All for Joomla All for Webmasters
ပြည်ပအလုပ်အကိုင်အေဂျင်စီထံမှ ၀န်ဆောင်ခ(၂၆)သိန်းကို ပြန်လည်ရရှိရေးအတွက် CTUM မှ ကူညီပေးခဲ့
လုပ်ငန်းခွင်တွင်ပြန်လည် လုပ်ကိုင် လိုသော အလုပ်သမား(၁၇)ဦးအား BWFM ကူညီဖြေရှင်း။
January 5, 2017
(၁၀၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (ILC) နှင့်ပါတ်သတ်သော ဗဟိုကော်မတီအစည်းအဝေး
January 14, 2017

ပြည်ပအလုပ်အကိုင်အေဂျင်စီထံမှ ၀န်ဆောင်ခ(၂၆)သိန်းကို ပြန်လည်ရရှိရေးအတွက် CTUM မှ ကူညီပေးခဲ့

ပြည်ပအလုပ်အကိုင်အေဂျင်စီထံမှ ၀န်ဆောင်ခ (၂၆)သိန်းကို ပြန်လည်ရရှိရေးအတွက် CTUM မှ ကူညီပေးခဲ့
(၂၀၁၇ခုနှစ်၊ ဇန်န၀ါရီလ၊ ၁၁ရက်)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်နေ အလုပ်သမားသုံးဦးသည် ဂျပန်သို့သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် မရမ်းကုန်းမြို့နယ်ရှိ ပြည်ပအလုပ်အကိုင် အေဂျင်စီအား ၂၀၁၆၊ မေလတွင် ၀န်ဆောင်ခ ကျပ်(၂၆)သိန်း ပေးအပ်ခဲ့ပါသည်။ သို့သော် ယခု ၂၀၁၇ခုနှစ်၊ ဇန်န၀ါရီလအထိ ဂျပန်သို့ သွားရောက်ရန် မလုပ်ဆောင်ပေးနိုင်သောကြောင့် ၄င်းတို့ ပေးခဲ့သည့် ၀န်ဆောင်ခအား ပြန်လည် တောင်းခံလိုကြောင်း CTUM ရွှေ့ပြောင်းအလုပ်သမားဌာနသို့ ၂၀၁၇ခုနှစ်၊ ဇန်န၀ါရီလ၊ (၈)ရက်နေ့တွင် ဆက်သွယ်တိုင်ကြားခဲ့ပါသည်။

ထိုကြောင့် ရွှေ့ပြောင်းအလုပ်သမားဌာနမှ တာဝန်ရှိသူများမှ ထိုပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်ဖြင့် ဆွေးနွေးမှု (၂)ကြိမ်ပြုလုပ်ခဲ့ပါသည်။ ထိုနောက်၂၀၁၇ခုနှစ်၊ ဇန်န၀ါရီလ၊ (၁၁)နေ့တွင် CTUM ရွှေ့ပြောင်းအလုပ်သမားဌာန အတွင်းရေးမှူး အဖွဲ့ဝင် ဒေါ်အေးသီတာဝင်းမှ အလုပ်သမား(၃)ဦးကိုယ်စား ဆွေးနွေးပေးကာ လုပ်ငန်းရှင်မှ ပြန်လည်ပေးအပ်သော စုစုပေါင်း ၀န်ဆောင်ခ ကျပ်(၂၆)သိန်းအား ကာယကံရှင် အလုပ်သမားများ ပြန်လည်အပ်နှံကူညီနိုင်ခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *