All for Joomla All for Webmasters
CTUM ရုံးအဆောက်အအုံ ဆောက်လုပ်ရာတွင် အဖွဲ့ဝင်များ၏ ပါဝင်အားထုတ်မှု
CTUMဆက်သွယ်ရေး ကော်မတီ အစည်းအဝေး
February 2, 2017
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဖွဲ့စည်းခြင်း
February 18, 2017

CTUM ရုံးအဆောက်အအုံ ဆောက်လုပ်ရာတွင် အဖွဲ့ဝင်များ၏ ပါဝင်အားထုတ်မှု

CTUM ရုံးအဆောက်အအုံဆောက်လုပ်ရာတွင် အဖွဲ့ဝင်များ၏ ပါဝင်အားထုတ်မှုများ

မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ရုံးခန်းအဆောက်အအုံကို ဒဂုံမြို့သစ်​အ​ရှေ့ပိုင်း ၁၅ ရပ်​ကွက်​ ၊ ကုန်း​ဘောင်​လမ်းနှင့်​စံပယ်​လမ်း​ထောင်​ အမှတ်​ ၃၈၄ တွင် ဆောက်လုပ်လျက်ရှိပါသည်။ ထို ရုံးခန်းသစ် ဆောက်လုပ်ရာတွင် CTUM အဖွဲ့ဝင်များ အလှူ ငွေ၊ လူအင်အားဖြင့် ကူညီပံ့ပိုးခြင်း၊ ရံပုံငွေ ရှာဖွေခြင်းလုပ်ငန်းစဉ်များနှင့် အဖွဲ့ဝင်များ၏ တက်ကြွစွာ ပူးပေါင်းပါဝင်မှုများစွာ ပါဝင်ပါသည်။ ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂)ရက်နေ့တွင် CTUM ရုံးပစ္စည်းများ ရွှေ့ပြောင်းနိုင်ရေးတွင် အသုံးပြုရန်အတွက် ယာဉ် (၂)စီးအား CTUM အဖွဲ့ချုပ်၏ ကဏ္ဍတစ်ခုဖြစ်သော မြန်မာနိုင်ငံသယ်ယူပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်- MTLTUF အဖွဲ့ချုပ် ဥက္ကဌ ဦးလှဌေးမှ ကူညီပံ့ပိုးခဲ့ပါသည်။ ဖေဖော်ဝါရီ (၃)ရက်နေ့တွင် လူအင်အား လာရောက်ကူညီပေးသောအဖွဲ့ဝင်ဖြစ်သည့် ရွှေပြည်သာမြို့နယ်ရှိ ကုန်တင်ကုန်ချအလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၊ တိုက်ကြီးမြို့နယ်ရှိ စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်ရှိ ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် တောင်ဒဂုံမြို့နယ်ရှိ စည်ပင်အလုပ်သမားသမဂ္ဂအဖွဲဝင်များသည် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *