဥပဒေအခန်း (၆) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ် သင့်သည့် အဆိုပြု အနည်းဆုံးအခကြေးငွေ နှုန်းထားများကို အများပြည်သူ သိရှိစေရန် ထုတ်ပြန်ကြေညာခြင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အနည်းဆုံး အခကြေးငွေ နှုန်းထားများကို သတ်မှတ်၍ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်း။
(စ) ပုဒ်မခွဲ(င)အရ အမိန့်ကြော်ငြာစာ ထုတ်ပြန်မည့် အဆိုပြုအနည်းဆုံး အခကြေးငွေ နှုန်းထားများတွင် အလုပ်ကျွမ်းကျင်မှုအလိုက် အလုပ်ချိန် တစ်နာရီ၊ တစ်ရက်၊ ရက်သတ္တပတ်၊ တစ်လအတွက် အခကြေးငွေ သို့မဟုတ် အခြားအချိန်ပိုင်း အလုပ် တစ်ခုခုအတွက် အခကြေးငွေနှုန်းထားကို လုပ်ငန်းခွင်ဘေးအန္တရာယ် ရှိနိုင်မှု အလား အလာအပေါ် လေ့လာစိစစ်ပြီး ထည့်သွင်းဖော်ပြခြင်း။
(ဆ) အမျိုးသားကော်မတီ၏ အဆိုပြုအနည်းဆုံး အခကြေးငွေနှုန်းထားအပေါ် ကန့်ကွက်ချက် ရှိခဲ့လျှင် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီ၏ သုံးပွင့်ဆိုင် ကိုယ်စားလှယ်များဖြင့် ညှိနှိုင်းစေပြီး ပြန်လည် တင်ပြသည့် အနည်းဆုံး အခကြေးငွေ နှုန်းထားကို အမျိုးသား ကော်မတီ၏ သုံးပွင့်ဆိုင် ကော်မတီများဖြင့် စိစစ်၍ သတ်မှတ်သင့်သော အနည်းဆုံး အခကြေးငွေ နှုန်းထားကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခြင်း။
(ဇ) သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေ နှုန်းထားကို ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ၀န်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အမျိုးအစားအလိုက်သော်လည်းကောင်း၊ ဒေသအလိုက်သော် လည်းကောင်း အလုပ် ကျွမ်းကျင်မှုနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ရှိနိုင်မှုတို့ကို ခွဲခြား၍ ပြောင်းလဲလာသော အခြေအနေအရပ်ရပ်တို့နှင့်အညီ စိစစ်ပြီး နှစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် ပြင်ဆင် သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကြေညာခြင်း။
(ဈ) အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး၊ ပြန်လည်သုံးသပ်ရေးတို့နှင့် စပ်လျဉ်း၍ လိုအပ်သော လုပ်ငန်းကော်မတီများကို ဖွဲ့စည်းပြီးလုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း။
(ည) အမျိုးသားကော်မတီ၏ ပုံမှန်အစည်းအဝေးနှင့် အထူးအစည်းအဝေးများကို သတ်မှတ် ချက် များနှင့်အညီ ကျင်းပခြင်း။
(ဋ) အမျိုးသားကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို အခါအားလျော်စွာ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခြင်း။
၃။ နိုင်ငံတော်သမ္မတရုံး၏ ၂၀-၁၂-၂၀၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၉၁/၂၀၁၃ ကို ဤ အမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Leave a Reply

Your email address will not be published. Required fields are marked *